0 Shares 57 Views


Mar 17, 2019
0 57





Ref : gsmarena

[Unicode]

Huawei P30 Pro မှာ Samsung ရဲ့ OLED Screen များကို သုံးထားမည်

တရုတ် လူမှုကွန်ရက် ဝီဘိုကနေ ထွက်လာတဲ့ သတင်းအရ Huawei P30 Pro မှာ Samsung ရဲ့ OLED Screen များကို သုံးဖို့ ကုမ္ပဏီ ၂ ခု သဘောတူညီမှု ရထားပြီးပြီလို့ သိရပါတယ်။ ဆမ်ဆောင်းရဲ့ AMOLED Display ကို P30 မှာလည်း ထည့်သွင်းထားနိုင်ပါတယ်။ ဒီလ ၂၆ ရက်မှာ P30 Series များကို ပဲရစ်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။

သတင်းများအရ Huawei P30 Lite မှာ Android 9.0 Pie ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Huawei ရဲ့ Kirin 710 Chipset မောင်းနှင်ထားနိုင်ပါတယ်။ သူ့မှာ 18W Charger ပါလာနိုင်ပါတယ်။ Nova 4 လိုပဲ အနောက်ဘက်မှာ ကင်မရာ သုံးလုံး ပါလာနိုင်ပါတယ်။ 20+16+2MP Triple Camera လို့ သတင်းထွက်နေပါတယ်။

P30 နဲ့ P30 Pro တို့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်ခဲ့ဖူးပါတယ်။ P30 Series များမှာ FullHD Diplay နဲ့ Android 9 Pie ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ Huawei P30 Phone များရဲ့ လျှို့ဝှက် အမည်များက ဖက်ရှင်ဆန်ပါတယ်။ Elle, Vogue နဲ့ Marie Claire တို့ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ နောက်ဆုံး တစ်လုံးက Huawei P30 Lite ဖြစ်နိုင်ပါတယ်။ အဲဒီ ဖုန်းရဲ့ ဘရောက်စာမှ User Agent Profile အရ သူ့မှာ 1080x2312p Resolution Display ထည့်သွင်းထားမယ်လို့ သိရပါတယ်။ မျက်နှာပြင် အချိုးမှာ 19.3:9 ဖြစ်မှာပါ။

သူ့မှာ Teardrop Notch လည်း ပါလာမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဓါတ်ပုံများလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။ မျက်နှာပြင် အရွယ်အစားက ၆ လက်မ ဖြစ်ပြီး အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားပါတယ်။ စွမ်းရည်မြင့် P30 Model များမှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါလာနိုင်ပါတယ်။

Ref : gsmarena

You may be interested

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares15 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

Leave a Comment

Most from this category