Vivo မှ V15 အားမိတ်ဆက်ခြင်း ကြိုတင်မှာယူခြင်းဖြင့် အထူးလက်ဆောင်ပစ္စည်းရရှိနိုင်ပါသည်

ဆန်းသစ်လှပသည့် Vivo V15 Pro စမတ်ဖုန်းကို မိတ်ဆက်ပြီးသည့်နောက် Vivo Myanmar မှ Vivo V15 ကို ထပ်မံ ဖြန့်ချီတော့မည်ဖြစ်သည်။ ယခင် V15Pro ကဲ့သို့ ဆန်းသစ်လှပသော မြင့်တက်ပွင့်ထွက်လာသည့် ရှေ့ကင်မရာ၊ ၆.၅၃ လက်မ ရှိမှန်သားပြင်အပြည့်မျက်နှာပြင် နှင့် နောက်ကင်မရာ ၃လုံးပါဝင်သည့်အပြင် Battery မှာလည်း V15Pro ထက်ပိုမိုများပြားသော 4000 mAh battery ပါဝင်မည်ဟု သိရသည်။

ဈေးနှုန်းအနေဖြင့် V15Pro ထက် ၁သိန်းခန့် ပိုမိုသက်သာမည်ဟု ခန့်မှန်းသတင်းများလည်း ရရှိထားသည်။ Vivo V15 တွင် ရရှိနိုင်သော အရောင်များမှာ Topaz Blue နှင့် Glamour Red တို့ဖြစ်ပြီး Glamour Red အရောင် မှာ Vivo V15 တွင်သာ ရရှိနိုင်သော အရောင်ဖြစ်ကြောင်းသိရသည်။ V15 စမတ်ဖုန်းများကို မတ်လ (၁၉.၃.၂၀၁၉) မှ (၂၅.၃.၂၀၁၉) အထိ နီးစပ်ရာ Vivo အရောင်းဆိုင်များတွင် Pre-order မှာယူနိုင်မည် ဖြစ်သည်။ ကြိုတင်မှာယူထားသူများအား Vivo မှ ခရီးဆောင်အိတ်များ မေတ္တာလက်ဆောင်ပေးအပ်သွားမည်ဟုလည်း သိရသည်။

Vivo V15အား အသေးစိတ်လေ့လာလိုပါက http://www.vivo.com/mm/products/v15 တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Vivo အကြောင်း

ကောင်းမွန်ပြည့်စုံသော အသံအရည်အသွေး နှင့် နောက်ဆုံးပေါ်နည်းပညာများကို အခြေခံဖန်တီးကာ အကောင်းတကာ့အကောင်းဆုံး ဓာတ်ပုံကို ရရှိနိုင်စေရန်အတွက် အထူးအလေးထားဆောင်ရွက်သော ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော Vivo သည် ငယ်ရွယ်သူ သုံးစွဲသူပရိတ်သတ်များအတွက် တီထွင်ဆန်းသစ်ပြီး စတိုင်လ်ကျသော ဖုန်းများကို မိတ်ဆက်ပေးလျက်ရှိသည်။

Vivo သည် ယခုလက်ရှိတွင် သုံးစွဲသူအရေအတွက်ပေါင်း သန်း ၂၀၀ ကျော်ရှိပြီး ကမ္ဘာအနှံ့ရှိ လူငယ်များ၏ အလေးပေးရွေးချယ်ခြင်း ခံရသော အမှတ်တံဆိပ်များထဲမှ တစ်ခုဖြစ်သည်။ FIFA World CupTM ၏ အဓိကစပွန်ဆာအဖြစ် တာဝန်ယူထားသော Vivo သည် လူငယ်လူရွယ်များအနေဖြင့် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများ နှင့် သွက်လက်သော နေထိုင်မှုဘဝပုံစံကို ဖော်ထုတ်ပြသခြင်း၏ အရေးကြီးပုံကိုလည်း နားလည်လက်ခံယုံကြည်ထားသည်။

ကမ္ဘာနှင့်အဝန်းတွင် Vivo ၏ မိုဘိုင်းလ်ဖုန်းများနှင့် ဝန်ဆောင်မှုများကို သဘောကျသုံးစွဲနေသူပေါင်း သန်း ၂၀၀ ကျော်ခန့်ရှိသည်။ Vivo အနေဖြင့် တစ်ကမ္ဘာလုံးရှိ ဈေးကွက်ပေါင်း ၁၈ ခုတွင် ရပ်တည်လုပ်ကိုင်လျက်ရှိပြီး မြို့ပေါင်း ၁၀၀၀ ကျော်တွင်လည်း အရောင်းဆိုင်ပေါင်းများစွာရှိသည်။

Vivo ၏ တီထွင်ဆန်းသစ်မှုရှိသော စမတ်ဖုန်းများအကြောင်းကို ပိုမိုသိရှိလိုပါက https://www.vivo.com/mm တွင် ဝင်ရောက်လေ့လာ နိုင်သည်။

#VivoMyanmar

{Unicode}

%d bloggers like this: