0 Shares 506 Views

Samsung Galaxy Fold ေစ်း ရဲ႕ ထက္၀က္သာ ရွိမယ့္ Xiaomi ရဲ႕ ေခါက္ခ်ိဳး ဖုန္း

Mar 17, 2019
0 506

Samsung Galaxy Fold ဟာ ၁၉၈၀ ေဒၚလာနဲ႔ Huawei Mate X ဟာ ၂၆၀၀ ေဒၚလာေလာက္ က်သင့္ပါတယ္။ Xiaomi ရဲ႕ ေခါက္ခ်ိဳး ဖုန္းကေတာ့ ၉၉၉ ေဒၚလာေလာက္သာ ရွိတဲ့ အတြက္ Galaxy Fold ေစ်းရဲ႕ ထက္၀က္ေလာက္သာ ရွိပါမယ္လို႔ iGyaan က ေဖာ္ျပထားပါတယ္။ ေရွာင္မီရဲ႕ ဖုန္းကို Mi Fold or Mi Flex လို႔ အမည္ေပးထားမွာ ျဖစ္ၿပီး ဒုတိယ ကြာတားျဖစ္တဲ့ ဧၿပီလနဲ႔ ဇြန္လအတြင္းမွာ ေရာင္းခ်ႏုိင္ပါတယ္။ ဒီလို ေစ်းသက္သာရျခင္းမွာ Visionox Technology က ထုတ္တဲ့ OLED Display မ်ားကို အသံုးျပဳထားလို႔ ျဖစ္တယ္လို႔ သတင္းက ေဖာ္ျပထားပါတယ္။

Xiaomi ရဲ႕ ေခါက္ခ်ိဳး ဖုန္း ဗီဒီယို တစ္ခု ဇန္န၀ါရိလက ထြက္ေပၚလာပါတယ္။ ဗီဒီယိုမွာ ကုမၸဏီရဲ႕ ပူးတြဲ တည္ေထာင္သူနဲ႔ စီအီးအို ျဖစ္သူ လင္ဘင္က ဖုန္းကို အသံုးျပဳေနတာကို ျပသထားပါတယ္။ ေရွာင္မီက ဒီဗီဒီယိုကို တရား၀င္ ထုတ္ျပန္လိုက္တာ မဟုတ္ဘဲ ေပါက္ၾကားထြက္ေပၚလာတာ ျဖစ္ပါတယ္။ ဒီ ဗီဒီယိုဟာ ၀ီဘိုကေန စတင္ ထြက္ေပၚလာတာ ျဖစ္ၿပီး YouTube မွာပါ မွ်ေ၀ထားၾကပါတယ္။

ဗီဒီယိုမွာ အေစာပိုင္းတြင္ အရြယ္ႀကီး တက္ဘလက္တစ္လံုးလို အသံုးျပဳေနတာကို ျပသထားပါတယ္။ ေနာက္ပိုင္းမွာ အစြန္းႏွစ္ဖက္ကို အေနာက္ဘက္သို႔ ေခါက္ခ်ိဳးၿပီး စမတ္ဖုန္းလို အသံုးျပဳေနတာကို ျမင္ရပါတယ္။ သူဟာ နမူနာ ေမာ္ဒယ္ ျဖစ္ႏိုင္ပါတယ္။ သူ႔ကို ျဖန္႔ထားရင္ မ်က္ႏွာျပင္ အခ်ိဳးမွာ 3:2 ျဖစ္ပါတယ္။

သူ႔ကို ေခါက္ခ်ိဳးလိုက္တာနဲ႔ User Interface ဟာ သင့္ေတာ္တဲ့ အေနအထားကို လွ်င္ျမန္စြာ ေျပာင္းလဲသြားတာကို ျမင္ရပါတယ္။ သူ႔ကို Portrait Mode နဲ႔ အသံုးျပဳရင္ ပါ၀ါ ခလုတ္ဟာ အေပၚဘက္မွာ ရွိပါတယ္။ အဲဒီ ဗီဒီယိုကို ေအာက္မွာ ေလ့လာပါ။

[Unicode]

Samsung Galaxy Fold ဈေး ရဲ့ ထက်ဝက်သာ ရှိမယ့် Xiaomi ရဲ့ ခေါက်ချိုး ဖုန်း

Samsung Galaxy Fold ဟာ ၁၉၈၀ ဒေါ်လာနဲ့ Huawei Mate X ဟာ ၂၆၀၀ ဒေါ်လာလောက် ကျသင့်ပါတယ်။ Xiaomi ရဲ့ ခေါက်ချိုး ဖုန်းကတော့ ၉၉၉ ဒေါ်လာလောက်သာ ရှိတဲ့ အတွက် Galaxy Fold ဈေးရဲ့ ထက်ဝက်လောက်သာ ရှိပါမယ်လို့ iGyaan က ဖော်ပြထားပါတယ်။ ရှောင်မီရဲ့ ဖုန်းကို Mi Fold or Mi Flex လို့ အမည်ပေးထားမှာ ဖြစ်ပြီး ဒုတိယ ကွာတားဖြစ်တဲ့ ဧပြီလနဲ့ ဇွန်လအတွင်းမှာ ရောင်းချနိုင်ပါတယ်။ ဒီလို ဈေးသက်သာရခြင်းမှာ Visionox Technology က ထုတ်တဲ့ OLED Display များကို အသုံးပြုထားလို့ ဖြစ်တယ်လို့ သတင်းက ဖော်ပြထားပါတယ်။

Xiaomi ရဲ့ ခေါက်ချိုး ဖုန်း ဗီဒီယို တစ်ခု ဇန်နဝါရိလက ထွက်ပေါ်လာပါတယ်။ ဗီဒီယိုမှာ ကုမ္ပဏီရဲ့ ပူးတွဲ တည်ထောင်သူနဲ့ စီအီးအို ဖြစ်သူ လင်ဘင်က ဖုန်းကို အသုံးပြုနေတာကို ပြသထားပါတယ်။ ရှောင်မီက ဒီဗီဒီယိုကို တရားဝင် ထုတ်ပြန်လိုက်တာ မဟုတ်ဘဲ ပေါက်ကြားထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီ ဗီဒီယိုဟာ ဝီဘိုကနေ စတင် ထွက်ပေါ်လာတာ ဖြစ်ပြီး YouTube မှာပါ မျှဝေထားကြပါတယ်။

ဗီဒီယိုမှာ အစောပိုင်းတွင် အရွယ်ကြီး တက်ဘလက်တစ်လုံးလို အသုံးပြုနေတာကို ပြသထားပါတယ်။ နောက်ပိုင်းမှာ အစွန်းနှစ်ဖက်ကို အနောက်ဘက်သို့ ခေါက်ချိုးပြီး စမတ်ဖုန်းလို အသုံးပြုနေတာကို မြင်ရပါတယ်။ သူဟာ နမူနာ မော်ဒယ် ဖြစ်နိုင်ပါတယ်။ သူ့ကို ဖြန့်ထားရင် မျက်နှာပြင် အချိုးမှာ 3:2 ဖြစ်ပါတယ်။

သူ့ကို ခေါက်ချိုးလိုက်တာနဲ့ User Interface ဟာ သင့်တော်တဲ့ အနေအထားကို လျှင်မြန်စွာ ပြောင်းလဲသွားတာကို မြင်ရပါတယ်။ သူ့ကို Portrait Mode နဲ့ အသုံးပြုရင် ပါဝါ ခလုတ်ဟာ အပေါ်ဘက်မှာ ရှိပါတယ်။ အဲဒီ ဗီဒီယိုကို အောက်မှာ လေ့လာပါ။

You may be interested

OPPO Reno 10x Zoom ရဲ႕ ပန္းေရာင္ဗားရွင္းကို ဇြန္လ ၁၈ ရက္မွာ ေရာင္းမည္
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ႕ ပန္းေရာင္ဗားရွင္းကို ဇြန္လ ၁၈ ရက္မွာ ေရာင္းမည္

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ေၾကညာစဥ္မွာ Ocean Green နဲ႔ Jet Black အေရာင္ႏွစ္ခုသာ ထုတ္လုပ္ထားပါတယ္။ အခုေတာ့ အမ်ိဳးသမီးမ်ား ႏွစ္သက္တဲ့ ပန္းေရာင္ ေမာ္ဒယ္ကို ထုတ္လုပ္ေပးေတာ့မွာ ျဖစ္ပါတယ္။ တရုတ္မွာ ၁၈ ရက္ေန႔တြင္…

မဟာသႏၲာေက်ာက္တန္းဆီ ေရငုပ္သေဘၤာ ငွားစီးႏိုင္တဲ့ ‘scUber’ ဝန္ေဆာင္မႈကို Uber စတင္
NEWS
0 shares15 views

မဟာသႏၲာေက်ာက္တန္းဆီ ေရငုပ္သေဘၤာ ငွားစီးႏိုင္တဲ့ ‘scUber’ ဝန္ေဆာင္မႈကို Uber စတင္

Nigma - May 25, 2019

Uber နဲ႔ တကၠစီ အျပင္ ေရငုပ္သေဘၤာပါ ငွားႏိုင္ၿပီ ျဖစ္ပါတယ္။ အငွားယာဥ္ဝန္ေဆာင္မႈ ကုမၸဏီ Uber က ေရငုပ္သေဘၤာ ငွားစီးၿပီး၊ ေရေအာက္က မဟာသႏၲာေက်ာက္တန္း (Great Barrier Reef) ဆီ သြားေရာက္ၾကည့္ရႈႏိုင္တဲ့ ဝန္ေဆာင္မႈတခုကို စတင္လိုက္ပါတယ္။ 'scUber'…

မိသားစုဝင္ေတြအတြက္ iPhones ဝယ္ေပးျဖစ္တယ္လို႔ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင္ေတြအတြက္ iPhones ဝယ္ေပးျဖစ္တယ္လို႔ Huawei CEO ဆို

Nigma - May 25, 2019

အေမရိကန္အစိုးရက Huawei ကို ပိတ္ပင္လိုက္ၿပီးေနာက္မွာ တ႐ုတ္ႏိုင္ငံဘက္ကလည္း ျပန္လည္ တုံ႔ျပန္မႈေတြရွိႏိုင္တယ္လို႔ အမ်ားစုက ခန္႔မွန္းထားၾကပါတယ္။ တရားဝင္တုံ႔ျပန္မႈမ်ိဳး မရွိေသးေပမယ့္ တ႐ုတ္ျပည္တြင္းမွာေတာ့ အေမရိကန္အေျခစိုက္ Apple ကုမၸဏီကို သပိတ္ေမွာက္မႈေတြ ျဖစ္ေပၚေနပါတယ္။ ဒီလိုအခ်ိန္မွာ Huawei တည္ေထာင္သူနဲ႔ CEO ျဖစ္သူ Ren…

Leave a Comment

Most from this category