211 Shares 52 Views


Mar 14, 2019
211 52





Ref : theverge

[Unicode]

Pixel Phone များမှာ Android Q Beta ရပြီ

ပထမမျိုးဆက် Pixel Phone များကနေ နောက်ဆုံး မျိုးဆက် Pixel 3 , Pixel 3 XL များ အားလုံးဟာ Android Q ရဲ့ ပထမဆုံး Beta Version ကို အင်စတော လုပ်နိုင်ပြီ ဖြစ်ပါတယ်။ Beta Version ဟာ Developer များ သူတို့ရဲ့ App များကို စမ်းသပ်ဖို့ အတွက် ရည်ရွယ်ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။ အဲဒီအတွက် Bugs များ ပါလာနိုင်ပါတယ်။

Android Q ရဲ့ လုပ်ဆောင်ချက် အများစုကို ယခင်နှစ် မေလမှာ ကျင်းပခဲ့တဲ့ Google I/O Conference မှာ ဂူဂယ်က ကြေညာခဲ့တာ ဖြစ်ပါတယ်။ Android Q မှာ ခေါက်ချိုး စကရင်များကိုလည်း ထောက်ပံ့လာပါတယ်။ Location အတွက် Permission Management System အသစ် ပါလာပါတယ်။ App ကို သုံးနေချိန်မှသာ Permission ပေးထားနိုင်သလို အချိန်ပြည့် Permission ပေးထားနိုင်ပါတယ်။

App တစ်ခုက ဒေတာများကို အခြား App မှာ အခြား လူနဲ့ မျှဝေဖို့ လွယ်ကူ အဆင်ပြေတဲ့ Sharing Shortcuts ပါလာပါတယ်။ Privacy အပိုင်းမှာလည်း တိုးတက်လာပါတယ်။ App များက သင့် ဖုန်းမှ ဓါတ်ပုံ၊ ဗီဒီယိုနဲ့ အသံဖိုင်များကို ရယူခြင်းများအားလည်း ကန့်သတ်နိုင်တဲ့ Settings များ ပါလာပါတယ်။ နောက်ကွယ်မှာ Run နေတဲ့ App များကို Resume , Pause လုပ်ခြင်းများအတွက်လည်း ပိုကောင်းလာပါတယ်။

Settings Panel API အသစ်လည်း ပါလာပြီး Bluetooth , WiFi, NFC တို့လို Settings များကို Pop-up အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ထုတ် ပထမဆုံး Pixel Phone များအတွက် Android Q ကို ဖြန့်ချီပေးတာ ထူးဆန်းပါတယ်။ အဲဒီ ဖုန်းများဟာ လူကြိုက်များတဲ့ အတွက် အခုလို ပြုလုပ်ပေးတာ ဖြစ်ပါတယ်။

Ref : theverge

You may be interested

မျက်နှာမှ သွေးကြောများကို အာရုံခံပြီး Unlock လုပ်နိုင်မယ့် iPhone 11
Apple, HUBS, Mobiles & Tablets
0 shares0 views

မျက်နှာမှ သွေးကြောများကို အာရုံခံပြီး Unlock လုပ်နိုင်မယ့် iPhone 11

Ko Thuya - Mar 21, 2019

Samsung Galaxy S10 ရဲ့ Face Unlock ကို ဓါတ်ပုံအတုများနဲ့ လှည့်စားလို့ရတယ်ဆိုတဲ့ သတင်းများ မကြာခင်က ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီအတွက် မျက်နှာအာရုံခံ စနစ်ဟာ ရာနှုန်းပြည့် မလုံခြုံပါဘူး။ အဲဒါကြောင့် သူ့ထက် လုံခြုံတဲ့ နည်းပညာတစ်ခုကို Apple က…

Samsung Galaxy A40 စမတ်ဖုန်း ထွက်ရှိ
Mobiles & Tablets, NEWS, Samsung
47 shares155 views

Samsung Galaxy A40 စမတ်ဖုန်း ထွက်ရှိ

Nigma - Mar 21, 2019

Galaxy A Series ဖုန်းအသစ် Galaxy A30 နဲ့ Galaxy A50 တို့ ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာချိန်မှာ နောက်ထပ် Galaxy A Series ဖုန်းအသစ်တမျိုးကို နယ်သာလန်နိုင်ငံမှာ ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ Galaxy A30 နဲ့…

Messenger မှာ မက်ဆေ့တခုကို ရွေးချယ် Reply ပြန်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ
NEWS, Softwares & Application
73 shares216 views

Messenger မှာ မက်ဆေ့တခုကို ရွေးချယ် Reply ပြန်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ

Nigma - Mar 21, 2019

Messenger မှာ အဓိက လိုအပ်နေတဲ့ လုပ်ဆောင်ချက်အသစ်တခု ပါဝင်လာပါတယ်။ Quoted replies ဆိုတဲ့ လုပ်ဆောင်ချက်ပါ။ မက်ဆေ့တခုကို ရွေးချယ်ပြီး Reply ပြန်ပြောနိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေ အများကြီးနဲ့ Group Chat ပြောတဲ့အခါ တယောက်တပေါက်နဲ့ ပြန်ပြောရတာ အခက်တွေ့ကြမှာပါ။…

Leave a Comment

Most from this category