0 Shares 61 Views


Mar 15, 2019
0 61





Download

[Unicode]

စာသားအပြင် Audio , Video Note များကို မှတ်သားနိုင်တဲ့ Evernote

နာမည်ကြီး မှတ်စုမှတ်သားတဲ့ Evernote ဟာ အခြား Note Taking Apps များထက် စွမ်းဆောင်ချက်များစွာပါရှိပါတယ်။ Audio, Video Notes များကိုလည်း မှတ်သားနိုင်ပြီး အလုပ်ကိစ္စများမှာလည်း အသုံးပြုနိုင်တဲ့အတွက် Productivity အပိုင်းကို များစွာ အထောက်အကူပြုပါတယ်။ ကျောင်းသားများအတွက်လည်း အလွန်အသုံးဝင်တဲ့ App တစ်ခုဖြစ်ပါတယ်။ ဘာသာရပ်တစ်ခုချင်းစီအတွက် Notebook များ သီးခြားစီ ဖန်တီးနိုင်ပြီး ကျောင်းသင်ခန်းစာများကို မှတ်သားထားနိုင်ပါတယ်။ သုတေသနစာတမ်းများ ပြုလုပ်နေသူများအတွက်လည်း သူက အလွန် အသုံးဝင်ပါတယ်။

Android အပြင် iOS, Mac, Windows, Ubuntu, Linux , Windows Phone စတဲ့ ပလက်ဖောင်းများစွာအတွက် Evernote Apps များကို ဖြန့်ချီပေးထားပါတယ်။ ပလက်ဖောင်းမတူညီတဲ့ Device များမှာ မှတ်စုများကို Sync ပြုလုပ်နိုင်ပါတယ်။ Evernote Web App ကနေလည်း အသုံးပြုနိုင်ပြီး ဘရောက်စာများကနေ အင်တာနက်မှ ဆောင်းပါးများ၊ ဗီဒီယိုများကို သိမ်းဆည်းနိုင်ဖို့အတွက် Evernote Web Clipper ဆိုတဲ့ Extension ကိုလည်း ဖြန့်ချီပေးထားပါတယ်။ ဖုန်းကင်မရာကနေ ဓါတ်ပုံများရိုက်ကူးပြီး မှတ်စုမှတ်သားနိုင်ပါတယ်။ သတင်းစာ၊ ကျောင်းစာအုပ်များမှ စာသားများကို ဓါတ်ပုံရိုက်ကူးပြီး Edit ပြုလုပ်နိုင်တဲ့ မှတ်စုအဖြစ် သိမ်းဆည်းပေးနိုင်တာက အလွန်အသုံးဝင်ပါတယ်။

Evernote မှာ Document တစ်ခုကို လုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်းများနဲ့ အတူတကွ Edit ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်လည်းပါရှိပြီး Work Chat ဖြင့် Chat နိုင်တာက အလုပ်တွင်ကျယ်စေပါတယ်။ ဒါ့အပြင် Notebook တစ်ခုကို အခြား သူငယ်ချင်းများနဲ့ မျှဝေနိုင်ပါတယ်။ Evernote မှာ အလွန်စွမ်းဆောင်ရည်ပြည့်ဝတဲ့ Search Feature ပါရှိပြီး မှတ်စု ခေါင်းစီးများသာမက မှတ်စု စာသားများနဲ့ ဓါတ်ပုံများမှ စာသားများကိုတောင် ရှာဖွေပေးနိုင်ပါတယ်။ Evernote မှာ ကဏ္ဍအလိုက် Notebook များစွာကို ဖန်တီးနိုင်ပါတယ်။ ဒါ့အပြင် Notes များမှာ Tags များကို ထည့်သွင်းမှတ်သားနိုင်ပါတယ်။

Evernote မှာ အရေးကြီး မှတ်စုများ၊ ဘဏ် အကောင့်ရဲ့ သတင်းအချက်အလက်များ၊ ခရက်ဒစ်ကဒ်များရဲ့ သတင်းအချက်အလက်များ စတဲ့ အရေးကြီး ဒေတာများကို သိမ်းဆည်းဖို့ ရည်ရွယ်ဖန်တီးပေးထားပါတယ်။ အဲဒီအတွက် Evernote က သင့်အကောင့်ကို 2-Step Verifications လို့ခေါ်တဲ့ လုံခြုံရေး နှစ်ထပ်ဖြင့် ကာကွယ်နိုင်အောင် ဖန်တီးပေးထားပါတယ်။ Evernote ကို အခမဲ့ အသုံးပြုနိုင်ပေမယ့် တစ်လအတွင်း သိမ်းဆည်းနိုင်တဲ့ Storage ပမာဏ အကန့်အသတ်ရှိပါတယ်။ ဒါပေမယ့် သာမာန်အသုံးပြုသူများအတွက် အဲဒီ အခမဲ့ ပမာဏဟာ လုံလောက်ပါတယ်။ အခပေး အသုံးပြုသူများအတွက်တော့ တစ်လအတွင်း မှတ်စုများ အကန့်အသတ်မရှိ သိမ်းဆည်းနိုင်သလို အင်တာနက် မလိုဘဲ မှတ်စု၊ ဆောင်းပါးများကို ကြည့်ရှုနိုင်တဲ့ Offline Notebooks များကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

Download

You may be interested

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares15 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

Leave a Comment

Most from this category