0 Shares 208 Views

ဈေးပေါပြီးအတော်လေးကောင်းမွန်လာတဲ့တရုတ်ဖုန်းများ

Jan 11, 2016
0 208

Capture

သင့်အနေနဲ့ iPhone6S ဒါမှမဟုတ် Samsung Galaxy Note5 ကိုဝယ်ဖို့မတတ်နိုင်ဘူးဆိုရင်တော့ တရုတ်ဖုန်းတွေကိုရွေးချယ်တာကတော့ အသင့်တော်ဆုံးဖြစ်နိုင်ပါတယ်။

ZTE, Alcatel OneTouch နဲ့ Huawei တို့လို တရုတ်ဖုန်းတွေဟာ သင့်အတွက်ရွေးချယ်မှုကောင်းတွေဖြစ်လာနိုင်တယ်ဆိုတာ သက်သေပြဖို့အတွက် CES2016 ပွဲမှာကြိုးစားခဲ့ကြပါတယ်။ ဒီလိုနဲ့ ထိပ်တန်းအဆင့်စမတ်ဖုန်းတွေနဲ့ အလယ်အလတ်တန်းစားဖုန်းတွေအကြားမှာ ကွာဟချက်တွေတဖြည်းဖြည်း ကျဉ်းမြောင်းလာပါတယ်။ ကင်မရာအရည်အသွေး၊ ပရော်ဆက်ဆာအမြန်နှုန်း၊ စတဲ့အချက်တွေဟာ သိသာတဲ့ ဥပမာတွေဖြစ်ပါတယ်။ ဈေးနှုန်းသင့်တော်မှု ဆိုတဲ့အားသာချက်ကိုယူပြီး အရည်အသွေးကောင်းမွန်အောင်ကြိုးစားလာကြတာပါ။

Capture1

 

Alcatel ဟာ တရုတ်အခြေစိုက် TV နဲ့ အီလက်ထရောနစ်ပစ္စည်းတွေထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပြီး မျက်နှာပြင်အကျယ် ၃.၅လက်မကနေ ၆လက်မကြားရှိတဲ့ Pixi 4 ဆိုတဲ့ ဖုန်းစီးရီးကိုထုတ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒေါ်လာ ၁၄၀တန် Window 10 စမတ်ဖုန်း Fierce XL ကိုထုတ်လုပ်နိုင်တဲ့အထိ ခုန်တက်သွားခဲ့ပြီး နောက်ပိုင်းမှာ Window10 ဖုန်းတစ်မျိုးဖြစ်တဲ့ Superphone ဆိုတဲ့ ဖုန်းကို ကြေညာဖို့ရှိနေပါတယ်။

ZTE ကလဲ ဘတ်ဂျတ်ဖုန်းတစ်မျိုးဖြစ်တဲ့ Grand X3 ကိုဒေါ်လာ ၁၃၀ နဲ့ ကြေညာခဲ့ပြီး ဒေါ်လာ ၁၁၅ တန် Avid Plus ကိုလည်းကြေညာခဲ့ပါတယ်။

Huawei ကတော့ အမေရိကန်ကပွဲမှာ ဘာမှသိပ်မလုပ်ပြနိုင်ခဲ့ပါဘူး၊ Google နဲ့ ပေါင်းပြီးထုတ်လုပ်ခဲ့တဲ့ Nexus 6P ကိုတော့ ပွဲထုတ်ခဲ့ပါတယ်။ နောက်တစ်မျိုးအနေနဲ့ ဘက်ထရီသက်တမ်းကြာရှည်ခံ Huawei Mate 8 နဲ့ ကိုယ်ထည်တစ်ခုလုံး သတ္တုနဲ့ လုပ်ထားတဲ့ Honor 5X တို့ကိုသာ ထုတ်ပြန်ခဲ့တာပါ။

 

Ref: Cnet

You may be interested

Xiaomi က မတ်လမှာ Mi 7 နဲ့ Mi 7 Plus တို့ကို ကြေညာမယ်လို့ သတင်းထွက်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi က မတ်လမှာ Mi 7 နဲ့ Mi 7 Plus တို့ကို ကြေညာမယ်လို့ သတင်းထွက်

Ko Thuya - Dec 14, 2017

ရှောင်မီရဲ့ စီအီးအိုက Mi 7 ဟာ Qualcomm Snapdragon 845 Chipset ကို ရရှိမယ့် အစောဆုံး စမတ်ဖုန်းများထဲမှ တစ်လုံး ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ Mi 7 နဲ့ Mi 7 Plus…

သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိ ရေစိုခံသလဲ ? IP68, IP67 နဲ့ ရေစိုခံစံနှုန်းများကို ရှင်းပြခြင်း
Android, Apple, FEATURES
0 shares0 views

သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိ ရေစိုခံသလဲ ? IP68, IP67 နဲ့ ရေစိုခံစံနှုန်းများကို ရှင်းပြခြင်း

Ko Thuya - Dec 14, 2017

ဒီနေ့ခေတ် စမတ်ဖုန်းများဟာ ရေစိုခံတယ်လို့ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများက ကြော်ညာနေကြပါတယ်။ ဒါပေမယ့် ရေစိုခံစံနှုန်းများစွာ ရှိတဲ့အတွက် သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိရေစိုခံသလဲဆိုတာ လေ့လာထားဖို့ လိုအပ်ပါတယ်။ IP ရဲ့ အဓိပ္ပါယ် IP ရဲ့ အရှည်ဟာ Ingress Protection ဖြစ်ပြီး…

S Pen ဗားရှင်းနဲ့အတူ Samsung Notebook 9 (2018) ထွက်ရှိလာ
NEWS, Pc & Laptops
176 shares359 views

S Pen ဗားရှင်းနဲ့အတူ Samsung Notebook 9 (2018) ထွက်ရှိလာ

Nwe Oo - Dec 14, 2017

Samsung ကတော့ အရမ်းကို ပါးလွှာတဲ့ Ultrabook ပိုင်းကိုသွားနေပါပြီ။ 13.3” version နဲပ Samsung Notebook 9 (2018) က 995g (2.19lbs) လေးပြီး သူ့ထက်ပိုကြီးတဲ့ 15” မော်ဒယ်လ်ကတော့ 1,250g (2.76lbs) ပဲ…

Leave a Comment

Most from this category