323 Shares 128 Views


Mar 15, 2019
325 128










#Oppo Myanmar

{Unicode}

စမတ်ဖုန်းတွေရဲ့ ထူးခြားတဲ့ ဒီဇိုင်း၊ ကာလာ ပြောင်းလဲလာမှု

စမတ်ဖုန်းတွေဟာ အရင်က အဖြူ နဲ့ အနက် ကာလာ နှစ်ရောင်နဲ့  ရိုးရှင်းတဲ့ ဒီဇိုင်း၊ ကာလာတွေနဲ့ပဲ ထွက်လေ့ရှိတာ ကနေ နောက်ပိုင်းမှာ သုံးစွဲသူတွေ အတွက် ထူးခြားတဲ့ ကာလာနဲ့ ဒီဇိုင်းတွေကို ပြောင်းလဲပြီး ထုတ်လုပ်လာကြပါတယ်။ ဒီလို ထုတ်လုပ်လာကြတဲ့ စမတ်ဖုန်း ကုမ္ပဏီတွေထဲမှာမှ OPPO ဟာ စမတ်ဖုန်း ဒီဇိုင်းပိုင်းမှာ ဦးဆောင်သူ အဖြစ် ရပ်တည်နေပြီး ကာလာ နှစ်ရောင်စပ် သုံးရောင်စပ် ဖုန်းတွေကို ထုတ်လုပ်နေတာပဲ ဖြစ်ပါတယ်။

OPPO က 2018 မှာ R15 Nebula Special Edition နဲ့ Gradient Color Trend (ရောင်ပြေးကာလာ ခေတ်ရေစီးကြောင်း)ကို စတင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ F9 ကနေ စတင်ပြီး gradient color (ရောင်ပြေးကာလာ) နဲ့ ဈေးကွက်မှာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ OPPO F9 အနေနဲ့ ရောင်ပြေးကာလာဒီဇိုင်း ဖက်ရှင်ရှေ့ဆောင်ဖြစ်ခဲ့ပြီးနောက် အခု ထပ်မံ ထွက်ရှိလာမယ့် F11 စီးရီးကတော့ ရောင်ပြေးကာလာဒီဇိုင်းရဲ့ ပြေပြစ်ကြော့ရှင်းမှုနဲ့ ထင်ရှားပေါ်လွင်တဲ့ သဘာဝအလှတရားတို့ကို ရောစပ်ထားတဲ့ ဖက်ရှင်ဒီဇိုင်းသစ် အနေနဲ့ ထွက်ရှိလာတာပဲဖြစ်ပါတယ်။

“သဘာဝတရားမှဖန်တီးမှု” ဆိုတဲ့ အနုပညာဆန်တဲ့စိတ်ကူးကို အခြေခံပြီး OPPO ဟာ F11 Pro ရဲ့ အရောင်ကာလာ စီးဆင်းမှုအတွက် ဟန်ချက်ညီတဲ့ အလှတရားကို သဘာဝအလင်းရောင်ရဲ့ အလှတရားကနေပြီး စိတ်ကူးဖန်တီးထားခဲ့တာပါ။ OPPO ဟာ ညဘက် ကောင်းကင်ယံမှာ တွေ့ရတဲ့ ဥက္ကာကြယ်တွေလို အနီ နဲ့ အပြာ ကွက်ကျားရောစပ်ပြီး F11 Pro စမတ်ဖုန်းကိုယ်ထည်ရဲ့ နက်နဲသိမ်မွေ့တဲ့ မဟူရာအရောင်ပေါ်မှာ Thunder Blackဆိုတဲ့ သုံးရောင်စပ် ရောင်ပြေးကာလာ ကို ဖန်တီးနိုင်ခဲ့ပါတယ်။

The Northern Lights dance over Roche Bonhomme, Old Man Mountain in Jasper, Alberta. The Aurora Borealis reflects it’s colour in the moving water of the Athabasca River.

OPPO ဟာ အပြာ နဲ့ အစိမ်း ရောင်ပြေးလိုင်းများနဲ့ ထူးခြားသော Aurora Green ကို ဖန်တီးခဲ့ပါတယ်။ Thunder Black နဲ့ Aurora Green ဆိုတဲ့ အရောင်နှစ်ရောင်ဟာ ညဘက် မိုးချိန်းရင် မြင်တွေ့ရတဲ့ လျှပ်စီးရဲ့ အရောင်နဲ့ အရုဏ်ဦး အရောင်တို့ကနေ အခြေခံထားတာပဲ ဖြစ်ပါတယ်။

ဆန်းပြားလှပတဲ့ ဒီဇိုင်း၊ ကာလာတွေနဲ့ ထွက်လာမယ့် F11 Pro ဟာတော့ မြန်မာနိုင်ငံကို မကြာမီ ရောက်ရှိလာတော့မှာ ဖြစ်ပြီး အခြား ဘယ်စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေပါလာဦးမလဲ ဆိုတာ စောင့်ကြည့်လိုက်ရအောင်နော်။

OPPO F11 Pro အကြောင်း ထပ်မံသိရှိလိုပါက အောက်ကလင့်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

https://www.oppo.com/mm/smartphone-f11-pro/

#Oppo Myanmar

You may be interested

Samsung Galaxy A40 စမတ်ဖုန်း ထွက်ရှိ
Mobiles & Tablets, NEWS, Samsung
0 shares0 views

Samsung Galaxy A40 စမတ်ဖုန်း ထွက်ရှိ

Nigma - Mar 21, 2019

Galaxy A Series ဖုန်းအသစ် Galaxy A30 နဲ့ Galaxy A50 တို့ ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာချိန်မှာ နောက်ထပ် Galaxy A Series ဖုန်းအသစ်တမျိုးကို နယ်သာလန်နိုင်ငံမှာ ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ Galaxy A30 နဲ့…

Messenger မှာ မက်ဆေ့တခုကို ရွေးချယ် Reply ပြန်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ
NEWS, Softwares & Application
59 shares208 views

Messenger မှာ မက်ဆေ့တခုကို ရွေးချယ် Reply ပြန်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ

Nigma - Mar 21, 2019

Messenger မှာ အဓိက လိုအပ်နေတဲ့ လုပ်ဆောင်ချက်အသစ်တခု ပါဝင်လာပါတယ်။ Quoted replies ဆိုတဲ့ လုပ်ဆောင်ချက်ပါ။ မက်ဆေ့တခုကို ရွေးချယ်ပြီး Reply ပြန်ပြောနိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေ အများကြီးနဲ့ Group Chat ပြောတဲ့အခါ တယောက်တပေါက်နဲ့ ပြန်ပြောရတာ အခက်တွေ့ကြမှာပါ။…

မတ်လကုန်မှာ Redmi Note 7 အလုံးရေ ၄ သန်း ရောင်းချနိုင်ဖို့ ကြိုးစားနေတဲ့ Xiaomi
Android, HUBS, Mobiles & Tablets
108 shares131 views

မတ်လကုန်မှာ Redmi Note 7 အလုံးရေ ၄ သန်း ရောင်းချနိုင်ဖို့ ကြိုးစားနေတဲ့ Xiaomi

Ko Thuya - Mar 21, 2019

Xiaomi က ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ Redmi Note 7 ကို ကြေညာခဲ့ပါတယ်။ ရှောင်မီရဲ့ ဥက္ကဌ ဖြစ်သူက ပထမဆုံး ရောင်းတဲ့ လမှာ အလုံးရေ ၁ သန်းရောင်းချနိုင်ဖို့ ကြိုးစားမယ်လို့ အဲဒီအချိန်က ပြောခဲ့ပါတယ်။ တကယ်လည်း…

Leave a Comment

Most from this category