0 Shares 352 Views


Mar 14, 2019
0 352





Ref : gsmarena

[unicode]

အကြမ်းခံ စမ်းသပ်မှုကို အောင်မြင်သွားတဲ့ Xiaomi Mi 9

JerryRigEverything မှ Zack က စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ဗီဒီယိုများကြောင့် နာမည်ကြီးပါတယ်။ အခုလည်း သူက ရှောင်မီရဲ့ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် Mi 9 ကို စမ်းသပ်ပြလိုက်ပါတယ်။

သူဟာ အကြမ်းခံစမ်းသပ်မှုကို အောင်မြင်သွားတယ်လို့ ပြောနိုင်ပါတယ်။ ခြစ်ရာများထင်ခြင်း၊ စကရင် Burn ဖြစ်ခြင်းများကတော့ အခြား စွမ်းရည်မြင့် ဖုန်းများမှာလည်း ဖြစ်ပွားကြပါတယ်။ Zack ရဲ့ နာမည်ကျော် စွမ်းအားမြင့် လက်နဲ့ ဖုန်းကို ၂ ပိုင်းချိုးကြည့်တဲ့ အခါမှာ အနည်းငယ်သာ ကွေးပြီး ကျိုးမသွားတာကို မြင်ရပါတယ်။

ရှောင်မီက အနောက်ကင်မရာများကို Sapphire Glass နဲ့ ကာကွယ်ထားတယ်လို့ ပြောပါတယ်။ Sapphire လား၊ Glass လား ဆိုတာ ကွဲပြားအောင် မပြောသေးပါဘူး။ Sapphire ဟာ Glass ထက် ပိုမာပါတယ်။ Mohs Scale အရ Level 9 ကျမှသာ Sapphire ဟာ ခြစ်ရာများ ထင်ပါတယ်။ စမတ်ဖုန်း မျက်နှာပြင်များရဲ့ Glass များဟာ Level 6 မှာ ခြစ်ရာများ ထင်ပြီး Level 7 မှာတော့ ကွဲအက်တတ်ကြပါတယ်။

Zack က အနောက်ကင်မရာများကို ခြစ်ကြည့်တဲ့ အခါမှာ Level 6 မှာတင် ခြစ်ရာများ ထင်လာတာကို မြင်ရပါတယ်။ ဒါကတော့ ကြော်ညာထားသလို Sapphire စစ်စစ်လို့ ပြောလို့ မရပါဘူး။ အားလုံးခြုံကြည့်ရင် Xiaomi Mi 9 ဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ပြောနိုင်ပါတယ်။

Ref : gsmarena

You may be interested

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares15 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

Leave a Comment

Most from this category