448 Shares 400 Views

10000mAh ပါတဲ့ Mi Power 3 ကို ကြေညာ

Mar 16, 2019
448 400





Ref : gizmochina

[Unicode]

10000mAh ပါတဲ့ Mi Power 3 ကို ကွညော

ရှောင်မီက ယခုနှစ် အစောပိုင်းမှာ 20000mAh Battery ပါတဲ့ Mi Power 3 Pro ကို ကြေညာခဲ့ပါတယ်။ အခုတော့ 10000mAh Battery ပါတဲ့ Mi Power 3 ကို မိတ်ဆက်လိုက်ပါတယ်။ သူဟာ ၂၀၁၆ ခုနှစ်ထုတ် Mi Power 2 ရဲ့ မျိုးဆက် ဖြစ်ပြီး ပေါ့ပါး သေးငယ်ပါတယ်။ အပြင်သွားရင် ယူဆောင်သွားလို့ ကောင်းပါတယ်။

သူ့ရဲ့ ဒီဇိုင်းက ယခင်မျိုးဆက်နဲ့ သိပ် မကွာခြားပါဘူး။ အလူမီနီယမ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။ သူ့ရဲ့ အရွယ်အစားကလည်း Mi Power 2 နဲ့ တူပါတယ်။ လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ USB Type-C Port ပါလာတာက အကောင်းဆုံး အချက်ပါ။ Type-C Port ဟာ ၂ မျိုးသုံး ဖြစ်ပြီး ပါဝါဘန့်ကနေ အခြား ကိရိယာများကို အားသွင်းပေးနိုင်သလို ပါဝါဘန့်ကိုလည်း အားသွင်းနိုင်ပါတယ်။ သူက 2-Way 18W Fast Charging ကို ထောက်ပံ့ပေးပါတယ်။

ဒါ့အပြင် Full-sized USB-A Port တစ်ခုလည်း ပါပါတယ်။ သူက 18W Fast Charging ကို ထုတ်လုပ်ပေးပါတယ်။ စုစုပေါင်း Port ၃ ခု ပါပါတယ်။ ဘက်ထရီ ပမာဏကို ပြသပေးတဲ့ White LED Light ပါပါတယ်။ Mi Band လို Low Power Device များကိုလည်း အားသွင်းပေးနိုင်ပါတယ်။ High Voltage, High Current , Overcharging များကို ကာကွယ်ပေးနိုင်ပါတယ်။

သူ့ကို ၁၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ငွေနဲ့ အနက်ရောင်များ ထုတ်လုပ်ထားပါတယ်။ မတ်လ ၁၈ ရက်မှာ Mi.com ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Ref : gizmochina

You may be interested

Samsung Galaxy A40 စမတ်ဖုန်း ထွက်ရှိ
Mobiles & Tablets, NEWS, Samsung
0 shares0 views

Samsung Galaxy A40 စမတ်ဖုန်း ထွက်ရှိ

Nigma - Mar 21, 2019

Galaxy A Series ဖုန်းအသစ် Galaxy A30 နဲ့ Galaxy A50 တို့ ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာချိန်မှာ နောက်ထပ် Galaxy A Series ဖုန်းအသစ်တမျိုးကို နယ်သာလန်နိုင်ငံမှာ ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ Galaxy A30 နဲ့…

Messenger မှာ မက်ဆေ့တခုကို ရွေးချယ် Reply ပြန်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ
NEWS, Softwares & Application
59 shares208 views

Messenger မှာ မက်ဆေ့တခုကို ရွေးချယ် Reply ပြန်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ

Nigma - Mar 21, 2019

Messenger မှာ အဓိက လိုအပ်နေတဲ့ လုပ်ဆောင်ချက်အသစ်တခု ပါဝင်လာပါတယ်။ Quoted replies ဆိုတဲ့ လုပ်ဆောင်ချက်ပါ။ မက်ဆေ့တခုကို ရွေးချယ်ပြီး Reply ပြန်ပြောနိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေ အများကြီးနဲ့ Group Chat ပြောတဲ့အခါ တယောက်တပေါက်နဲ့ ပြန်ပြောရတာ အခက်တွေ့ကြမှာပါ။…

မတ်လကုန်မှာ Redmi Note 7 အလုံးရေ ၄ သန်း ရောင်းချနိုင်ဖို့ ကြိုးစားနေတဲ့ Xiaomi
Android, HUBS, Mobiles & Tablets
108 shares131 views

မတ်လကုန်မှာ Redmi Note 7 အလုံးရေ ၄ သန်း ရောင်းချနိုင်ဖို့ ကြိုးစားနေတဲ့ Xiaomi

Ko Thuya - Mar 21, 2019

Xiaomi က ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ Redmi Note 7 ကို ကြေညာခဲ့ပါတယ်။ ရှောင်မီရဲ့ ဥက္ကဌ ဖြစ်သူက ပထမဆုံး ရောင်းတဲ့ လမှာ အလုံးရေ ၁ သန်းရောင်းချနိုင်ဖို့ ကြိုးစားမယ်လို့ အဲဒီအချိန်က ပြောခဲ့ပါတယ်။ တကယ်လည်း…

Leave a Comment

Most from this category