0 Shares 36 Views

360-degree နဲ႔ 3D ဓာတ္ပုံ၊ ဗီဒီယိုေတြ ႐ိုက္ကူးႏိုင္တဲ့ Insta360 EVO ေခါက္ခ်ိဳးကင္မရာ

Mar 14, 2019
0 36

Insta360 ဆိုတာ 360-degree ကင္မရာ ေစ်းကြက္မွာ နာမည္ရၿပီးသား ကုမၸဏီတခု ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာလည္း လူႀကိဳက္မ်ားတဲ့ 360-degree ကင္မရာအမွတ္တံဆိပ္တခုပါ။

ယေန႔မွာေတာ့ Insta360 က EVO ဆိုတဲ့ ကင္မရာအသစ္တလုံးကို မိတ္ဆက္လိုက္ပါတယ္။ အရင္ေမာ္ဒယ္ေတြနဲ႔ သိသိသာသာ ကြာျခားသြားတာကေတာ့ ဒီဇိုင္းပါ။ ေခါက္ခ်ိဳးလို႔ရတဲ့ ဒီဇိုင္းနဲ႔ ျဖစ္သြားၿပီး၊ ၃၆၀ ဒီဂရီ ပတ္လည္ျမင္ကြင္းျပည့္ နဲ႔ ၁၈၀ ဒီဂရီ 3D ဓာတ္ပုံ၊ ဗီဒီယိုေတြကို ခလုတ္တခ်က္ႏွိပ္႐ုံနဲ႔  ႐ိုက္ေပးႏိုင္ပါတယ္။

Insta360 EVO ဟာ ကင္မရာႏွစ္လုံးကို ဆက္ထားတဲ့ ဒီဇိုင္းျဖစ္ၿပီး အလယ္ကေန ေခါက္ခ်ိဳးခ်ႏိုင္ပါတယ္။ ကင္မရာကို ေခါက္ခ်ိဳးခ်ၿပီး ေက်ာခ်င္းကပ္ထားမယ္ဆိုရင္ ၃၆၀ ဒီဂရီ ပုံရိပ္ေတြကို ႐ိုက္ကူးေပးႏိုင္ပါတယ္။ ၃၆၀ ဒီဂရီပုံေတြကို ႐ိုက္လိုက္တာနဲ႔ ခ်က္ခ်င္း ေပါင္းစပ္ၿပီးသားျဖစ္တာေၾကာင့္ EVO App ဒါမွမဟုတ္ VR Headset ကေန ပတ္လည္ ျပန္ၾကည့္ႏိုင္မွာပါ။ Oculus Go, Samsung Gear VR, HTC VIVE စတဲ့ VR Headset ေတြနဲ႔ တိုက္႐ိုက္ ႀကိဳးမဲ့ခ်ိတ္ဆက္ ၾကည့္ႏိုင္၊ ပုံေတြ၊ ဗီဒီယိုေတြ ကူးေျပာင္းႏိုင္မယ့္ Insta360 VR App အသစ္ကိုလည္း ထုတ္ေပးလိုက္ပါတယ္။ 360-degree ဗီဒီယိုေတြကို VR Headset မွာ ေခါင္းလႈပ္ရွားမႈအတိုင္း ၾကည့္ႏိုင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။

ကင္မရာကို ျဖန္႔ထားမယ္ဆိုရင္ေတာ့ 18-megapixel 180-degree 3D ဓာတ္ပုံနဲ႔ 5K/30fps 180-degree ဗီဒီယိုေတြကို ႐ိုက္ကူးႏိုင္မွာပါ။ EVO က ႐ိုက္ထားတဲ့ 3D ႐ုပ္လုံးႂကြ ပုံေတြကို ဖီးလ္အျပည့္နဲ႔ ျပန္ၾကည့္ဖို႔အတြက္ Insta360 HoloFrame ဆိုတဲ့ ဖုန္းကာဗာတခုကိုလည္း ထုတ္ေပးလိုက္ပါတယ္။ ဖုန္းကာဗာဆိုေပမယ့္ ေက်ာဘက္မွာ တပ္ရတာမဟုတ္ဘဲ၊ ေျပာင္းျပန္ ဖုန္း Display အေပၚကေန တပ္ရမွာ ျဖစ္ပါတယ္။ တပ္လိုက္တာနဲ႔ EVO နဲ႔ ႐ိုက္ကူးထားတဲ့ ပုံရိပ္ေတြကို ဖုန္း Display မွာ 3D အျဖစ္ ျမင္ရမွာပါ။ 3D မ်က္မွန္ေတြ လုံးဝ မလိုပါဘူး။

EVO မွာ ဝင္႐ိုး ၆ ခုသုံး Gyroscope Stabilization စနစ္ ပါဝင္တဲ့အတြက္ လႈပ္ရွားေနတဲ့အခ်ိန္မွာေတာင္ ပုံရိပ္ေတြ ရမ္းခါမႈ မရွိဘဲ ႐ိုက္ႏိုင္မွာ ျဖစ္ပါတယ္။ HDR, Time Lapse, Slow Motion စတဲ့ Mode အစုံအလင္ ပါရွိၿပီး၊ ဓာတ္ပုံနဲ႔ ဗီဒီယို ႐ိုက္ဖို႔အတြက္ ခလုတ္တခုစီ သီးသန္႔ ပါဝင္လာပါတယ္။ မိနစ္ကိုးဆယ္စာ အားသြင္းထားရင္ တနာရီစြန္းစြန္းေလာက္ ႐ိုက္ကူးႏိုင္မွာပါ။

Insta360 EVO ကို ယေန႔ပဲ စတင္ ေရာင္းခ်သြားမွာပါ။ ေစ်းကေတာ့ ေဒၚလာ ၄၂၀ ျဖစ္ပါတယ္။  ဖုန္းမွာ 3D ၾကည့္လို႔ရမယ့္ Display Cover “HoloFrame” လိုခ်င္ရင္ေတာ့ ေဒၚလာ ၃၀ ထပ္ေပးရပါလိမ့္မယ္။

Ref: New Atlas

(Unicode)

360-degree နဲ့ 3D ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကူးနိုင်တဲ့ Insta360 EVO ခေါက်ချိုးကင်မရာ

Insta360 ဆိုတာ 360-degree ကင်မရာ စျေးကွက်မှာ နာမည်ရပြီးသား ကုမ္ပဏီတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း လူကြိုက်များတဲ့ 360-degree ကင်မရာအမှတ်တံဆိပ်တခုပါ။

ယနေ့မှာတော့ Insta360 က EVO ဆိုတဲ့ ကင်မရာအသစ်တလုံးကို မိတ်ဆက်လိုက်ပါတယ်။ အရင်မော်ဒယ်တွေနဲ့ သိသိသာသာ ကွာြခားသွားတာကတော့ ဒီဇိုင်းပါ။ ခေါက်ချိုးလို့ရတဲ့ ဒီဇိုင်းနဲ့ ဖြစ်သွားပြီး၊ ၃၆၀ ဒီဂရီ ပတ်လည်မြင်ကွင်းပြည့် နဲ့ ၁၈၀ ဒီဂရီ 3D ဓာတ်ပုံ၊ ဗီဒီယိုတွေကို ခလုတ်တချက်နှိပ်ရုံနဲ့  ရိုက်ပေးနိုင်ပါတယ်။

Insta360 EVO ဟာ ကင်မရာနှစ်လုံးကို ဆက်ထားတဲ့ ဒီဇိုင်းဖြစ်ပြီး အလယ်ကနေ ခေါက်ချိုးချနိုင်ပါတယ်။ ကင်မရာကို ခေါက်ချိုးချပြီး ကျောချင်းကပ်ထားမယ်ဆိုရင် ၃၆၀ ဒီဂရီ ပုံရိပ်တွေကို ရိုက်ကူးပေးနိုင်ပါတယ်။ ၃၆၀ ဒီဂရီပုံတွေကို ရိုက်လိုက်တာနဲ့ ချက်ချင်း ပေါင်းစပ်ပြီးသားဖြစ်တာကြောင့် EVO App ဒါမှမဟုတ် VR Headset ကနေ ပတ်လည် ပြန်ကြည့်နိုင်မှာပါ။ Oculus Go, Samsung Gear VR, HTC VIVE စတဲ့ VR Headset တွေနဲ့ တိုက်ရိုက် ကြိုးမဲ့ချိတ်ဆက် ကြည့်နိုင်၊ ပုံတွေ၊ ဗီဒီယိုတွေ ကူးပြောင်းနိုင်မယ့် Insta360 VR App အသစ်ကိုလည်း ထုတ်ပေးလိုက်ပါတယ်။ 360-degree ဗီဒီယိုတွေကို VR Headset မှာ ခေါင်းလှုပ်ရှားမှုအတိုင်း ကြည့်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

ကင်မရာကို ဖြန့်ထားမယ်ဆိုရင်တော့ 18-megapixel 180-degree 3D ဓာတ်ပုံနဲ့ 5K/30fps 180-degree ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာပါ။ EVO က ရိုက်ထားတဲ့ 3D ရုပ်လုံးကြွ ပုံတွေကို ဖီးလ်အပြည့်နဲ့ ပြန်ကြည့်ဖို့အတွက် Insta360 HoloFrame ဆိုတဲ့ ဖုန်းကာဗာတခုကိုလည်း ထုတ်ပေးလိုက်ပါတယ်။ ဖုန်းကာဗာဆိုပေမယ့် ကျောဘက်မှာ တပ်ရတာမဟုတ်ဘဲ၊ ပြောင်းပြန် ဖုန်း Display အပေါ်ကနေ တပ်ရမှာ ဖြစ်ပါတယ်။ တပ်လိုက်တာနဲ့ EVO နဲ့ ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို ဖုန်း Display မှာ 3D အဖြစ် မြင်ရမှာပါ။ 3D မျက်မှန်တွေ လုံးဝ မလိုပါဘူး။

EVO မှာ ဝင်ရိုး ၆ ခုသုံး Gyroscope Stabilization စနစ် ပါဝင်တဲ့အတွက် လှုပ်ရှားနေတဲ့အချိန်မှာတောင် ပုံရိပ်တွေ ရမ်းခါမှု မရှိဘဲ ရိုက်နိုင်မှာ ဖြစ်ပါတယ်။ HDR, Time Lapse, Slow Motion စတဲ့ Mode အစုံအလင် ပါရှိပြီး၊ ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ဖို့အတွက် ခလုတ်တခုစီ သီးသန့် ပါဝင်လာပါတယ်။ မိနစ်ကိုးဆယ်စာ အားသွင်းထားရင် တနာရီစွန်းစွန်းလောက် ရိုက်ကူးနိုင်မှာပါ။

Insta360 EVO ကို ယနေ့ပဲ စတင် ရောင်းချသွားမှာပါ။ စျေးကတော့ ဒေါ်လာ ၄၂၀ ဖြစ်ပါတယ်။  ဖုန်းမှာ 3D ကြည့်လို့ရမယ့် Display Cover “HoloFrame” လိုချင်ရင်တော့ ဒေါ်လာ ၃၀ ထပ်ပေးရပါလိမ့်မယ်။

Ref: New Atlas

You may be interested

OPPO Reno 10x Zoom ရဲ႕ ပန္းေရာင္ဗားရွင္းကို ဇြန္လ ၁၈ ရက္မွာ ေရာင္းမည္
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ႕ ပန္းေရာင္ဗားရွင္းကို ဇြန္လ ၁၈ ရက္မွာ ေရာင္းမည္

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ေၾကညာစဥ္မွာ Ocean Green နဲ႔ Jet Black အေရာင္ႏွစ္ခုသာ ထုတ္လုပ္ထားပါတယ္။ အခုေတာ့ အမ်ိဳးသမီးမ်ား ႏွစ္သက္တဲ့ ပန္းေရာင္ ေမာ္ဒယ္ကို ထုတ္လုပ္ေပးေတာ့မွာ ျဖစ္ပါတယ္။ တရုတ္မွာ ၁၈ ရက္ေန႔တြင္…

မဟာသႏၲာေက်ာက္တန္းဆီ ေရငုပ္သေဘၤာ ငွားစီးႏိုင္တဲ့ ‘scUber’ ဝန္ေဆာင္မႈကို Uber စတင္
NEWS
0 shares15 views

မဟာသႏၲာေက်ာက္တန္းဆီ ေရငုပ္သေဘၤာ ငွားစီးႏိုင္တဲ့ ‘scUber’ ဝန္ေဆာင္မႈကို Uber စတင္

Nigma - May 25, 2019

Uber နဲ႔ တကၠစီ အျပင္ ေရငုပ္သေဘၤာပါ ငွားႏိုင္ၿပီ ျဖစ္ပါတယ္။ အငွားယာဥ္ဝန္ေဆာင္မႈ ကုမၸဏီ Uber က ေရငုပ္သေဘၤာ ငွားစီးၿပီး၊ ေရေအာက္က မဟာသႏၲာေက်ာက္တန္း (Great Barrier Reef) ဆီ သြားေရာက္ၾကည့္ရႈႏိုင္တဲ့ ဝန္ေဆာင္မႈတခုကို စတင္လိုက္ပါတယ္။ 'scUber'…

မိသားစုဝင္ေတြအတြက္ iPhones ဝယ္ေပးျဖစ္တယ္လို႔ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင္ေတြအတြက္ iPhones ဝယ္ေပးျဖစ္တယ္လို႔ Huawei CEO ဆို

Nigma - May 25, 2019

အေမရိကန္အစိုးရက Huawei ကို ပိတ္ပင္လိုက္ၿပီးေနာက္မွာ တ႐ုတ္ႏိုင္ငံဘက္ကလည္း ျပန္လည္ တုံ႔ျပန္မႈေတြရွိႏိုင္တယ္လို႔ အမ်ားစုက ခန္႔မွန္းထားၾကပါတယ္။ တရားဝင္တုံ႔ျပန္မႈမ်ိဳး မရွိေသးေပမယ့္ တ႐ုတ္ျပည္တြင္းမွာေတာ့ အေမရိကန္အေျခစိုက္ Apple ကုမၸဏီကို သပိတ္ေမွာက္မႈေတြ ျဖစ္ေပၚေနပါတယ္။ ဒီလိုအခ်ိန္မွာ Huawei တည္ေထာင္သူနဲ႔ CEO ျဖစ္သူ Ren…

Leave a Comment

Most from this category