Galaxy S10 5G ဟာ ဒေါ်လာ ၁၂၀၀ ကျော် ရှိမည်

Samsung က Galaxy S10 5G ရဲ့ ဈေးကို မပြောသေးပါဘူး။ ဒါပေမယ့် တောင်ကိုရီးယားကနေ ထွက်လာတဲ့ သတင်းအရ 8/256GB Model ဟာ တောင်ကိုရီးယားမှာ ဝမ် ၁၃၉ သန်း ( ဒေါ်လာ ၁၂၂၀) လောက် ရှိမယ်လို့ သိရပါတယ်။ 512GB Model ကတော့ ဝမ် ၁၅၅ သန်း (ဒေါ်လာ ၁၃၆၀) ရှိမယ်လို့ ပြောပါတယ်။

သူ့ကို ဧပြီလ ၅ ရက်မှာ တောင်ကိုရီးယားမှာ ရောင်းချတော့မှာပါ။ Verizon ကလည်း အဲဒီနေ့မှာပဲ ကြိုတင်မှာယူခွင့်ပြုဖို့ စီစဉ်ထားပါတယ်။ ဧပြီလ ၁၆ ရက် မတိုင်ခင်မှာ ဝယ်ယူသူများဟာ Galaxy Buds , Wireless Charger များကို လက်ဆောင်ရရှိမှာပါ။ ပထမဆုံး တစ်နှစ်မှာ စကရင်လဲသူများဟာလည်း ၅၀ ရာခိုင်နှုန်း လျှော့ဈေးရရှိမှာပါ။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ပြီးရင် France, Germany, Italy, Spain, Switzerland, the United Kingdom တို့ကလည်း သူ့ကို ရောင်းချမှာ ဖြစ်ပါတယ်။ 5G Network ကို တည်ဆောက်ဖို့ အနည်းဆုံး Carrier ၈ ခုက ဆမ်ဆောင်းနဲ့ ပူးပေါင်းထားပါတယ်။ 5G ကွန်ရက်များဟာ Gigabit Speed အမြန်နှုန်းကို ပံ့ပိုးပေးနိုင်ပါတယ်။

Ref : gsmarena

Galaxy S10 5G ဟာ ဒေါ်လာ ၁၂၀၀ ကျော် ရှိမည်

%d bloggers like this: