0 Shares 31 Views

Apple Music ကို လစဉ်ကြေးပေးပြီးအသုံးပြုသူပေါင်း ၁၀ သန်းအထိ ရောက်ရှိ

Apple

Apple Music ကို ထုတ်လွှင့်ပြီး ပထမဆုံးခြောက်လအတွင်းမှာပဲ လစဉ်ကြေးသွင်းပြီးအသုံးပြုသူပေါင်း ၁၀ သန်းအထိ ရောက်ရှိသွားပြီဖြစ်တယ်လို့ Financial Times နေ့ စဉ်သတင်းစာက ဖော်ပြလိုက်ပါတယ်။ ပြိုင်ဘက် music-streaming ၀န်ဆောင်မှုဖြစ်တဲ့ Spotify ဟာ ဒီပမာဏရောက်ဖို့ အတွက်  ခြောက်နှစ်တာကြာခဲ့ပေမယ့် Apple Music ကတော့ ခြောက်လအတွင်း မှတ်ကျောက်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

Apple Music ၀န်ဆောင်မှုကို တစ်ကမ္ဘာလုံးမှာ သုံးစွဲမှုအများဆုံးဖြစ်တဲ့ Android စနစ်မှာလည်း အသုံးပြုလို့ ရအောင် Apple က ထုတ်ပေးပြီးနောက် နှစ်လမပြည့် ခင်မှာပဲ အခုလို လစဉ်ကြေးပေးသုံးစွဲသူပေါင်း ၁၀ သန်းရောက်ရှိခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလက Apple ရဲ့ CEO ဖြစ်သူ Tim Cook ကလည်း Apple Music ကို ဂျွန်လမှာထုတ်ခဲ့ပြီးနောက် လေးလအတွင်းမှာ တစ်လ-ဆယ်ဒေါ်လာတန် ဂီတထုတ်လွှင့်ဝန်ဆောင်မှုရယူဖို့ စာရင်းပေးထားသူပေါင်း ၆.၅ သန်းကျော်ရှိနေပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။

Apple Music နဲ့ လစဉ်ကြေးတူတူပဲကျသင့်တဲ့ Spotify ကို ယခုအခါ ငွေသွင်းအသုံးပြုသူပေါင်း သန်း ၂၀ ရှိနေပြီဖြစ်ပြီး အခမဲ့ နားထောင်သူပေါင်း ၇၅ သန်းကျော်ရှိနေပါတယ်။ လန်ဒန်အခြေစိုက် ဂီတ၀န်ဆောင်မှု Spotify ကို ၂၀၀၈ ခုနှစ်နှောင်းပိုင်းမှာ စတင် ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ၂၀၁၄ အလယ်လောက်မှာ ငွေသွင်းအသုံးပြုသူ ၁၀ သန်းရောက်ရှိခဲ့တာဖြစ်ပါတယ်။

ယခုနှစ်တွေအတွင်းမှာ အွန်လိုင်းဂီတထုတ်လွှင့်ဝန်ဆောင်မှု (streaming music service) ဟာ ခေတ်စားလာခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က streaming ၀န်ဆောင်မှုတွေကို ၀င်ရောက်နားထောင်မှုပေါင်းဟာ အမေရိကန်ပြညိထောင်စုမှာတင် ၁၄၅ ဘီလီယံအထိရှိခဲ့ပါတယ်။

Apple ရဲ့ iTunes Store ကနေ ၀ယ်ယူနားထောင်တဲ့သီချင်းတွေနဲ့ ၊ နားထောင်သူအကြိုက်ဂီတပုံစံအပေါ်မူတည်ပြီး Apple Music က နားထောင်သူအတွက် သီချင်းအညွှန်းတွေပေးစွမ်းနိုင်ပါတယ်။ ဒီ့အပြင်ကြိုက်နှစ်သက်ရာဂီတအမျိုးအစားကို ရွေးချယ်နားထောင်နိုင်ကာ သီချင်းအပုဒ်ရေပေါင်း သန်း ၃၀ လောက်ရှိပါတယ်။ Apple Music မှာဝန်ဆောင်မှုမှာ ရေဒီယိုလိုင်း Beats 1 နဲ့ ပရိတ်သတ်တွေနဲ့ အနုပညာရှင်တွေ ဆက်သွယ်နိုင်တဲ့ Connect ဆိုတဲ့ ၀န်ဆောင်မှုဆိုပြီး ၀န်ဆောင်မှုနှစ်မျိုးပါ ပါရှိပါတယ်။

Ref: cnet

You may be interested

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
0 shares0 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ
Apple, Mobiles & Tablets, NEWS
825 shares149 views

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ

Nigma - Jan 15, 2019

(Zawgyi) iPhone Xs ၊ Xs Max နဲ့ iPhone Xr တို့မှာ Qualcomm modem တွေ သုံးချင်ခဲ့ပေမယ့်၊ Qualcomm က Chip မရောင်းခဲ့ကြောင်း Apple က ပြောကြားခဲ့ပါတယ်။ Qualcomm ရဲ့…

Redmi Note 7 ပထမအသုတ် ၈ မိနစ်အတွင်း ရောင်းကုန်
Mobiles & Tablets, NEWS, Xiaomi
2316 shares367 views

Redmi Note 7 ပထမအသုတ် ၈ မိနစ်အတွင်း ရောင်းကုန်

Nigma - Jan 15, 2019

(Zawgyi) သီးခြား Brand အဖြစ် ခွဲထွက်လိုက်ပြီဖြစ်တဲ့ Redmi ရဲ့ ထုတ်ကုန်မန်နေဂျာက ဇန်နဝါရီလအကုန်မှာတင် Redmi Note 7 အလုံးရေ တသန်းအထိ ရောင်းချနိုင်ဖို့ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒီနေ့ကတော့ Redmi Note 7 ဖုန်းကို ပထမဆုံးအကြိမ် အွန်လိုင်းကနေ…

Leave a Comment

Most from this category