Mac အတွက် Chrome 73 မှာ Dark Mode ပါဝင်လာ

Mac နဲ့ Windows အတွက် ယနေ့ တရားဝင် ထုတ်ပေးလိုက်တဲ့ Chrome browser stable version 73 မှာ Dark Mode ပါဝင်လာပါတယ်။ Mac အတွက်ပဲ ပါဝင်လာတာဖြစ်ပြီး၊ Windows အသုံးပြုသူတွေကတော့ စောင့်ရပါဦးမယ်။

အရင်တုန်းက Chrome မှာ Dark Mode သုံးချင်ရင် Chrome Web Store မှာ Google ကိုယ်တိုင်က ထုတ်ပေးထားတဲ့ Themes တွေကနေပဲ အသုံးပြုခဲ့ရတာပါ။ ဒါမှမဟုတ် Incognito Mode သုံးရင်လည်း အနက် ဖြစ်သွားမှာပါ။ ဒါပေမယ့် အခုတော့ Chrome မှာ ဘာမှ မလိုဘဲ Dark Mode သုံးနိုင်ပါပြီ။

Mac အသုံးပြုသူတွေအနေနဲ့ Chrome မှာ Dark Mode သုံးချင်ရင် အရင်ဆုံး Chrome browser ကို Update လုပ်ပေးပါ။ အပေါ်ညာဘက်ထောင့်က Menu ကနေ Help ထဲက About Google Chrome မှာ Update ပြုလုပ်နိုင်ပါတယ်။ Version 73 ဖြစ်သွားပြီဆိုရင် Mac ရဲ့ System Preference ထဲက General မှာ Appearance ကို Light ကနေ Dark ပြောင်းပေးလိုက်ပါ။ ဒီအခါ Chrome browser ကလည်း အလိုအလျောက် Dark Mode ဖြစ်သွားပါလိမ့်မယ်။ Appearance ကို Dark လုပ်ပြီးသားလူတွေဆိုရင်တော့ Browser ကို Update လုပ်လိုက်တာနဲ့ အလိုလို Dark Mode ဖြစ်သွားပါလိမ့်မယ်။

Windows အသုံးပြုသူတွေကတော့ စိတ်မကောင်းစွာပဲ Dark Mode သုံးဖို့ စောင့်ရဦးမှာပါ။ လာတော့မယ်လို့ Google က Release Notes မှာ ရေးသားထားပါတယ်။

အသစ်ထွက်ရှိလာတဲ့ Chrome 73 မှာ Mac အတွက် Progressive Web Apps support လည်း ပါဝင်လာတယ်လို့ သိရပါတယ်။

Ref: Mac Rumors

Mac အတွက် Chrome 73 မှာ Dark Mode ပါဝင်လာ

%d bloggers like this: