0 Shares 422 Views

Snapdragon SiP 1 ပါတဲ့ Asus Zenfone Max Shot နဲ့ Max Plus M2 ကို ကြေညာ

Mar 15, 2019
0 422






Ref : gsmarena

[Unicode]

Snapdragon SiP 1 ပါတဲ့ Asus Zenfone Max Shot နဲ့ Max Plus M2 ကို ကွညော

Qualcomm က Universal Scientific Industrial (USI) နဲ့ ပူးပေါင်းပြီး ဘရာဇီး နိုင်ငံ ဆာအိုပေါ်လိုမှာ Semiconductor Plant ကို တည်ထောင်မယ်လို့ ကြေညာအပြီး တစ်လအကြာမှာ အဲဒီ စက်ရုံက ထုတ်တဲ့ System-in-package (SiP) Processor ပါတဲ့ ပထမဆုံး ဖုန်း ၂ လုံး ထွက်လာပါပြီ။ အဲဒါကတော့ Zenfone Max Shot နဲ့ Max Plus M2 တို့ ဖြစ်ပါတယ်။

သူတို့မှာ Snapdragon SiP 1 Processor ထည့်သွင်းထားပါတယ်။ သူဟာ System-on-chip(SoC) နဲ့ ကွာခြားတာက သူ့မှာ Circuit တစ်ခုထဲမှာ အဓိက အစိတ်အပိုင်း အားလုံးကို ထည့်သွင်းထားတာကို Motherboard ထဲ ထည့်သွင်းထားတာပါ။ အဲဒီအတွက် နေရာစားတာ သက်သာပြီး အခြား အစိတ်အပိုင်းများအတွက် နေရာအပိုများ ရစေပါတယ်။

Max Shot နဲ့ Max Plus M2 ရဲ့ ဒီဇိုင်းဟာ တူညီပေမယ့် Max Shot ရဲ့ အနောက်ဘက်မှာ 8MP Wide Angle Camera တစ်လုံး အပို ထည့်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ ၆.၂၆ လက်မ FHD+ Notched IPS Display ပါပါတယ်။ Max Plus M2 မှာ 3GB RAM , 32GB Storage ပါပါတယ်။ Max Shot အတွက် 3 or 4GB RAM , 32 or 64GB Storage များ ထုတ်လုပ်ထားပါတယ်။

Max Shot မှာ 12MP Main Camera, 8MP Wide Angle Camera, 5MP Depth Sensor Camera များ ပါပါတယ်။ Max Plus M2 မှာ 12MP Main Camera , 5MP Depth Sensor Camera ထည့်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးရဲ့ အရှေ့ဘက်မှာ 8MP Camera ပါပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ 4000mAh Battery , Stock Android 8.1 Oreo များ ပါပါတယ်။ Max Shot ရဲ့ တန်ဖိုးအနည်းဆုံးမော်ဒယ်ကို ၃၅၀ ဒေါ်လာနဲ့ တန်ဖိုး အများဆုံး မော်ဒယ်ကို ၄၄၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Max Plus M2 ကို ၃၄၀ ဒေါ်လာ ကျသင့်ပါတယ်။

Ref : gsmarena

You may be interested

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares15 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

Leave a Comment

Most from this category