221 Shares 59 Views

၂၀၁၉ ခုႏွစ္ထုတ္ iPhone မ်ားမွာ အေနာက္ကင္မရာ ၃ လံုး ပါမည္

Mar 16, 2019
221 59

တရုတ္က ထြက္ေပၚလာတဲ့ သတင္းအရ ယခုႏွစ္ထုတ္ iPhone မ်ားမွာ အေနာက္ကင္မရာ ၃ လံုး ပါလာမယ္လို႔ သိရပါတယ္။ ေလးေထာင္ပံုစံခြက္ထဲမွာ ကင္မရာမ်ားကို တပ္ဆင္ထားမွာ ျဖစ္ပါတယ္။ Huawei Mate 20 Pro ရဲ႕ ဒီဇိုင္းအတိုင္း ျဖစ္ပါတယ္။ iPhone XR ရဲ႕ မ်ိဳးဆက္မွာေတာ့ အေနာက္ကင္မရာ ၂ လံုးသာ ပါမွာ ျဖစ္ပါတယ္။

Apple က OLED display ေတြကို မႏွစ္က iPhoneX ေတြမွာမွ စသံုးခဲ့ျပီး တျဖည္းျဖည္းနဲ႔ LCD ေတြကေန OLED panel ေတြကိုေျပာင္းသံုးဖို႔လုပ္ေဆာင္ေနဆဲပါ။ စက္တင္ဘာလမွာထြက္လာေတာ့မယ့္ iPhone ေမာ္ဒယ္လ္၃မ်ိဳးထဲမွာလည္း iPhoneX ရဲ႕ေနာက္မ်ိဳးဆက္ဖုန္းနဲ႔ iPhone X Plus တုိ႔ကိုေတာ့ OLED display ေတြသံုးထားမွာျဖစ္ျပီး ေစ်းသက္သာတဲ့ 6.1 inch ေမာ္ဒယ္လ္ကိုပဲ LCD display သံုးထားမယ္လို႔သတင္းထြက္ထားပါတယ္။ ဒီႏွစ္ျပီးရင္ေတာ့ ေနာက္လာမယ့္ ၂၀၁၉ ဖုန္းေတြအားလံုးမွာ OLED display ေတြကိုပဲသံုးေတာ့မွာပါ။

ဒီသတင္းထြက္ထြက္ခ်င္း လက္ရိွ LCD panel ေတြကိုေထာက္ပံ့ေပးေနတဲ့ japan Display (JDI) ရဲ႕ရွယ္ယာေတြ ၁၀%ေလာက္ထိုးက်သြားပါတယ္။ လက္ရိွအခ်ိန္မွာ Japan Display က OLED panel ေတြမထုတ္ႏုိင္ေသးတာေၾကာင့္ Apple အေနနဲ႔ Samsung နဲ႔ LG တို႔ဆီကပဲသံုးရမွာပါ။

လက္ရိွ OLED display ေတြအဓိကထုတ္လုပ္ေနသူေတြကေတာ့ Samsung Display နဲ႔ LG Display တို႔ျဖစ္ျပီး mid-range ဖုန္းေတြမွာပါ ဒီ display ေတြသံုးသြားႏုိင္ဖို႔ ရည္ရြယ္ထားၾကပါတယ္။ iPhone X တုန္းကေတာ့ OLED display ေတြအတြက္ Samsung တစ္ဦးတည္းကဒိုင္ခံျပီး ေထာက္ပံ့ေပးခဲ့တာျဖစ္ေပမယ့္ ဒီ ၂၀၁၈ ဖုန္းေတြမွာ OLED panel ေတြသံုးႏုိင္ဖို႔ Apple က LG ဆီမွာ ေဒၚလာဘီလီယံနဲ႔ခ်ီျပီးျမွဳပ္ႏွံထားခဲ့ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္ iPhone X Plus ေတြရဲ႕ supplier က Samsung သို႔မဟုတ္ LG သို႔မဟုတ္ ၂ခုလံုးျဖစ္ရင္လည္းျဖစ္လာႏုိင္ပါတယ္။ လာမယ့္ ၂၀၁၉ မွာ Japan Display ကလည္း OLED panel ေတြစထုတ္လာျပီဆိုရင္ OLED display ေလာကမွာ ျပိဳင္ဘက္ ၃ေယာက္ျဖစ္လာေတာ့မွာပါ။ Apple ရဲ႕ဖုန္းေတြမွာ LCD panel ေတြျမင္ရႏုိင္ေခ်ကလည္း ဒီႏွစ္က ေနာက္ဆံုးပဲျဖစ္ပါလိ့မ္မယ္။

Ref : gsmarena

[Unicode]

၂၀၁၉ ခုနှစ်ထုတ် iPhone များမှာ အနောက်ကင်မရာ ၃ လုံး ပါမည်

တရုတ်က ထွက်ပေါ်လာတဲ့ သတင်းအရ ယခုနှစ်ထုတ် iPhone များမှာ အနောက်ကင်မရာ ၃ လုံး ပါလာမယ်လို့ သိရပါတယ်။ လေးထောင်ပုံစံခွက်ထဲမှာ ကင်မရာများကို တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Huawei Mate 20 Pro ရဲ့ ဒီဇိုင်းအတိုင်း ဖြစ်ပါတယ်။ iPhone XR ရဲ့ မျိုးဆက်မှာတော့ အနောက်ကင်မရာ ၂ လုံးသာ ပါမှာ ဖြစ်ပါတယ်။

Apple က OLED display တွေကို မနှစ်က iPhoneX တွေမှာမှ စသုံးခဲ့ပြီး တဖြည်းဖြည်းနဲ့ LCD တွေကနေ OLED panel တွေကိုပြောင်းသုံးဖို့လုပ်ဆောင်နေဆဲပါ။ စက်တင်ဘာလမှာထွက်လာတော့မယ့် iPhone မော်ဒယ်လ်၃မျိုးထဲမှာလည်း iPhoneX ရဲ့နောက်မျိုးဆက်ဖုန်းနဲ့ iPhone X Plus တို့ကိုတော့ OLED display တွေသုံးထားမှာဖြစ်ပြီး ဈေးသက်သာတဲ့ 6.1 inch မော်ဒယ်လ်ကိုပဲ LCD display သုံးထားမယ်လို့သတင်းထွက်ထားပါတယ်။ ဒီနှစ်ပြီးရင်တော့ နောက်လာမယ့် ၂၀၁၉ ဖုန်းတွေအားလုံးမှာ OLED display တွေကိုပဲသုံးတော့မှာပါ။

ဒီသတင်းထွက်ထွက်ချင်း လက်ရှိ LCD panel တွေကိုထောက်ပံ့ပေးနေတဲ့ japan Display (JDI) ရဲ့ရှယ်ယာတွေ ၁၀%လောက်ထိုးကျသွားပါတယ်။ လက်ရှိအချိန်မှာ Japan Display က OLED panel တွေမထုတ်နိုင်သေးတာကြောင့် Apple အနေနဲ့ Samsung နဲ့ LG တို့ဆီကပဲသုံးရမှာပါ။

လက်ရှိ OLED display တွေအဓိကထုတ်လုပ်နေသူတွေကတော့ Samsung Display နဲ့ LG Display တို့ဖြစ်ပြီး mid-range ဖုန်းတွေမှာပါ ဒီ display တွေသုံးသွားနိုင်ဖို့ ရည်ရွယ်ထားကြပါတယ်။ iPhone X တုန်းကတော့ OLED display တွေအတွက် Samsung တစ်ဦးတည်းကဒိုင်ခံပြီး ထောက်ပံ့ပေးခဲ့တာဖြစ်ပေမယ့် ဒီ ၂၀၁၈ ဖုန်းတွေမှာ OLED panel တွေသုံးနိုင်ဖို့ Apple က LG ဆီမှာ ဒေါ်လာဘီလီယံနဲ့ချီပြီးမြှုပ်နှံထားခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ် iPhone X Plus တွေရဲ့ supplier က Samsung သို့မဟုတ် LG သို့မဟုတ် ၂ခုလုံးဖြစ်ရင်လည်းဖြစ်လာနိုင်ပါတယ်။ လာမယ့် ၂၀၁၉ မှာ Japan Display ကလည်း OLED panel တွေစထုတ်လာပြီဆိုရင် OLED display လောကမှာ ပြိုင်ဘက် ၃ယောက်ဖြစ်လာတော့မှာပါ။ Apple ရဲ့ဖုန်းတွေမှာ LCD panel တွေမြင်ရနိုင်ချေကလည်း ဒီနှစ်က နောက်ဆုံးပဲဖြစ်ပါလိ့မ်မယ်။

Ref : gsmarena

You may be interested

မ်က္ႏွာမွ ေသြးေၾကာမ်ားကို အာရံုခံၿပီး Unlock လုပ္ႏုိင္မယ့္ iPhone 11
Apple, HUBS, Mobiles & Tablets
0 shares0 views

မ်က္ႏွာမွ ေသြးေၾကာမ်ားကို အာရံုခံၿပီး Unlock လုပ္ႏုိင္မယ့္ iPhone 11

Ko Thuya - Mar 21, 2019

Samsung Galaxy S10 ရဲ႕ Face Unlock ကို ဓါတ္ပံုအတုမ်ားနဲ႔ လွည့္စားလို႔ရတယ္ဆိုတဲ့ သတင္းမ်ား မၾကာခင္က ထြက္ေပၚခဲ့ပါတယ္။ အဲဒီအတြက္ မ်က္ႏွာအာရံုခံ စနစ္ဟာ ရာႏႈန္းျပည့္ မလံုျခံဳပါဘူး။ အဲဒါေၾကာင့္ သူ႕ထက္ လံုျခံဳတဲ့ နည္းပညာတစ္ခုကို Apple က…

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ
Mobiles & Tablets, NEWS, Samsung
47 shares155 views

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ

Nigma - Mar 21, 2019

Galaxy A Series ဖုန္းအသစ္ Galaxy A30 နဲ႔ Galaxy A50 တို႔ ျပည္တြင္းေစ်းကြက္ကို ဝင္ေရာက္လာခ်ိန္မွာ ေနာက္ထပ္ Galaxy A Series ဖုန္းအသစ္တမ်ိဳးကို နယ္သာလန္ႏိုင္ငံမွာ ထပ္မံ မိတ္ဆက္လိုက္ပါတယ္။ Galaxy A30 နဲ႔…

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ
NEWS, Softwares & Application
73 shares216 views

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ

Nigma - Mar 21, 2019

Messenger မွာ အဓိက လိုအပ္ေနတဲ့ လုပ္ေဆာင္ခ်က္အသစ္တခု ပါဝင္လာပါတယ္။ Quoted replies ဆိုတဲ့ လုပ္ေဆာင္ခ်က္ပါ။ မက္ေဆ့တခုကို ေ႐ြးခ်ယ္ၿပီး Reply ျပန္ေျပာႏိုင္တဲ့ လုပ္ေဆာင္ခ်က္ျဖစ္ပါတယ္။ သူငယ္ခ်င္းေတြ အမ်ားႀကီးနဲ႔ Group Chat ေျပာတဲ့အခါ တေယာက္တေပါက္နဲ႔ ျပန္ေျပာရတာ အခက္ေတြ႕ၾကမွာပါ။…

Leave a Comment

Most from this category