0 Shares 88 Views
Mar 17, 2019
0 88
Ref : digitaltrends
[Unicode]
Patent များ ယူသုံးထားလို့ Apple က Qualcomm အား လျော်ကြေး ဒေါ်လာ ၃၁ သန်းပေးဖို့ တရားရုံး အမိန့်ချ
Qualcomm ဟာ Android Phone Company များသာမက Apple iPhone များအတွက် ပရော်ဆက်ဆာနဲ့ မိုဒမ်များကို ထုတ်လုပ်ရောင်းချပေးခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ Apple နဲ့ Qualcomm တို့ဟာ ခွာပြဲလာကြပြီး အပြန်အလှန် တရားစွဲဆိုထားကြပါတယ်။ Apple က ပြီးခဲ့တဲ့ နှစ်များ ကတည်းက Intel Chip များကို အစားထိုး အသုံးပြုခဲ့ပါတယ်။ Apple နဲ့ ှQualcomm တို့ရဲ့ အမှုကလည်း ဇာတ်လမ်းတော်တော် ရှည်နေပါပြီ။ Qualcomm က သူ့ရဲ့ Patent များကို Apple က အခကြေးငွေ မပေးဘဲ ကူးယူ အသုံးပြုတယ်လို့ ပြောပါတယ်။ Apple က Qualcomm ဟာ မူပိုင်ကြေးများကို တိုးမြှင့်တယ်လို့ စွပ်စွဲထားပါတယ်။
အခုတော့ ဆန်ဒီယေဂို တရားရုံးက အိုင်ဖုန်းမှာ Qualcomm ရဲ့ Patent ၃ ခုကို ယူသုံးထားတဲ့ အတွက် Apple မှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ Patent များ ယူသုံးထားလို့ Apple က Qualcomm အား လျော်ကြေး ဒေါ်လာ ၃၁ သန်းပေးဖို့ တရားရုံး အမိန့်ချလိုက်ပါတယ်။ Apple ထံကနေ သူလိုချင်တဲ့ လျော်ကြေး ပမာဏ အပြည့်ကို Qualcomm က ရလိုက်တာ ဖြစ်ပါတယ်။
Qualcomm ပိုင်ဆိုင်တဲ့ Patent ၃ ခု ထဲမှ ၁ ခုက App များက ဒေတာကို လျှင်မြန်စွာ ဒေါင်းလုပ်လုပ်နိုင်အောင် စီမံခန့်ခွဲတာ ဖြစ်ပါတယ်။ နောက်တစ်ခုမှာ မိုဘိုင်းဒေတာ ဖွင့်လိုက်တာနဲ့ အင်တာနက်ကို အမြန်ဆုံး ချိတ်ဆက်နိုင်တာ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုက ဘက်ထရီ သက်သာစေတာ ဖြစ်ပါတယ်။
Ref : digitaltrends
You may be interested
OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares0 views
OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Ko Thuya - May 26, 2019
OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…
မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares15 views
မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
Nigma - May 25, 2019
Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…
မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views
မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Nigma - May 25, 2019
အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…
Leave a Comment
Most from this category