0 Shares 19 Views

ပြဲလာသူမ်ားကို ကူညီဖို႔ Robot မ်ားကို သံုးမယ့္ တိုက်ိဳ အိုလံပစ္

Mar 16, 2019
0 19

ဂ်ပန္က ထူးထူးဆန္းဆန္းေတြ လုပ္တဲ့ ေနရာမွာ နာမည္ႀကီးပါတယ္။ နည္းပညာ အပိုင္းမွာလည္း ဂ်ပန္က ထိပ္တန္း ႏိုင္ငံပါ။ အခုလည္း ေမာ္ေတာ္ကား ထုတ္လုပ္သူ တိုယိုတာက ဖန္တီးထားတဲ့ စက္ရုပ္ ၂ ခုကို ၂၀၂၀ ခုႏွစ္ တိုက်ိဳ အိုလံပစ္မွာ အသံုးျပဳမွာ ျဖစ္ပါတယ္။ အဲဒီ စက္ရုပ္မ်ားကို အိုလံပစ္ ပြဲ စီစဥ္သူမ်ားက ျပသလိုက္ပါတယ္။

Human Support Robot (HSR) မွာ လက္တံမ်ား ပါၿပီး ျခင္းမ်ား၊ အစားအစာ ဗန္းမ်ားကို သယ္ေဆာင္ႏိုင္ပါတယ္။ Delivery Support Robot (DSR) က ေရြ႕လ်ား အမိႈက္ပံုးနဲ႔ တူၿပီး သူကလည္း အစားအစာမ်ားနဲ႔ ပစၥည္းမ်ားကို သယ္ေဆာင္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ စက္ရုပ္္မ်ားက ဧည့္သည္မ်ားကို လမ္းညႊန္ျခင္း၊ သတင္းအခ်က္အလက္မ်ားကို ပံ့ပိုးေပးျခင္းမ်ားကို ျပဳလုပ္ေပးမွာ ျဖစ္ပါတယ္။

ပြဲလာၾကည့္တဲ့ Wheelchair အသံုးျပဳသူမ်ားအတြက္လညး္ စက္ရုပ္မ်ားက ကူညီေပးႏိုင္ပါတယ္။ တိုက်ိဳ အိုလံပစ္မွာ စက္ရုပ္ ၁၆ ခုကို ထားရွိေပးထားမွာ ျဖစ္ပါတယ္။ တိုယိုတာရဲ႕ စက္ရုပ္မ်ား အျပင္ အိုလံပစ္ပြဲလာတဲ့ ဧည့္သည္မ်ားကို ေလဆိပ္မွာ ကူညီေပးႏုိင္ဖို႔ စီစဥ္ထားပါတယ္။ ေလဆိပ္မွာ Panasonic က ဖန္တီးထားတဲ့ စက္ရုပ္ လက္တံမ်ား ၀တ္ဆင္ထားတဲ့ ၀န္ထမ္းမ်ားဟာ ေလးလံတဲ့ ပစၥည္းမ်ား၊ ခရီးေဆာင္အိတ္မ်ားကို သယ္ေဆာင္ေပးမွာ ျဖစ္ပါတယ္။ စက္ရုပ္ လက္တံဟာ လူသားေတြရဲ႕ လက္ကို ၂၀ ရာခုိင္ႏႈန္း ပိုမို စြမ္းရည္ျမင့္မားေစတယ္လို႔ ေျပာပါတယ္။

Ref : theverge

[Unicode]

ပွဲလာသူများကို ကူညီဖို့ Robot များကို သုံးမယ့် တိုကျို အိုလံပစ်

ဂျပန်က ထူးထူးဆန်းဆန်းတွေ လုပ်တဲ့ နေရာမှာ နာမည်ကြီးပါတယ်။ နည်းပညာ အပိုင်းမှာလည်း ဂျပန်က ထိပ်တန်း နိုင်ငံပါ။ အခုလည်း မော်တော်ကား ထုတ်လုပ်သူ တိုယိုတာက ဖန်တီးထားတဲ့ စက်ရုပ် ၂ ခုကို ၂၀၂၀ ခုနှစ် တိုကျို အိုလံပစ်မှာ အသုံးပြုမှာ ဖြစ်ပါတယ်။ အဲဒီ စက်ရုပ်များကို အိုလံပစ် ပွဲ စီစဉ်သူများက ပြသလိုက်ပါတယ်။

Human Support Robot (HSR) မှာ လက်တံများ ပါပြီး ခြင်းများ၊ အစားအစာ ဗန်းများကို သယ်ဆောင်နိုင်ပါတယ်။ Delivery Support Robot (DSR) က ရွေ့လျား အမှိုက်ပုံးနဲ့ တူပြီး သူကလည်း အစားအစာများနဲ့ ပစ္စည်းများကို သယ်ဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် စက်ရုပ်များက ဧည့်သည်များကို လမ်းညွှန်ခြင်း၊ သတင်းအချက်အလက်များကို ပံ့ပိုးပေးခြင်းများကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

ပွဲလာကြည့်တဲ့ Wheelchair အသုံးပြုသူများအတွက်လည်း စက်ရုပ်များက ကူညီပေးနိုင်ပါတယ်။ တိုကျို အိုလံပစ်မှာ စက်ရုပ် ၁၆ ခုကို ထားရှိပေးထားမှာ ဖြစ်ပါတယ်။ တိုယိုတာရဲ့ စက်ရုပ်များ အပြင် အိုလံပစ်ပွဲလာတဲ့ ဧည့်သည်များကို လေဆိပ်မှာ ကူညီပေးနိုင်ဖို့ စီစဉ်ထားပါတယ်။ လေဆိပ်မှာ Panasonic က ဖန်တီးထားတဲ့ စက်ရုပ် လက်တံများ ဝတ်ဆင်ထားတဲ့ ဝန်ထမ်းများဟာ လေးလံတဲ့ ပစ္စည်းများ၊ ခရီးဆောင်အိတ်များကို သယ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ စက်ရုပ် လက်တံဟာ လူသားတွေရဲ့ လက်ကို ၂၀ ရာခိုင်နှုန်း ပိုမို စွမ်းရည်မြင့်မားစေတယ်လို့ ပြောပါတယ်။

Ref : theverge

You may be interested

OPPO Reno 10x Zoom ရဲ႕ ပန္းေရာင္ဗားရွင္းကို ဇြန္လ ၁၈ ရက္မွာ ေရာင္းမည္
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ႕ ပန္းေရာင္ဗားရွင္းကို ဇြန္လ ၁၈ ရက္မွာ ေရာင္းမည္

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ေၾကညာစဥ္မွာ Ocean Green နဲ႔ Jet Black အေရာင္ႏွစ္ခုသာ ထုတ္လုပ္ထားပါတယ္။ အခုေတာ့ အမ်ိဳးသမီးမ်ား ႏွစ္သက္တဲ့ ပန္းေရာင္ ေမာ္ဒယ္ကို ထုတ္လုပ္ေပးေတာ့မွာ ျဖစ္ပါတယ္။ တရုတ္မွာ ၁၈ ရက္ေန႔တြင္…

မဟာသႏၲာေက်ာက္တန္းဆီ ေရငုပ္သေဘၤာ ငွားစီးႏိုင္တဲ့ ‘scUber’ ဝန္ေဆာင္မႈကို Uber စတင္
NEWS
0 shares15 views

မဟာသႏၲာေက်ာက္တန္းဆီ ေရငုပ္သေဘၤာ ငွားစီးႏိုင္တဲ့ ‘scUber’ ဝန္ေဆာင္မႈကို Uber စတင္

Nigma - May 25, 2019

Uber နဲ႔ တကၠစီ အျပင္ ေရငုပ္သေဘၤာပါ ငွားႏိုင္ၿပီ ျဖစ္ပါတယ္။ အငွားယာဥ္ဝန္ေဆာင္မႈ ကုမၸဏီ Uber က ေရငုပ္သေဘၤာ ငွားစီးၿပီး၊ ေရေအာက္က မဟာသႏၲာေက်ာက္တန္း (Great Barrier Reef) ဆီ သြားေရာက္ၾကည့္ရႈႏိုင္တဲ့ ဝန္ေဆာင္မႈတခုကို စတင္လိုက္ပါတယ္။ 'scUber'…

မိသားစုဝင္ေတြအတြက္ iPhones ဝယ္ေပးျဖစ္တယ္လို႔ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင္ေတြအတြက္ iPhones ဝယ္ေပးျဖစ္တယ္လို႔ Huawei CEO ဆို

Nigma - May 25, 2019

အေမရိကန္အစိုးရက Huawei ကို ပိတ္ပင္လိုက္ၿပီးေနာက္မွာ တ႐ုတ္ႏိုင္ငံဘက္ကလည္း ျပန္လည္ တုံ႔ျပန္မႈေတြရွိႏိုင္တယ္လို႔ အမ်ားစုက ခန္႔မွန္းထားၾကပါတယ္။ တရားဝင္တုံ႔ျပန္မႈမ်ိဳး မရွိေသးေပမယ့္ တ႐ုတ္ျပည္တြင္းမွာေတာ့ အေမရိကန္အေျခစိုက္ Apple ကုမၸဏီကို သပိတ္ေမွာက္မႈေတြ ျဖစ္ေပၚေနပါတယ္။ ဒီလိုအခ်ိန္မွာ Huawei တည္ေထာင္သူနဲ႔ CEO ျဖစ္သူ Ren…

Leave a Comment

Most from this category