461 Shares 310 Views

Porn ေတြကို Ban လိုက္လို႔ ၾကည့္ရႈမႈ အႀကိမ္ သန္း ၁၀၀ နီးပါး က်ဆင္းသြားတဲ့ Tumblr

Mar 14, 2019
461 310

နာမည္ေက်ာ္ Blogging Platform တစ္ခု ျဖစ္တဲ့ Tumblr ဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလကစၿပီး Porn ေတြကို ပိတ္ပင္ခဲ့ပါတယ္။ တစ္လအၾကာမွာေတာ့ ၾကည့္ရႈတဲ့ အႀကိမ္အေရအတြက္ သန္း ၁၀၀ ေလာက္ နည္းသြားတယ္လို႔ သိရပါတယ္။ တစ္လအတြင္းမွာ ၾကည့္ရႈမႈဟာ ၁၇ ရာခိုင္ႏႈန္းေတာင္ က်ဆင္းသြားတာ ျဖစ္ပါတယ္။

၀က္ဘ္ဆိုက္ ခြဲျခမ္းစိတ္ျဖာေရး အဖြဲ႕အစည္း SimilarWeb ရဲ႕ စစ္တမ္း ေဒတာမ်ား အရ ဒီဇင္ဘာလမွာ Tumblr ရဲ႕ ၀က္ဘ္စာမ်က္ႏွာမ်ားကို ၾကည့္ရႈမႈဟာ ၅၂၁ သန္း ရွိခဲ့ၿပီး ရက္ ၃၀ ၾကာၿပီးေနာက္မွာ ၄၃၇ သန္းအထိ က်ဆင္းသြားတယ္လို႔ ေဖာ္ျပထားပါတယ္။ Porn မ်ားကိုပိတ္ပင္လိုက္ရတဲ့ ျပႆနာက ဒီကစတာပါ။ Apple ရဲ႕ အင္ဂ်င္နီယာမ်ားဟာ Tumblr ၀က္ဘ္ဆိုက္မွာ Child Pornography မ်ားကို ေတြ႕ရွိခဲ့ၿပီးေနာက္ Apple App Store ကေန Tumblr App ကို ဖယ္ရွားခဲ့တာ ျဖစ္ပါတယ္။

အေစာပိုင္းမွာ Tumblr က ေရငံုႏႈတ္ပိတ္ေနခဲ့ပါတယ္။ ၿပီးခဲ့ႏွစ္ ေႏွာင္းပိုင္းမွာ Tumblr က iOS App မွာ ဒီျပႆနာကို ေျဖရွင္းမယ္လို႔ ေျပာခဲ့ပါတယ္။ အဲဒီေနာက္မွာ Tumblr ဟာ Apple နဲ႔ ပူးေပါင္းၿပီး အဲဒီလို Content မ်ားကို ဖယ္ရွားခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ မကုန္ခင္မွာပဲ Tumblr ဟာ Apple Store ကို ျပန္ေရာက္လာခဲ့ပါတယ္။

Ref : tnw

[Unicode]

Porn တွေကို Ban လိုက်လို့ ကြည့်ရှုမှု အကြိမ် သန်း ၁၀၀ နီးပါး ကျဆင်းသွားတဲ့ Tumblr

နာမည်ကျော် Blogging Platform တစ်ခု ဖြစ်တဲ့ Tumblr ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး Porn တွေကို ပိတ်ပင်ခဲ့ပါတယ်။ တစ်လအကြာမှာတော့ ကြည့်ရှုတဲ့ အကြိမ်အရေအတွက် သန်း ၁၀၀ လောက် နည်းသွားတယ်လို့ သိရပါတယ်။ တစ်လအတွင်းမှာ ကြည့်ရှုမှုဟာ ၁၇ ရာခိုင်နှုန်းတောင် ကျဆင်းသွားတာ ဖြစ်ပါတယ်။

ဝက်ဘ်ဆိုက် ခွဲခြမ်းစိတ်ဖြာရေး အဖွဲ့အစည်း SimilarWeb ရဲ့ စစ်တမ်း ဒေတာများ အရ ဒီဇင်ဘာလမှာ Tumblr ရဲ့ ဝက်ဘ်စာမျက်နှာများကို ကြည့်ရှုမှုဟာ ၅၂၁ သန်း ရှိခဲ့ပြီး ရက် ၃၀ ကြာပြီးနောက်မှာ ၄၃၇ သန်းအထိ ကျဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။ Porn များကိုပိတ်ပင်လိုက်ရတဲ့ ပြဿနာက ဒီကစတာပါ။ Apple ရဲ့ အင်ဂျင်နီယာများဟာ Tumblr ဝက်ဘ်ဆိုက်မှာ Child Pornography များကို တွေ့ရှိခဲ့ပြီးနောက် Apple App Store ကနေ Tumblr App ကို ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းမှာ Tumblr က ရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။ ပြီးခဲ့နှစ် နှောင်းပိုင်းမှာ Tumblr က iOS App မှာ ဒီပြဿနာကို ဖြေရှင်းမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီနောက်မှာ Tumblr ဟာ Apple နဲ့ ပူးပေါင်းပြီး အဲဒီလို Content များကို ဖယ်ရှားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် မကုန်ခင်မှာပဲ Tumblr ဟာ Apple Store ကို ပြန်ရောက်လာခဲ့ပါတယ်။

Ref : tnw

You may be interested

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ
Mobiles & Tablets, NEWS, Samsung
0 shares0 views

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ

Nigma - Mar 21, 2019

Galaxy A Series ဖုန္းအသစ္ Galaxy A30 နဲ႔ Galaxy A50 တို႔ ျပည္တြင္းေစ်းကြက္ကို ဝင္ေရာက္လာခ်ိန္မွာ ေနာက္ထပ္ Galaxy A Series ဖုန္းအသစ္တမ်ိဳးကို နယ္သာလန္ႏိုင္ငံမွာ ထပ္မံ မိတ္ဆက္လိုက္ပါတယ္။ Galaxy A30 နဲ႔…

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ
NEWS, Softwares & Application
59 shares208 views

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ

Nigma - Mar 21, 2019

Messenger မွာ အဓိက လိုအပ္ေနတဲ့ လုပ္ေဆာင္ခ်က္အသစ္တခု ပါဝင္လာပါတယ္။ Quoted replies ဆိုတဲ့ လုပ္ေဆာင္ခ်က္ပါ။ မက္ေဆ့တခုကို ေ႐ြးခ်ယ္ၿပီး Reply ျပန္ေျပာႏိုင္တဲ့ လုပ္ေဆာင္ခ်က္ျဖစ္ပါတယ္။ သူငယ္ခ်င္းေတြ အမ်ားႀကီးနဲ႔ Group Chat ေျပာတဲ့အခါ တေယာက္တေပါက္နဲ႔ ျပန္ေျပာရတာ အခက္ေတြ႕ၾကမွာပါ။…

မတ္လကုန္မွာ Redmi Note 7 အလံုးေရ ၄ သန္း ေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားေနတဲ့ Xiaomi
Android, HUBS, Mobiles & Tablets
108 shares131 views

မတ္လကုန္မွာ Redmi Note 7 အလံုးေရ ၄ သန္း ေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားေနတဲ့ Xiaomi

Ko Thuya - Mar 21, 2019

Xiaomi က ဇန္န၀ါရီလ ၁၀ ရက္ေန႔မွာ Redmi Note 7 ကို ေၾကညာခဲ့ပါတယ္။ ေရွာင္မီရဲ႕ ဥကၠဌ ျဖစ္သူက ပထမဆံုး ေရာင္းတဲ့ လမွာ အလံုးေရ ၁ သန္းေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားမယ္လို႔ အဲဒီအခ်ိန္က ေျပာခဲ့ပါတယ္။ တကယ္လည္း…

Leave a Comment

Most from this category