2766 Shares 142 Views

Facial Recognition နဲ႔ ရထားလက္မွတ္ ခ ေပးႏုိင္တဲ့ တရုတ္မွ ဘူတာရံု

Mar 14, 2019
2780 142

တရုတ္ရဲ႕ ၿမိဳ႕ေတာ္ႀကီး တစ္ခု ျဖစ္တဲ့ ရွန္ဇန္မွ ရထား ကုမၸဏီတစ္ခုဟာ သူ႔ရဲ႕ ဘူတာရံုတစ္ခုမွာ မ်က္ႏွာ အာရံုခံ နည္းပညာနဲ႔ ရထား လက္မွတ္ခ ေပးႏုိင္တဲ့ နည္းလမ္းကို ျပဳလုပ္ေနပါတယ္။ ဘူတာရံုမွာ 5G Network ကို အသံုးျပဳထားပါတယ္။ အခုေတာ့ ဘူတာရံုတစ္ခုမွာသာ စမ္းသပ္ေနတာ ျဖစ္ပါတယ္။ ဒီစနစ္ဟာ အမႊာမ်ားနဲ႔ ရုပ္တူတဲ့ လူမ်ားကို ခြဲျခား ႏိုင္သလား ဆိုတာကို မသိရေသးပါဘူး။

ဘူတာရံုကို လာတဲ့ ခရီးသြားမ်ားဟာ စကရင္မွာ သူတို႔ရဲ႕ မ်က္နွာကို စကင္ဖတ္ရမွာပါ။ ၿပီးရင္ေတာ့ သူတို႔ရဲ႕ အေကာင့္မ်ားကေန လက္မွတ္ခကို ျဖတ္သြားမွာ ျဖစ္ပါတယ္။ အရင္တုန္းကေတာ့ ဖုန္း သို႔မဟုတ္ ကဒ္မ်ားကို အသံုးျပဳၿပီး ေငြေပးေခ်ရတာ ျဖစ္ပါတယ္။ အခုနည္းလမ္းက ပိုျမန္ဆန္ အဆင္ေျပေစပါတယ္။ ဒါ့အျပင္ စနစ္ အသစ္ရဲ႕ အျခား အက်ိဳးေက်းဇူးမ်ားလည္း ရွိပါေသးတယ္။ ကဒ္မ်ား ေမ့က်န္ျခင္း၊ ေငြလက္က်န္နည္းပါးျခင္းမ်ားအတြက္ စိတ္ပူစရာ မလိုေတာ့ပါဘူး။

မ်က္ႏွာအာရံုခံ နည္းပညာကို Shenzhen Metro နဲ႔ ဖုန္း ကုမၸဏီ ဟြာေ၀းတို႔ ပူးေပါင္း လုပ္ကိုင္ခဲ့တာ ျဖစ္ပါတယ္။ Shenzhen က အျခား ဘူတာရံုမ်ားမွာ ဒီနည္းပညာကို သံုးမယ့္ အခ်ိန္ကို မေျပာေသးပါဘူး။ Facial Recognition နည္းပညာနဲ႔ ေငြေပးေခ်ျခင္းကို တရုတ္ ႏိုင္ငံတစ္လႊားမွ KFC ဆိုင္မ်ားမွာ ျပဳလုပ္ႏုိင္ၾကပါတယ္။

တရုတ္ဟာ မိုိဘိုင္း ေငြေပးေခ်မႈစနစ္ အပိုင္းမွာ အေမရိကန္ထက္ သာပါတယ္။ တရုတ္ လူဦးေရရဲ႕ ထက္၀က္နီးပါးဟာ ၂၀၁၈ ခုႏွစ္မွာ ဖုန္းကေန ေငြေပးေခ်ခဲ့ၾကပါတယ္။ WeChat Pay or Alipay မ်ားကေန ေငြေပးေခ်ျခင္းဟာ တရုတ္မွာ အလြန္ ေရးပန္းစားေနပါတယ္။ ေငြသားေပးရင္ေတာင္ ဆိုင္မွာ ျပန္အမ္းစရာ ေငြ မရွိတဲ့ အတြက္ ျငင္းပယ္ေနၾကပါတယ္။ အဲဒီအတြက္ တရုတ္ ဗဟုိဘဏ္က ေငြသားအား ျငင္းပယ္ျခင္း မျပဳဖို႔ ဆိုင္မ်ားအား သတိေပးထားပါတယ္။

Ref : theverge

[Unicode]

Facial Recognition နဲ့ ရထားလက်မှတ် ခ ပေးနိုင်တဲ့ တရုတ်မှ ဘူတာရုံ

တရုတ်ရဲ့ မြို့တော်ကြီး တစ်ခု ဖြစ်တဲ့ ရှန်ဇန်မှ ရထား ကုမ္ပဏီတစ်ခုဟာ သူ့ရဲ့ ဘူတာရုံတစ်ခုမှာ မျက်နှာ အာရုံခံ နည်းပညာနဲ့ ရထား လက်မှတ်ခ ပေးနိုင်တဲ့ နည်းလမ်းကို ပြုလုပ်နေပါတယ်။ ဘူတာရုံမှာ 5G Network ကို အသုံးပြုထားပါတယ်။ အခုတော့ ဘူတာရုံတစ်ခုမှာသာ စမ်းသပ်နေတာ ဖြစ်ပါတယ်။ ဒီစနစ်ဟာ အမွှာများနဲ့ ရုပ်တူတဲ့ လူများကို ခွဲခြား နိုင်သလား ဆိုတာကို မသိရသေးပါဘူး။

ဘူတာရုံကို လာတဲ့ ခရီးသွားများဟာ စကရင်မှာ သူတို့ရဲ့ မျက်နှာကို စကင်ဖတ်ရမှာပါ။ ပြီးရင်တော့ သူတို့ရဲ့ အကောင့်များကနေ လက်မှတ်ခကို ဖြတ်သွားမှာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ ဖုန်း သို့မဟုတ် ကဒ်များကို အသုံးပြုပြီး ငွေပေးချေရတာ ဖြစ်ပါတယ်။ အခုနည်းလမ်းက ပိုမြန်ဆန် အဆင်ပြေစေပါတယ်။ ဒါ့အပြင် စနစ် အသစ်ရဲ့ အခြား အကျိုးကျေးဇူးများလည်း ရှိပါသေးတယ်။ ကဒ်များ မေ့ကျန်ခြင်း၊ ငွေလက်ကျန်နည်းပါးခြင်းများအတွက် စိတ်ပူစရာ မလိုတော့ပါဘူး။

မျက်နှာအာရုံခံ နည်းပညာကို Shenzhen Metro နဲ့ ဖုန်း ကုမ္ပဏီ ဟွာဝေးတို့ ပူးပေါင်း လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ Shenzhen က အခြား ဘူတာရုံများမှာ ဒီနည်းပညာကို သုံးမယ့် အချိန်ကို မပြောသေးပါဘူး။ Facial Recognition နည်းပညာနဲ့ ငွေပေးချေခြင်းကို တရုတ် နိုင်ငံတစ်လွှားမှ KFC ဆိုင်များမှာ ပြုလုပ်နိုင်ကြပါတယ်။

တရုတ်ဟာ မိုဘိုင်း ငွေပေးချေမှုစနစ် အပိုင်းမှာ အမေရိကန်ထက် သာပါတယ်။ တရုတ် လူဦးရေရဲ့ ထက်ဝက်နီးပါးဟာ ၂၀၁၈ ခုနှစ်မှာ ဖုန်းကနေ ငွေပေးချေခဲ့ကြပါတယ်။ WeChat Pay or Alipay များကနေ ငွေပေးချေခြင်းဟာ တရုတ်မှာ အလွန် ရေးပန်းစားနေပါတယ်။ ငွေသားပေးရင်တောင် ဆိုင်မှာ ပြန်အမ်းစရာ ငွေ မရှိတဲ့ အတွက် ငြင်းပယ်နေကြပါတယ်။ အဲဒီအတွက် တရုတ် ဗဟိုဘဏ်က ငွေသားအား ငြင်းပယ်ခြင်း မပြုဖို့ ဆိုင်များအား သတိပေးထားပါတယ်။

Ref : theverge

You may be interested

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ
Mobiles & Tablets, NEWS, Samsung
0 shares0 views

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ

Nigma - Mar 21, 2019

Galaxy A Series ဖုန္းအသစ္ Galaxy A30 နဲ႔ Galaxy A50 တို႔ ျပည္တြင္းေစ်းကြက္ကို ဝင္ေရာက္လာခ်ိန္မွာ ေနာက္ထပ္ Galaxy A Series ဖုန္းအသစ္တမ်ိဳးကို နယ္သာလန္ႏိုင္ငံမွာ ထပ္မံ မိတ္ဆက္လိုက္ပါတယ္။ Galaxy A30 နဲ႔…

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ
NEWS, Softwares & Application
59 shares208 views

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ

Nigma - Mar 21, 2019

Messenger မွာ အဓိက လိုအပ္ေနတဲ့ လုပ္ေဆာင္ခ်က္အသစ္တခု ပါဝင္လာပါတယ္။ Quoted replies ဆိုတဲ့ လုပ္ေဆာင္ခ်က္ပါ။ မက္ေဆ့တခုကို ေ႐ြးခ်ယ္ၿပီး Reply ျပန္ေျပာႏိုင္တဲ့ လုပ္ေဆာင္ခ်က္ျဖစ္ပါတယ္။ သူငယ္ခ်င္းေတြ အမ်ားႀကီးနဲ႔ Group Chat ေျပာတဲ့အခါ တေယာက္တေပါက္နဲ႔ ျပန္ေျပာရတာ အခက္ေတြ႕ၾကမွာပါ။…

မတ္လကုန္မွာ Redmi Note 7 အလံုးေရ ၄ သန္း ေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားေနတဲ့ Xiaomi
Android, HUBS, Mobiles & Tablets
108 shares131 views

မတ္လကုန္မွာ Redmi Note 7 အလံုးေရ ၄ သန္း ေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားေနတဲ့ Xiaomi

Ko Thuya - Mar 21, 2019

Xiaomi က ဇန္န၀ါရီလ ၁၀ ရက္ေန႔မွာ Redmi Note 7 ကို ေၾကညာခဲ့ပါတယ္။ ေရွာင္မီရဲ႕ ဥကၠဌ ျဖစ္သူက ပထမဆံုး ေရာင္းတဲ့ လမွာ အလံုးေရ ၁ သန္းေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားမယ္လို႔ အဲဒီအခ်ိန္က ေျပာခဲ့ပါတယ္။ တကယ္လည္း…

Leave a Comment

Most from this category