0 Shares 135 Views


Mar 14, 2019
0 135





Ref : techradar

[Unicode]

Galaxy S10 မှာ Face Unlock အစား ပိုလုံခြုံတဲ့ Fingerprint Scanner ကို သုံးဖို့ Samsung ပြော

Samsung ရဲ့ နောက်ဆုံးထုတ် Galaxy S10 ဟာ စွမ်းရည်မြင့်မားပါတယ်။ ဒါပေမယ့် Lock Screen Security နဲ့ ပတ်သက်ပြီးတော့ အားနည်းချက် ရှိနေပါတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အွန်လိုင်းမှာ ပွခဲ့ပါတယ်။ အဲဒါကတော့ သူ့ရဲ့ Face Unlock ကို ဓါတ်ပုံ၊ ဗီဒီယိုများနဲ့ လှည့်စား ကျော်ဖြတ်နိုင်တာပါ။ အမွှာ ၂ ယောက်ကိုတောင် ဖုန်းက မခွဲခြားနိုင်ဘူးလို့ လက်တွေ့ စမ်းသပ်မှုများက ပြောထားပါတယ်။

The Verge နဲ့ Lewis Hilsenteger (Unbox Therapy) တို့က Galaxy S10 ရဲ့ မျက်နှာ ခွဲခြမ်းစိတ်ဖြာတဲ့ စနစ်ကို အဲဒီလို လှည့်စားနိုင်ခဲ့ကြတာကို ဖော်ပြထားကြပါတယ်။ အခြား ဖုန်း တစ်လုံးမှာ ပိုင်ရှင်ရဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုများကို Galaxy S10 ရဲ့ Face Unlock စနစ်အား ပြသခြင်းဖြင့် လှည့်စားခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒါနဲ့ ပတ်သက်ပြီး TechRadar က Samsung အား မေးမြန်းခဲ့ပါတယ်။ ဆမ်ဆောင်းက Face Unlock ဟာ ဖုန်းကို မြန်မြန် Unlock လုပ်ပေးနိုင်ပြီး ပိုလုံခြုံချင်ရင်တော့ Fingerprint Scanner ကို သုံးပါလို့ ပြောပါတယ်။

Apple ရဲ့ Face ID မှာ 3D Face Mapping အတွက် သီးခြား ဆန်ဆာတစ်လုံးကို အရှေ့ဘက်မှာ ထည့်သွင်းထားပါတယ်။ Samsung Galaxy S10 မှာတော့ အဲဒီလိုမျိုး ဆန်ဆာ မပါပါဘူး။ အဲဒါကြောင့် Face ID ကို ဓါတ်ပုံများနဲ့ လှည့်စားလို့ မရပါဘူး။ Galaxy S10 မှာ Notch မပါတဲ့ Punch-hole Camera Design ကို သုံးထားတဲ့ အတွက် အပို ဆန်ဆာကို မထည့်သွင်းနိုင်တာဖြစ်ပါတယ်။ လာမယ့် Software Update များမှာ Face Unlock ကို ပိုကောင်းအောင် ဆမ်ဆောင်းက ပြုလုပ်ပေးနိုင်ပါတယ်။

Ref : techradar

You may be interested

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares15 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

Leave a Comment

Most from this category