0 Shares 40 Views
Mar 15, 2019
0 40
Ref : theverge
[Unicode]
Google ကလည်း ခေါက်ချိုး ဖုန်းကို ဖန်တီးနေ
Huawei Mate X နဲ့ Samsung Galaxy Fold စတဲ့ ခေါက်ချိုး စမတ်ဖုန်းများကို MWC ပွဲမှာ မြင်တွေ့ခဲ့ကြပြီးပါပြီ။ အခုတော့ Google ကလည်း ခေါက်ချိုးု စမတ်ဖုန်းရဲ့ Patent ကို မှတ်ပုံတင်လိုက်ပါတယ်။ ခေါက်ချိုး နိုင်တဲ့ Display နည်းပညာကို အသုံးပြုထားပါတယ်။
ဂူဂယ်က သူ့ဖုန်းများအတွက် Display များကို ကိုယ်တိုင် ထုပ်လုပ်တာ မဟုတ်ပါဘူး။ Pixel 3 အတွက် Foxconn ကနေ မှာယူခဲ့ပါတယ်။ Pixel 2 အတွက် HTC နဲ့ LG တို့ထံကနေ ဝယ်ယူ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ခေါက်ချိုး မျက်နှာပြင်ကိုလည်း အခြား ကုမ္ပဏီတစ်ခုထံကနေ ဝယ်ယူ အသုံးပြုမှာ ဖြစ်ပါတယ်။
Patent အရ ဂူဂယ်ရဲ့ ခေါက်ချိုးု ဖုန်း ဒီဇိုင်းဟာ Motorola Razr 2019 နဲ့ ဆင်တူပါတယ်။ ဖုန်းကို ဒေါင်လိုက် ခေါက်ချိုးတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ သူ့ မျက်နှာပြင်ရဲ့ ခေါက်ချိုး နိုင်တဲ့ အရေအတွက်ကိုတော့ မသိရသေးပါဘူး။ Samsung Galaxy Fold ဟာ အကြိမ်ပေါင်း ၁ သိန်းလောက် ခေါက်ချိုး နိုင်ပါတယ်။ Gorilla Glass ထုတ်လုပ်တဲ့ Corning ကလည်း ခေါက်ချိုး နိုင်တဲ့ Glass Screen ကို ဖန်တီးနေပြီး လက်ရှိ ခေါက်ချိုး ဖုန်းများမှာ သုံးထားတဲ့ ပလတ်စတစ်ထက် ပိုမိုမာကြောလာနိုင်ပါတယ်။
ဂူဂယ်က သူ့ရဲ့ ခေါက်ချိုး ဖုန်းမှာ ဆော့ဖ်ဝဲ အပိုင်းကို အဓိက ဆန်းသစ်ထားနိုင်ပါတယ်။ ခေါက်ချိုး မျက်နှာပြင်များကို ထောက်ပံ့မှုကို Android OS မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ထည့်သွင်းပေးခဲ့ပါတယ်။ ဆမ်ဆောင်းနဲ့ ပူးပေါင်းပြီး Galaxy Fold ရဲ့ ဆော့ဖ်ဝဲကို ဖန်တီးခဲ့ပါတယ်။
Ref : theverge
You may be interested
LG TV ၂၀၁၉ မော်ဒယ်တွေမှာ Alexa ပါဝင်လာမည်
NEWS
0 shares0 views
LG TV ၂၀၁၉ မော်ဒယ်တွေမှာ Alexa ပါဝင်လာမည်
Nigma - May 26, 2019
၂၀၁၉ ခုနှစ်ထုတ် LG TV အားလုံးမှာ ယခုလကုန်ကစပြီး Alexa အသံထိန်းချုပ်မှုစနစ်ကို ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။ မြောက်အမေရိကမှာ အရင် Update လုပ်ပေးမှာဖြစ်ပြီး၊ ဥရောပနဲ့ အာရှဘက်မှာတော့ စောင့်ရဦးမှာ ဖြစ်ပါတယ်။ LG TV တွေမှာ Amazon ရဲ့…
တရုတ်မှာ စက္ကန့် ၆၀ အတွင်း ဒေါ်လာ ၁၄၄ သန်းဖိုး ရောင်းချနိုင်ခဲ့တဲ့ OnePlus 7 Pro
Android, HUBS, Mobiles & Tablets
0 shares0 views
တရုတ်မှာ စက္ကန့် ၆၀ အတွင်း ဒေါ်လာ ၁၄၄ သန်းဖိုး ရောင်းချနိုင်ခဲ့တဲ့ OnePlus 7 Pro
Ko Thuya - May 26, 2019
OnePlus 7 Pro ဟာ အိန္ဒိယမှာ ရောင်းအား စံချိန်တင်ပြီးနောက်မှာ တရုတ်မှာ စက္ကန့် ၆၀ အတွင်း ဒေါ်လာ ၁၄၄ သန်းဖိုး ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်ရဲ့ အွန်လိုင်းစတိုး JingDong က သူ့ စတိုးမှာ ရောင်းအား…
OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares9 views
OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Ko Thuya - May 26, 2019
OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…
Leave a Comment
Most from this category