0 Shares 370 Views


Mar 17, 2019
0 370
















ref : android pit

[Unicode]

Mobile Data မလိုဘဲ အသုံးပြုနိုင်တဲ့ အကောင်းဆုံး Android App များ

အခမဲ့ ဝိုင်ဖိုင် မရလို့ပဲ ဖြစ်ဖြစ် ၊ မိုဘိုင်းဒေတာ သက်သာစေဖို့ပဲ ဖြစ်ဖြစ်၊ အင်တာနက်လိုင်း မမိတဲ့ နေရာရောက်နေလို့ပဲ ဖြစ်ဖြစ် Offline အသုံးပြုနိုင်တဲ့ Android Apps များစွာ ရှိပါတယ်။ အဲဒီအတွက် အကောင်းဆုံး Offline Android Apps များကို ဖော်ပြပေးလိုက်ပါတယ်။

Best Offline News App : FeedMe

FeedMe က RSS Reader ဖြစ်ပြီး Feedly , InoReader, Bazqux, The Older Reader , Feedbin စတဲ့ RSS Reader များမှ သတင်းများကို ပြသပေးနိုင်ပါတယ်။ အဲဒီ RSS Reader များထက် ကောင်းမွန်တဲ့ သူ့ရဲ့ အားသာချက်က Offline ပြသပေးခြင်းပါ။ ဝိုင်ဖိုင် မိနေတဲ့ အချိန်မှာ သူက သတင်းအားလုံးကို ဒေါင်းလုပ်လုပ်ထားပြီး Offline ဖြစ်နေတဲ့ အချိန်မှာ သူက ပြသပေးတာ ဖြစ်ပါတယ်။

Best Offline Travel App : TripAdvisor Hotels Restaurants

TripAdvisor ရဲ့ Hotels Restaurants App မှာ နိုင်ငံပေါင်း ၃၀၀ ကျော်ရဲ့ မြေပုံများ၊ ဓါတ်ပုံများနဲ့ အဲဒီနိုင်ငံများကို ခရီးသွားခဲ့သူများရဲ့ ဝေဖန်သုံးသပ်ချက်များကို ဒေါင်းလုပ်လုပ်ထားနိုင်ပြီး Offline ကြည့်ရှုနိုင်ပါတယ်။

Best Offline Documents App: Google Drive

Google Drive ဟာ အကောင်းဆုံး Cloud Storage Service ဖြစ်ပြီး သင့်ရဲ့ ဖုန်းမှ ဖိုင်များကို အွန်လိုင်းမှာ သိမ်းထားနိုင်ပါတယ်။ ဒါ့အပြင် သူ့မှာ ဖိုင်များကို Offline ကြည့်ရှုနိုင်တဲ့ စွမ်းဆောင်ချက်လည်း ပါရှိပါတယ်။

Best Offline App For Saving Things For Later : Pocket

Pocket ဟာ Play Store ရဲ့ အကောင်းဆုံး Offline Reading Apps ဖြစ်ပါတယ်။ သတင်း၊ ဆောင်းပါးများ၊ ဗီဒီယိုများကို သိမ်းဆည်းထားပြီး နောက်ပိုင်းမှ Offline ကြည့်ရှုနိုင်ပါတယ်။

Best Offline Dictionary App : Offline Dictionaries

Offline Dictionaries ဟာ ဘာသာစကား ၅၀ ကျော်ကို ထောက်ပံ့ပေးပါတယ်။ သင် အလိုရှိတဲ့ ဘာသာစကားကို ဒေါင်းလုပ်လုပ်ထားနိုင်ပြီး Offline ကြည့်ရှုနိုင်ပါတယ်။

Best Offline Translation App : Google Translate

Google Translat ဟာ ဘာသာစကားပေါင်း ၉၀ ကျော် အကြားမှာ ဘာသာပြန်ပေးနိုင်ပါတယ်။ သူ့ရဲ့ အဓိက စွမ်းဆောင်ချက်က Offline အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ သင် ဘာသာပြန်ချင်တဲ့ ဘာသာစကားကို ဒေါင်းလုပ်ထားရုံပါပဲ။

Best Offline Map App : Google Maps

Google Maps နောက်ထုတ် ဗားရှင်းမှာ Offline Areas Tab ပါလာပြီး သင်နှစ်သက်တဲ့ တည်နေရာများကို Offline ကြည့်နိုင်ပါတယ်။ တည်နေရာ လမ်းညွှန်မှု အပါအဝင် မြို့တစ်ခုလုံးကိုတောင် ဒေါင်းလုပ်လုပ်ထားနိုင်ပါတယ်။

ref : android pit

You may be interested

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares15 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

Leave a Comment

Most from this category