ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Swing

Swing က အသစ်ထွက်လာတဲ့ Android Game ဖြစ်ပါတယ်။ သူဟာ ချိန်သားကိုက် ကစားရတဲ့ ဂိမ်း ဖြစ်ပြီး Cut the Rope နဲ့ ဆင်တူပါတယ်။ ကြိုးနဲ့ လွှဲထားတဲ့ သေတ္တာလို အတုံးကို ဘားတန်းများပေါ်သို့ ကျအောင် ကစားရမှာ ဖြစ်ပါတယ်။ စကရင်ကို တစ်ချက်နှိပ်လိုက်တာနဲ့ ကြိုးကနေ အတုံးကို လွှတ်ချပေးမှာ ဖြစ်ပါတယ်။

အသည်းတယားယားနဲ့ ကစားရမယ့် ဂိမ်း ဖြစ်ပါတယ်။ အတုံး တစ်တုံးထက် ပိုပြီး စီမံခန့်ခွဲရတဲ့ အခန်းများလည်း ပါရှိပါတယ်။ အတုံး နှစ်တုံးကို ဘားတန်းပေါ် တင်အောင် ကစားရတာတော့ မလွယ်ကူပါဘူး။ သူ့ရဲ့ ဂရပ်ဖစ်များက ရိုးရှင်းပါတယ်။ သူ့ကို Kamber Interactive က ဖန်တီးထားတာ ဖြစ်ပါတယ်။ 38MB ရှိပြီး Android 4.4 နဲ့ သူ့အထက်မှာ ကစားနိုင်ပါတယ်။ အောက်ပါ လင့်မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

Download

Ref : play store

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Swing ( Android Game)

%d bloggers like this: