Samsung က ကျန်းမာရေးကို မျက်ခြေမပြတ်စောင့်ကြည့်ပေးမယ့် Gear Fit 2 ကို မကြာမီ မိတ်ဆက်မည်

Samsung ကတော့ အသုံးပြုသူရဲ့ ကျန်းမာရေးအခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်ပေးမယ့် fitness tracker တစ်ခုကို မကြာခင်မှာ ထုတ်လုပ်ဖြန့်ချိတော့မယ်လို့ သိရပါတယ်။

ဒီ fitness tracker ကိုတော့ Gear Fit 2  လို့ နာမည်ပေးထားပြီး ထည့်သွင်းရမယ့် နည်းပညာပိုင်းအားလုံးကိုတော့ Samsung က လက်စသတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ထုတ်လုပ်ဖို့သာ ကျန်ရှိတောတဲ့  Gear Fit 2  မှာတော့ ခန္ဒာကိုယ်ရဲ့ ကျန်းမာရေးအခြေအနေကို ဘက်စုံထောင့်စုံကနေ စောင့်ကြည့်ပေးနိုင်မယ့် နည်းပညာတွေကို chip တစ်ခုတည်းမှာ ထည့်သွင်းထားတာပါ။

Gear Fit 2  ဟာဆိုရင်တော့ ၂၀၁၄ တုန်းက ထွက်ရှိခဲ့တဲ့ Gear Fit ရဲ့ နောက်ထပ်မျိုးဆက်တစ်ခုဖြစ်ပြီး ဇီဝလုပ်ငန်းစဉ်တွေကိုပါစောင့်ကြည့်ပေးနိုင်တဲ့ ပထမဆုံး  fitness tracker တစ်ခုဖြစ်လာဖွယ်ရှိနေပါတယ်။ ကိုယ်တွင်း ဇီဝလျှပ်စစ်စီးကြောင်း ခွဲခြမ်းစိတ်ဖြာမှု (BIA) , ကိုယ်တွင်းအင်္ဂါတွေရဲ့ ထုထည်ကိုတိုင်းတာပေးမယ့် နည်းပညာ (PPG) , နှလုံးလျှပ်စစ်စီးကြောင်းကို တိုင်းထွာမယ့် နည်းပညာ(ECG) နဲ့ ခန္ဒာကိုယ်အပူချိန်တိုင်းတာပေးမယ့်နည်းပညာတို့ကို Gear Fit 2   က chip တစ်ခုတည်းနဲ့ လုပ်ဆောင်သွားမှာပါ။

GPS စနစ် build-in ပါဝင်ပြီး နှလုံးခုန်နှုန်း ၊ ခန္ဒာကိုယ်အဆီ ပမာဏ ၊ လမ်းလျှောက်ထားတဲ့အကွာအဝေး ၊ ခန္ဒာကိုယ်အပူချိန်တွေကို ဒီ Gear Fit 2  က အတိကျဆုံးတိုင်းတာပေးမှာပါ။

အခုလို chip တစ်ခုတည်းနဲ့ လုပ်ဆောင်သွားမှာဖြစ်တာကြောင့် စွမ်းအင်သုံးစွဲမှုအားနည်းပြီး ကြာကြာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ၂၀၁၆ နှစ်လယ်အတွင်းမှာ ဒီနာရီကို မိတ်ဆက်မယ်လို့ ဆိုပြီး ဈေးနှုန်းကတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

 

Ref : Android Authority

 

%d bloggers like this: