Popco F1 ဖုန်းက ‘Mint Launcher’ Play Store ပေါ် ရောက်ရှိ

Android ဖုန်းကုမ္ပဏီ တော်တော်များများဟာ မူရင်း Android OS ပေါ်မှာ ကိုယ်ပိုင် custom UI တွေ အသုံးပြုကြတာ သိပြီးဖြစ်ကြမှာပါ။ Xiaomi ဖုန်းတွေက MIUI ဟာ features စုံလင်ပေမယ့် ဒီဇိုင်းကတော့ Stock Android နဲ့ တော်တော်ကြီး ကွာခြားမှု ရှိပါတယ်။

POCOPHONE F1 ကို ထုတ်တဲ့အခါမှာတော့ Xiaomi ဟာ App Drawer တွေ၊ စုံလင်တဲ့ Themes တွေနဲ့ App တွေကို အမျိုးအစားအလိုက်သာမက App icon ရဲ့ အရောင်နဲ့ပါ အုပ်စုခွဲပြနိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါတဲ့ POCO Launcher ကို ဖန်တီးပေးခဲ့ပါတယ်။ Stock Android ဆန်ဆန် အရသာကို ဖုန်းရဲ့ Home Screen မှာ ခံစားရမှာပါ။ MIUI ရဲ့ System Launcher ကို မကြိုက်တဲ့ ကျနော့်အတွက် POCO Launcher က တကယ် အသုံးဝင်ခဲ့ပါတယ်။ ယခုအခါမှာတော့ POCO Launcher က လုပ်ဆောင်ချက်တွေ တော်တော်များများကို ထည့်သွင်းပေးထားတဲ့ Mint Launcher ကို Xiaomi က Play Store ပေါ် တင်ပေးလိုက်ပါပြီ။

စိတ်မကောင်းစရာတခုက လောလောဆည်မှာတော့ Mint Launcher ကို စမတ်ဖုန်းအနည်းငယ်နဲ့ပဲ သုံးလို့ရပါသေးတယ်။ ကျနော့် Mi 6 မှာလည်း သုံးလို့ မရသေးပါဘူး။ ဒါပေမယ့် စမ်းသပ်ချင်သပဆိုရင် third-party store ကနေ APK file ကို ဒေါင်းလုဒ်ဆွဲကာ Android 5.0 Lollipop နဲ့ အထက် စမတ်ဖုန်းတိုင်းမှာ စမ်းသုံးကြည့်နိုင်ပါတယ်။

Download Min Launcher from APKMirror here

POCO Launcher ရဲ့ အဓိက feature တခုဖြစ်တဲ့ App တွေကို color နဲ့ group ခွဲတာမျိုးတော့ Mint မှာ မပါသေးပါဘူး။ ဒါပေမယ့် MIUI ရဲ့ အသွင်အပြင်ကို ငြီးငွေ့နေပြီး ပေ့ါပေါ့ပါးပါးနဲ့ မျက်စိပိုရှင်းတဲ့ Stock Android ဆန်ဆန် Launcher တခု ရှာနေသူတွေ အကြိုက်တွေ့မှာပါ။

Ref: Gizchina

Popco F1 ဖုန်းက ‘Mint Launcher’ Play Store ပေါ် ရောက်ရှိ

%d bloggers like this: