OPPO က တန်ဖိုးနည်း A5s ကို ကြေညာ

OPPO A5 ရဲ့ အမွှာတစ်ယောက် ထွက်ပေါ်လာပါတယ်။ သူကတော့ OPPO A5s ဖြစ်ပါတယ်။ အချို့ နိုင်ငံများမှာ သူ့ကို AX5 , AX5s အမည်များနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ AX5 မှာ Helio P35 နဲ့ AX5s မှာ Snapdragon 450 Chipset များ ထည့်သွင်းထားပါတယ်။ Chipset ၂ ခုစလုံုးမှာ Cortex-A53 CPU များ ပါပေမယ့် Helio က Clockspeed ပိုမြင့်ပါတယ်။

အခြား အစိတ်အပိုင်းများက တူညီကြပါတယ်။ OPPO A5s မှာ ၆.၂ လက်မ IPS 720x1520p Display ထည့်သွင်းထားပါတယ်။ အရွယ်သေး Notch ပါလာပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပြီး အနောက်ကင်မရာ ၂ လုံးမှာ 13+2MP များ ဖြစ်ပါတယ်။

OPPO A5s မှာ Android 8.1 Oreo အခြေပြု Color OS 5.2 မောင်းနှင်ထားပါတယ်။ မန်မိုရီ အပိုင်းမှာတော့ တူညီကြပါတယ်။ 3GB RAM , 64GB Internal Storage များ ထည့်သွင်းထားပါတယ်။ ဘက်ထရီကလည်း မပြောင်းလဲဘဲ 4230mAh Battery ထည့်ထားပါတယ်။ OPPO A5s ကို အနက်နဲ့ အနီရောင်များ ထုတ်လုပ်ပေးထားပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် ရက်ကို မသိရသေးပါဘူး။

Ref : gsmarena

OPPO က တန်ဖိုးနည်း A5s ကို ကြေညာ

%d bloggers like this: