1017 Shares 426 Views

192MP Camera ပါတဲ့ ဖုန္းေတြ လာေတာ့မည္

Mar 16, 2019
1017 426

လက္ရွိ ထြက္ထားတဲ့ ဖုန္းေတြထဲမွာ Resolution အျမင့္ဆံုး ကင္မရာက 48MP ျဖစ္ပါတယ္။ အခုေတာ့ ဖုန္းမ်ားအတြက္ Chipset ထုတ္လုပ္တဲ့ Qualcomm က 48MP ရဲ႕ ၄ ဆ ျမင့္မားတဲ့ ကင္မရာ ပါတဲ့ ဖုန္းမ်ား ထြက္လာေတာ့မယ္လို႔ ေျပာလိုက္ပါတယ္။ ကုမၸဏီရဲ႕ အႀကီးတန္း ဒါရိုက္တာ ျဖစ္သူ Judd Heape က သူတို႔ ထုတ္မယ့္ Chipset အသစ္ဟာ 192MP Camera မ်ားကို ေထာက္ပံ့ႏုိင္မယ္လို႔ ေျပာပါတယ္။

ေနာက္ဆံုးထုတ္ထားတဲ့ စြမ္းရည္ျမင့္ Snapdragon 855 သာမက စြမ္းရည္သင့္ Snapdragon 660 နဲ႔ 670 မ်ားကလည္း ဒီလို Ultra-high Resolution Camera မ်ားကို ေထာက္ပံ့ေပးႏုိင္ပါတယ္။ အဲဒီအတြက္ တန္ဖိုးနည္း စမတ္ဖုန္းမ်ားမွာလည္း 192MP Camera မ်ား ပါလာေတာ့မွာ ျဖစ္ပါတယ္။

Qualcomm ရဲ႕ Chipset မ်ားကို Samsung Galaxy S10 လို စြမ္းရည္ျမင့္ ဖုန္းမ်ားမွာသာမက Moto G7 လို တန္ဖိုးနည္းဖုန္းမ်ားမွာပါ ထည့္သြင္း အသံုးျပဳထားၾကပါတယ္။ စြမ္းရည္ျမင့္ ဖုန္းမ်ားမွာ 192MP Camera မ်ား အေစာဆံုး ပါလာမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ 192MP Camera ပါတဲ့ ဖုန္းမ်ားဟာ မၾကာခင္ထြက္လာဦးမွာမဟုတ္ပါဘူး။ အခ်ိန္အနည္းငယ္ၾကာဦးမွာ ျဖစ္ပါတယ္။ 192MP Camera Phone မ်ား မထြက္လာခင္မွာ 64MP နဲ႔ 100MP Camera Phone မ်ား အရင္ဆံုး ထြက္လာမွာ ျဖစ္ပါတယ္။ ယခုႏွစ္ကုန္ေလာက္မွာ ထြက္လာႏုိင္ပါတယ္။

Ref : techradar

[Unicode]

192MP Camera ပါတဲ့ ဖုန်းတွေ လာတော့မည်

လက်ရှိ ထွက်ထားတဲ့ ဖုန်းတွေထဲမှာ Resolution အမြင့်ဆုံး ကင်မရာက 48MP ဖြစ်ပါတယ်။ အခုတော့ ဖုန်းများအတွက် Chipset ထုတ်လုပ်တဲ့ Qualcomm က 48MP ရဲ့ ၄ ဆ မြင့်မားတဲ့ ကင်မရာ ပါတဲ့ ဖုန်းများ ထွက်လာတော့မယ်လို့ ပြောလိုက်ပါတယ်။ ကုမ္ပဏီရဲ့ အကြီးတန်း ဒါရိုက်တာ ဖြစ်သူ Judd Heape က သူတို့ ထုတ်မယ့် Chipset အသစ်ဟာ 192MP Camera များကို ထောက်ပံ့နိုင်မယ်လို့ ပြောပါတယ်။

နောက်ဆုံးထုတ်ထားတဲ့ စွမ်းရည်မြင့် Snapdragon 855 သာမက စွမ်းရည်သင့် Snapdragon 660 နဲ့ 670 များကလည်း ဒီလို Ultra-high Resolution Camera များကို ထောက်ပံ့ပေးနိုင်ပါတယ်။ အဲဒီအတွက် တန်ဖိုးနည်း စမတ်ဖုန်းများမှာလည်း 192MP Camera များ ပါလာတော့မှာ ဖြစ်ပါတယ်။

Qualcomm ရဲ့ Chipset များကို Samsung Galaxy S10 လို စွမ်းရည်မြင့် ဖုန်းများမှာသာမက Moto G7 လို တန်ဖိုးနည်းဖုန်းများမှာပါ ထည့်သွင်း အသုံးပြုထားကြပါတယ်။ စွမ်းရည်မြင့် ဖုန်းများမှာ 192MP Camera များ အစောဆုံး ပါလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် 192MP Camera ပါတဲ့ ဖုန်းများဟာ မကြာခင်ထွက်လာဦးမှာမဟုတ်ပါဘူး။ အချိန်အနည်းငယ်ကြာဦးမှာ ဖြစ်ပါတယ်။ 192MP Camera Phone များ မထွက်လာခင်မှာ 64MP နဲ့ 100MP Camera Phone များ အရင်ဆုံး ထွက်လာမှာ ဖြစ်ပါတယ်။ ယခုနှစ်ကုန်လောက်မှာ ထွက်လာနိုင်ပါတယ်။

Ref : techradar

You may be interested

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ
Mobiles & Tablets, NEWS, Samsung
0 shares0 views

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ

Nigma - Mar 21, 2019

Galaxy A Series ဖုန္းအသစ္ Galaxy A30 နဲ႔ Galaxy A50 တို႔ ျပည္တြင္းေစ်းကြက္ကို ဝင္ေရာက္လာခ်ိန္မွာ ေနာက္ထပ္ Galaxy A Series ဖုန္းအသစ္တမ်ိဳးကို နယ္သာလန္ႏိုင္ငံမွာ ထပ္မံ မိတ္ဆက္လိုက္ပါတယ္။ Galaxy A30 နဲ႔…

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ
NEWS, Softwares & Application
59 shares208 views

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ

Nigma - Mar 21, 2019

Messenger မွာ အဓိက လိုအပ္ေနတဲ့ လုပ္ေဆာင္ခ်က္အသစ္တခု ပါဝင္လာပါတယ္။ Quoted replies ဆိုတဲ့ လုပ္ေဆာင္ခ်က္ပါ။ မက္ေဆ့တခုကို ေ႐ြးခ်ယ္ၿပီး Reply ျပန္ေျပာႏိုင္တဲ့ လုပ္ေဆာင္ခ်က္ျဖစ္ပါတယ္။ သူငယ္ခ်င္းေတြ အမ်ားႀကီးနဲ႔ Group Chat ေျပာတဲ့အခါ တေယာက္တေပါက္နဲ႔ ျပန္ေျပာရတာ အခက္ေတြ႕ၾကမွာပါ။…

မတ္လကုန္မွာ Redmi Note 7 အလံုးေရ ၄ သန္း ေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားေနတဲ့ Xiaomi
Android, HUBS, Mobiles & Tablets
108 shares131 views

မတ္လကုန္မွာ Redmi Note 7 အလံုးေရ ၄ သန္း ေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားေနတဲ့ Xiaomi

Ko Thuya - Mar 21, 2019

Xiaomi က ဇန္န၀ါရီလ ၁၀ ရက္ေန႔မွာ Redmi Note 7 ကို ေၾကညာခဲ့ပါတယ္။ ေရွာင္မီရဲ႕ ဥကၠဌ ျဖစ္သူက ပထမဆံုး ေရာင္းတဲ့ လမွာ အလံုးေရ ၁ သန္းေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားမယ္လို႔ အဲဒီအခ်ိန္က ေျပာခဲ့ပါတယ္။ တကယ္လည္း…

Leave a Comment

Most from this category