317 Shares 71 Views


Mar 14, 2019
317 71





Ref : theverge

[Unicode]

ကမ္ဘာအဝန်းမှ User အချို့ရဲ့ Facebook များ သုံးမရ ဖြစ်နေ

Facebook နဲ့ Instagram တို့ရဲ့ လုပ်ဆောင်ချက် အချို့ကို ကမ္ဘာအဝန်းမှ User အချို့မှာ အသုံးပြုလို့ မရဘဲ ဖြစ်နေပါတယ်။ မက်ဆင်ဂျာမှာ စာများ ပို့မရတဲ့ ပြဿနာ ဖြစ်နေတယ်လို့ အချို့က ပြောနေကြပါတယ်။ ဒါ့အပြင် Facebook မှာ ပို့စ်များ တင်မရတဲ့ ပြဿနာလည်း ဖြစ်ပွားနေပါတယ်။ Facebook နဲ့ Instagram အပြင် WhatsApp မှာလည်း လုပ်ဆောင်ချက် အချို့ကို သုံးမရခြင်းများ ဖြစ်ပွားနေပါတယ်။ ဒါ့အပြင် Facebook ပိုင်တဲ့ Oculus VR မှာတောင် ပြဿနာ တက်နေတယ်လို့ သိရပါတယ်။

Paraguay, India, Bangladesh, Argentina နဲ့ အခြား နိုင်ငံများမှာ WhatsApp က ပြဿနာတက်ခဲ့ပါတယ်။ မက်ဆေ့များ ပို့မရဘူးလို့ ပြောကြပါတယ်။ DownDetector က ဘရာဇီးက အဆိုးဆုံး ဖြစ်တယ်လို့ ပြောပါတယ်။ Facebook သုံးမရတဲ့ ပြဿနာ ဖြစ်ပွားနေတယ်လို့ သတင်းထွက်လာပြီးနောက် တစ်နာရီအကြာမှာ Facebook က ဒါဟာ DDoS တိုက်ခိုက်မှုနဲ့ မသက်ဆိုင်ဘူးလို့ တွစ်တာမှာ ကြေညာခဲ့ပါတယ်။

DownDetector က အဓိက ပြဿနာ ဖြစ်ပွားတဲ့ နေရာများဟာ New England , Texas, Seattle , Washington , UK , India, Philippines , Latin America တို့ ဖြစ်တယ်လို့ ပြောပါတယ်။ Canada , Las Vegas နဲ့ Turkey တို့က User များကလည်း ပြဿနာ ဖြစ်တယ်လို့ ပြောကြပါတယ်။

Users အချို့ကလည်း Tinder, Spotify တို့လို App များကို Facebook နဲ့ Sign In လုပ်တာလည်း မရဘူးလို့ ပြောကြပါတယ်။ ဒီလိုလုပ်ရင် “ This Feature isn’t available right now “ လို့ သတိပေးစာပေါ်လာပါတယ်။

Ref : theverge

You may be interested

မျက်နှာမှ သွေးကြောများကို အာရုံခံပြီး Unlock လုပ်နိုင်မယ့် iPhone 11
Apple, HUBS, Mobiles & Tablets
0 shares0 views

မျက်နှာမှ သွေးကြောများကို အာရုံခံပြီး Unlock လုပ်နိုင်မယ့် iPhone 11

Ko Thuya - Mar 21, 2019

Samsung Galaxy S10 ရဲ့ Face Unlock ကို ဓါတ်ပုံအတုများနဲ့ လှည့်စားလို့ရတယ်ဆိုတဲ့ သတင်းများ မကြာခင်က ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီအတွက် မျက်နှာအာရုံခံ စနစ်ဟာ ရာနှုန်းပြည့် မလုံခြုံပါဘူး။ အဲဒါကြောင့် သူ့ထက် လုံခြုံတဲ့ နည်းပညာတစ်ခုကို Apple က…

Samsung Galaxy A40 စမတ်ဖုန်း ထွက်ရှိ
Mobiles & Tablets, NEWS, Samsung
47 shares155 views

Samsung Galaxy A40 စမတ်ဖုန်း ထွက်ရှိ

Nigma - Mar 21, 2019

Galaxy A Series ဖုန်းအသစ် Galaxy A30 နဲ့ Galaxy A50 တို့ ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာချိန်မှာ နောက်ထပ် Galaxy A Series ဖုန်းအသစ်တမျိုးကို နယ်သာလန်နိုင်ငံမှာ ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ Galaxy A30 နဲ့…

Messenger မှာ မက်ဆေ့တခုကို ရွေးချယ် Reply ပြန်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ
NEWS, Softwares & Application
73 shares216 views

Messenger မှာ မက်ဆေ့တခုကို ရွေးချယ် Reply ပြန်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ

Nigma - Mar 21, 2019

Messenger မှာ အဓိက လိုအပ်နေတဲ့ လုပ်ဆောင်ချက်အသစ်တခု ပါဝင်လာပါတယ်။ Quoted replies ဆိုတဲ့ လုပ်ဆောင်ချက်ပါ။ မက်ဆေ့တခုကို ရွေးချယ်ပြီး Reply ပြန်ပြောနိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေ အများကြီးနဲ့ Group Chat ပြောတဲ့အခါ တယောက်တပေါက်နဲ့ ပြန်ပြောရတာ အခက်တွေ့ကြမှာပါ။…

Leave a Comment

Most from this category