0 Shares 150 Views

Display အေပါက္မလိုဘဲ စခရင္ေအာက္ ကင္မရာ ထည့္သြင္းႏိုင္ဖို႔ Samsung ႀကိဳးစားေန

Mar 15, 2019
0 150

စခရင္အေပါက္ပါတဲ့ Display နည္းပညာဟာ တကယ့္ စခရင္အျပည့္ဖုန္းေတြဆီ ေရာက္ဖို႔ သြားတဲ့ လမ္းက မွတ္တိုင္တခုလို႔ ဆိုရမွာပါ။ မၾကာခင္အခ်ိန္အတြင္းမွာ အေပါက္ေတြ Notch ေတြ မလိုဘဲ ကိုယ္ထည္မွာ စခရင္အျပည့္ ျဖစ္ေနမယ့္ ဖုန္းေတြကို ေတြ႕ျမင္ရဖို႔ ရွိပါတယ္။ ဒီအဆင့္ကို ေရာက္ဖို႔အတြက္ ဖုန္းေရွ႕ဘက္က လိုအပ္တဲ့ ဆန္ဆာေတြ၊ ကင္မရာေတြကို Display ေအာက္ကို ေ႐ႊ႕ရမွာပါ။

“ေရွ႕ ၁ ႏွစ္၊ ၂ ႏွစ္ေလာက္အတြင္း စခရင္အျပည့္ စမတ္ဖုန္း ထုတ္ဖို႔ဆိုတာ မျဖစ္ႏိုင္ေသးပါဘူး။ ဒါေပမယ့္ ကင္မရာရဲ႕ လုပ္ေဆာင္ရည္ကို လုံးဝ ထိခိုက္သက္ေရာက္မႈမရွိေစဘဲ ကင္မရာအေပါက္ေတြကို ေဖ်ာက္ပစ္ႏိုင္မယ့္ အဆင့္ထိေတာ့ နည္းပညာ တက္လွမ္းႏိုင္ပါလိမ့္မယ္။” လို႔ Samsung ရဲ႕ Mobile Communication R&D Group Display ဒု-ဥကၠဌ Yang Bung-duk က ဆိုပါတယ္။

Galaxy S10 ဖုန္းေတြဟာ OLED panel မွာ အေပါက္ပါတဲ့ ပထမဆုံး ဖုန္းေတြျဖစ္တယ္လို႔ Yang က ေျပာၾကားခဲ့ပါတယ္။ Huawei V20 ရဲ႕ LCD Display က တကယ္ အေပါက္ေဖာက္ထားတာ မဟုတ္ဘဲ ကင္မရာက LCD Display ရဲ႕ pixels ကြက္ကို ေဖာက္ထြင္းၿပီး ႐ိုက္ကူးတာ ျဖစ္ပါတယ္။

Samsung က ဖုန္း Display ကို စပီကာအျဖစ္ သုံးဖို႔အတြက္လည္း စဥ္းစားခဲ့ေသးတယ္လို႔ သိရပါတယ္။ Display မွာ တုန္ခါမႈနည္းနဲ႔ အသံထုတ္တဲ့ နည္းပညာကို တခ်ိဳ႕ဖုန္းေမာ္ဒယ္ေတြမွာ ေတြ႕ျမင္ရၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္ ဖုန္းနားေထာင္ဖို႔ Earpiece အစားေလာက္ပဲ အသံထုတ္ႏိုင္တာ မ်ားပါတယ္။ LG G8 ThinQ မွာေတာ့ တကယ့္ ဖုန္းစပီကာလို အသံထုတ္ႏိုင္တဲ့ Crystal Sound OLED Panel ကို အသုံးျပဳထားပါတယ္။ Samsung ကလည္း အလားတူ Display စပီကာ နည္းပညာကို Galaxy S10 ဖုန္းေတြမွာ သုံးဖို႔ စဥ္းစားခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ မထည့္ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ သိရပါတယ္။

Ref: GSM Arena

(Unicode)

Display အပေါက်မလိုဘဲ စခရင်အောက် ကင်မရာ ထည့်သွင်းနိုင်ဖို့ Samsung ကြိုးစားနေ

စခရင်အပေါက်ပါတဲ့ Display နည်းပညာဟာ တကယ့် စခရင်အပြည့်ဖုန်းတွေဆီ ရောက်ဖို့ သွားတဲ့ လမ်းက မှတ်တိုင်တခုလို့ ဆိုရမှာပါ။ မကြာခင်အချိန်အတွင်းမှာ အပေါက်တွေ Notch တွေ မလိုဘဲ ကိုယ်ထည်မှာ စခရင်အပြည့် ဖြစ်နေမယ့် ဖုန်းတွေကို တွေ့မြင်ရဖို့ ရှိပါတယ်။ ဒီအဆင့်ကို ရောက်ဖို့အတွက် ဖုန်းရှေ့ဘက်က လိုအပ်တဲ့ ဆန်ဆာတွေ၊ ကင်မရာတွေကို Display အောက်ကို ရွှေ့ရမှာပါ။

“ရှေ့ ၁ နှစ်၊ ၂ နှစ်လောက်အတွင်း စခရင်အပြည့် စမတ်ဖုန်း ထုတ်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် ကင်မရာရဲ့ လုပ်ဆောင်ရည်ကို လုံးဝ ထိခိုက်သက်ရောက်မှုမရှိစေဘဲ ကင်မရာအပေါက်တွေကို ဖျောက်ပစ်နိုင်မယ့် အဆင့်ထိတော့ နည်းပညာ တက်လှမ်းနိုင်ပါလိမ့်မယ်။” လို့ Samsung ရဲ့ Mobile Communication R&D Group Display ဒု-ဥက္ကဌ Yang Bung-duk က ဆိုပါတယ်။

Galaxy S10 ဖုန်းတွေဟာ OLED panel မှာ အပေါက်ပါတဲ့ ပထမဆုံး ဖုန်းတွေဖြစ်တယ်လို့ Yang က ပြောကြားခဲ့ပါတယ်။ Huawei V20 ရဲ့ LCD Display က တကယ် အပေါက်ဖောက်ထားတာ မဟုတ်ဘဲ ကင်မရာက LCD Display ရဲ့ pixels ကွက်ကို ဖောက်ထွင်းပြီး ရိုက်ကူးတာ ဖြစ်ပါတယ်။

Samsung က ဖုန်း Display ကို စပီကာအဖြစ် သုံးဖို့အတွက်လည်း စဉ်းစားခဲ့သေးတယ်လို့ သိရပါတယ်။ Display မှာ တုန်ခါမှုနည်းနဲ့ အသံထုတ်တဲ့ နည်းပညာကို တချို့ဖုန်းမော်ဒယ်တွေမှာ တွေ့မြင်ရပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းနားထောင်ဖို့ Earpiece အစားလောက်ပဲ အသံထုတ်နိုင်တာ များပါတယ်။ LG G8 ThinQ မှာတော့ တကယ့် ဖုန်းစပီကာလို အသံထုတ်နိုင်တဲ့ Crystal Sound OLED Panel ကို အသုံးပြုထားပါတယ်။ Samsung ကလည်း အလားတူ Display စပီကာ နည်းပညာကို Galaxy S10 ဖုန်းတွေမှာ သုံးဖို့ စဉ်းစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ မထည့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

Ref: GSM Arena

 

You may be interested

OPPO Reno 10x Zoom ရဲ႕ ပန္းေရာင္ဗားရွင္းကို ဇြန္လ ၁၈ ရက္မွာ ေရာင္းမည္
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ႕ ပန္းေရာင္ဗားရွင္းကို ဇြန္လ ၁၈ ရက္မွာ ေရာင္းမည္

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ေၾကညာစဥ္မွာ Ocean Green နဲ႔ Jet Black အေရာင္ႏွစ္ခုသာ ထုတ္လုပ္ထားပါတယ္။ အခုေတာ့ အမ်ိဳးသမီးမ်ား ႏွစ္သက္တဲ့ ပန္းေရာင္ ေမာ္ဒယ္ကို ထုတ္လုပ္ေပးေတာ့မွာ ျဖစ္ပါတယ္။ တရုတ္မွာ ၁၈ ရက္ေန႔တြင္…

မဟာသႏၲာေက်ာက္တန္းဆီ ေရငုပ္သေဘၤာ ငွားစီးႏိုင္တဲ့ ‘scUber’ ဝန္ေဆာင္မႈကို Uber စတင္
NEWS
0 shares15 views

မဟာသႏၲာေက်ာက္တန္းဆီ ေရငုပ္သေဘၤာ ငွားစီးႏိုင္တဲ့ ‘scUber’ ဝန္ေဆာင္မႈကို Uber စတင္

Nigma - May 25, 2019

Uber နဲ႔ တကၠစီ အျပင္ ေရငုပ္သေဘၤာပါ ငွားႏိုင္ၿပီ ျဖစ္ပါတယ္။ အငွားယာဥ္ဝန္ေဆာင္မႈ ကုမၸဏီ Uber က ေရငုပ္သေဘၤာ ငွားစီးၿပီး၊ ေရေအာက္က မဟာသႏၲာေက်ာက္တန္း (Great Barrier Reef) ဆီ သြားေရာက္ၾကည့္ရႈႏိုင္တဲ့ ဝန္ေဆာင္မႈတခုကို စတင္လိုက္ပါတယ္။ 'scUber'…

မိသားစုဝင္ေတြအတြက္ iPhones ဝယ္ေပးျဖစ္တယ္လို႔ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင္ေတြအတြက္ iPhones ဝယ္ေပးျဖစ္တယ္လို႔ Huawei CEO ဆို

Nigma - May 25, 2019

အေမရိကန္အစိုးရက Huawei ကို ပိတ္ပင္လိုက္ၿပီးေနာက္မွာ တ႐ုတ္ႏိုင္ငံဘက္ကလည္း ျပန္လည္ တုံ႔ျပန္မႈေတြရွိႏိုင္တယ္လို႔ အမ်ားစုက ခန္႔မွန္းထားၾကပါတယ္။ တရားဝင္တုံ႔ျပန္မႈမ်ိဳး မရွိေသးေပမယ့္ တ႐ုတ္ျပည္တြင္းမွာေတာ့ အေမရိကန္အေျခစိုက္ Apple ကုမၸဏီကို သပိတ္ေမွာက္မႈေတြ ျဖစ္ေပၚေနပါတယ္။ ဒီလိုအခ်ိန္မွာ Huawei တည္ေထာင္သူနဲ႔ CEO ျဖစ္သူ Ren…

Leave a Comment

Most from this category