2856 Shares 233 Views

2.6 Gpbs အထိ အျမန္ႏႈန္း ရွိတဲ့ Samsung Galaxy S10 5G

Mar 15, 2019
2856 233

5G Phone မ်ား ေပၚလာတဲ့ အတြက္ ကမာၻအ၀န္းမွ Carrier မ်ားကလည္း သူတို႔ရဲ႕ ကြန္ရက္မ်ားကို စမ္းသပ္ေနၾကပါတယ္။ အခုလည္း ေတာင္ကိုရီးယားရဲ႕ SK Telecom က Galaxy S10 5G နဲ႔ သူ႔ရဲ႕ ကြန္ရက္ကို စမ္းသပ္လိုက္ပါတယ္။ ကုမၸဏီက 2.6 Gpbs အထိ အျမန္ႏႈန္း ရတယ္လို႔ ေၾကညာလိုက္ပါတယ္။ ဒါဟာ 325 MBps သိုု႔မဟုတ္ 2600 Mbps နဲ႔ တူညီပါတယ္။ 10GB File ကို ေဒါင္းလုပ္လုပ္ဖို႔ ၃၀ စကၠန္႔ပဲ ၾကာမယ္လို႔ ကုမၸဏီက ေျပာပါတယ္။

Galaxy S10 5G ရဲ႕ Specs မ်ားကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။ သူဟာ S10 Plus ထက္ ပိုႀကီးတဲ့ မ်က္ႏွာျပင္နဲ႔ ဘက္ထရီမ်ား ပါပါတယ္။ ဒီႏွစ္ ပထမ ႏွစ္၀က္မွာ ေရာင္းခ်မွာပါ။ သူ႔မွာ ၆.၇ လက္မ မ်က္ႏွာျပင္ ပါပါတယ္။ S10 Plus ရဲ႕ မ်က္ႏွာျပင္ဟာ ၆.၄ လက္မသာ ရွိပါတယ္။ သူ႔မွာ S10 Plus ရဲ႕ 4100mAh Battery ထက္ ပိုႀကီးတဲ့ 4500mAh Battery ထည့္ထားပါတယ္။ 25W Super Fast Charging ပါပါတယ္။ အျခား ဖုန္းမ်ားကို ႀကိဳးမဲ့ အားသြင္းေပးတဲ့ နည္းပညာ ပါပါတယ္။

သူ႔မွာ 256GB Storage ပါေပမယ့္ microSD Card Slot မပါပါဘူး။ 8GB RAM ထည့္ထားပါတယ္။ သူ႔ရဲ႕ အဓိက စြမ္းရည္က ေဒါင္းလုပ္ အျမန္ႏႈန္း ျဖစ္ပါတယ္။ TV Show တစ္ခုရဲ႕ Full Season ကို မိနစ္ပိုင္းအတြင္း ေဒါင္းလုပ္လုပ္ႏိုင္ပါတယ္။ ဂရပ္ဖစ္ ျမင့္တဲ့ Cloud Game မ်ားကို မထစ္ဘဲ ကစားႏုိင္ပါတယ္။ VR , AR မ်ားကို ႏိုင္နင္းစြာ ကိုင္တြယ္ႏိုင္ပါတယ္။ 4K Video Call မ်ား ျပဳလုပ္ရင္ ေခ်ာမြတ္ပါတယ္။

အျခား S10 Phone မ်ားထက္ 5G Version မွာ ကင္မရာ ၂ လံုး အပုိပါပါတယ္။ 3D Depth Camera ကို အေရွ႕နဲ႔ အေနာက္မွာ တပ္ဆင္ထားၿပီး AR စြမ္းရည္ကို တိုးျမွင့္ေပးပါတယ္။ Video Live Focus နဲ႔ Quick Measure Tool မ်ား ပါပါတယ္။

အေမရိကန္မွာ အေစာပိုင္းတြင္ Verizon ကေနသာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ 5G ကြန္ယက္ ရွိတဲ့ တည္ေနရာမွာသာ သူ႔ရဲ႕ စြမ္းရည္ကို အေကာင္းဆံုး အသံုးခ်ႏုိင္မွာ ျဖစ္ပါတယ္။

[Unicode]

2.6 Gpbs အထိ အမြန်နှုန်း ရှိတဲ့ Samsung Galaxy S10 5G

5G Phone များ ပေါ်လာတဲ့ အတွက် ကမ္ဘာအဝန်းမှ Carrier များကလည်း သူတို့ရဲ့ ကွန်ရက်များကို စမ်းသပ်နေကြပါတယ်။ အခုလည်း တောင်ကိုရီးယားရဲ့ SK Telecom က Galaxy S10 5G နဲ့ သူ့ရဲ့ ကွန်ရက်ကို စမ်းသပ်လိုက်ပါတယ်။ ကုမ္ပဏီက 2.6 Gpbs အထိ အမြန်နှုန်း ရတယ်လို့ ကြေညာလိုက်ပါတယ်။ ဒါဟာ 325 MBps သို့မဟုတ် 2600 Mbps နဲ့ တူညီပါတယ်။ 10GB File ကို ဒေါင်းလုပ်လုပ်ဖို့ ၃၀ စက္ကန့်ပဲ ကြာမယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Galaxy S10 5G ရဲ့ Specs များကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူဟာ S10 Plus ထက် ပိုကြီးတဲ့ မျက်နှာပြင်နဲ့ ဘက်ထရီများ ပါပါတယ်။ ဒီနှစ် ပထမ နှစ်ဝက်မှာ ရောင်းချမှာပါ။ သူ့မှာ ၆.၇ လက်မ မျက်နှာပြင် ပါပါတယ်။ S10 Plus ရဲ့ မျက်နှာပြင်ဟာ ၆.၄ လက်မသာ ရှိပါတယ်။ သူ့မှာ S10 Plus ရဲ့ 4100mAh Battery ထက် ပိုကြီးတဲ့ 4500mAh Battery ထည့်ထားပါတယ်။ 25W Super Fast Charging ပါပါတယ်။ အခြား ဖုန်းများကို ကြိုးမဲ့ အားသွင်းပေးတဲ့ နည်းပညာ ပါပါတယ်။

သူ့မှာ 256GB Storage ပါပေမယ့် microSD Card Slot မပါပါဘူး။ 8GB RAM ထည့်ထားပါတယ်။ သူ့ရဲ့ အဓိက စွမ်းရည်က ဒေါင်းလုပ် အမြန်နှုန်း ဖြစ်ပါတယ်။ TV Show တစ်ခုရဲ့ Full Season ကို မိနစ်ပိုင်းအတွင်း ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ ဂရပ်ဖစ် မြင့်တဲ့ Cloud Game များကို မထစ်ဘဲ ကစားနိုင်ပါတယ်။ VR , AR များကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ပါတယ်။ 4K Video Call များ ပြုလုပ်ရင် ချောမွတ်ပါတယ်။

အခြား S10 Phone များထက် 5G Version မှာ ကင်မရာ ၂ လုံး အပိုပါပါတယ်။ 3D Depth Camera ကို အရှေ့နဲ့ အနောက်မှာ တပ်ဆင်ထားပြီး AR စွမ်းရည်ကို တိုးမြှင့်ပေးပါတယ်။ Video Live Focus နဲ့ Quick Measure Tool များ ပါပါတယ်။

အမေရိကန်မှာ အစောပိုင်းတွင် Verizon ကနေသာ ရောင်းချမှာ ဖြစ်ပါတယ်။ 5G ကွန်ယက် ရှိတဲ့ တည်နေရာမှာသာ သူ့ရဲ့ စွမ်းရည်ကို အကောင်းဆုံး အသုံးချနိုင်မှာ ဖြစ်ပါတယ်။

You may be interested

မ်က္ႏွာမွ ေသြးေၾကာမ်ားကို အာရံုခံၿပီး Unlock လုပ္ႏုိင္မယ့္ iPhone 11
Apple, HUBS, Mobiles & Tablets
0 shares0 views

မ်က္ႏွာမွ ေသြးေၾကာမ်ားကို အာရံုခံၿပီး Unlock လုပ္ႏုိင္မယ့္ iPhone 11

Ko Thuya - Mar 21, 2019

Samsung Galaxy S10 ရဲ႕ Face Unlock ကို ဓါတ္ပံုအတုမ်ားနဲ႔ လွည့္စားလို႔ရတယ္ဆိုတဲ့ သတင္းမ်ား မၾကာခင္က ထြက္ေပၚခဲ့ပါတယ္။ အဲဒီအတြက္ မ်က္ႏွာအာရံုခံ စနစ္ဟာ ရာႏႈန္းျပည့္ မလံုျခံဳပါဘူး။ အဲဒါေၾကာင့္ သူ႕ထက္ လံုျခံဳတဲ့ နည္းပညာတစ္ခုကို Apple က…

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ
Mobiles & Tablets, NEWS, Samsung
47 shares155 views

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ

Nigma - Mar 21, 2019

Galaxy A Series ဖုန္းအသစ္ Galaxy A30 နဲ႔ Galaxy A50 တို႔ ျပည္တြင္းေစ်းကြက္ကို ဝင္ေရာက္လာခ်ိန္မွာ ေနာက္ထပ္ Galaxy A Series ဖုန္းအသစ္တမ်ိဳးကို နယ္သာလန္ႏိုင္ငံမွာ ထပ္မံ မိတ္ဆက္လိုက္ပါတယ္။ Galaxy A30 နဲ႔…

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ
NEWS, Softwares & Application
73 shares216 views

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ

Nigma - Mar 21, 2019

Messenger မွာ အဓိက လိုအပ္ေနတဲ့ လုပ္ေဆာင္ခ်က္အသစ္တခု ပါဝင္လာပါတယ္။ Quoted replies ဆိုတဲ့ လုပ္ေဆာင္ခ်က္ပါ။ မက္ေဆ့တခုကို ေ႐ြးခ်ယ္ၿပီး Reply ျပန္ေျပာႏိုင္တဲ့ လုပ္ေဆာင္ခ်က္ျဖစ္ပါတယ္။ သူငယ္ခ်င္းေတြ အမ်ားႀကီးနဲ႔ Group Chat ေျပာတဲ့အခါ တေယာက္တေပါက္နဲ႔ ျပန္ေျပာရတာ အခက္ေတြ႕ၾကမွာပါ။…

Leave a Comment

Most from this category