0 Shares 53 Views


Mar 14, 2019
0 53




Ref : theverge

[Unicode]

HP ရဲ့ လက်ပ်တော့များ ဘက်ထရီ မီးလောင်မှုကြောင့် ပြန်သိမ်းနေ

စမတ်ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့များမှာ ပါတဲ့ လစ်သီယန်အိုင်းယွန်း ဘက်ထရီများဟာ အပူလွန်ကဲပြီး မီးလောင် ပေါက်ကွဲတတ်ကြပါတယ်။ အခုလည်း HP ရဲ့ အချို့ လက်ပ်တော့များမှာ ဒီပြဿနာများ ဖြစ်ပွားနေပါတယ်။

၂၀၁၅ ခုနှစ် ဧပြီလကနေ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ရောင်းချခဲ့တဲ့ မော်ဒယ်များမှာ ဒီပြဿနာများ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ပြန်လည် သိမ်းယူနေတဲ့ မော်ဒယ်များမှာ HP ProBooks (64x G2 and G3 series, 65x G2 and G3 series, 4xx G4 series), HPx360 (310 G2), HP Pavilion x360 11inch Notebook PC, HP 11 Notebook PC, HP ZBook (17 G3, and Studio G3) mobile workstations , HP ZBook Studio G4 mobile workstation, HP ProBook 4xx G5 series, HP ENVY 15, HP Mobile Thin Clients (mt21, mt22, and mt31) များ ဖြစ်ပါတယ်။

ယခင်ကလည်း HP ရဲ့ လက်ပ်တော့များကို အလားတူ ပြဿနာများကြောင့် သိမ်းယူခဲ့ရဖူးပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ပထမဆုံး အနေနဲ့ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် သိမ်းယူမှုကို ဒီနှစ် ဇန်နဝါရီလမှာ ပြုလုပ်ခဲ့တာပါ။ အခု မတ်လ ၁၂ ရက်နေ့မှာ တတိယ အကြိမ် သိမ်းယူခဲ့တာပါ။

Ref : theverge

You may be interested

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares15 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

Leave a Comment

Most from this category