Huawei က စမတ်နာရီ အသစ်နှစ်လုံး ထုတ်မည်

Huawei က ပြီးခဲ့တဲ့ နှစ်မှာ Watch GT အမည်ရ စမတ်နာရီ အသစ်ကို ကြေညာခဲ့ပါတယ်။ သူ့မှာ Google ရဲ့ Wear OS ထည့်သွင်းထားတာ မဟုတ်ပါဘူး။ Huawei ကိုယ်တိုင် ဖန်တီးထားတဲ့ Lite OS မောင်းနှင်ထားတာ ဖြစ်ပါတယ်။ အခုတော့ Huawei က Lite OS ထည့်သွင်းထားတဲ့ စမတ်နာရီ အသစ်နှစ်လုံးကို ဖန်တီးနေတယ်လို့ ပြောပါတယ်။

အဲဒီ စမတ်နာရီ နှစ်လုံးရဲ့ အမည်များမှာ Watch GT Active နဲ့ Watch GT Elegant တို့ ဖြစ်တယ်လို့ WinFuture က ရေးသားထားပါတယ်။ မူလ Watch GT နဲ့ သိပ်ပြီး ပြောင်းလဲထားမှာ မဟုတ်ပါဘူး။ ကွာခြားချက်တစ်ခုက အရောင် ဖြစ်ပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ ဓါတ်ပုံအရ GT Elegant ကိုတော့ အဖြူနဲ့ အနက်ရောင်များ ဖန်တီးထားပါတယ်။ GT Active ရဲ့ အရောင်ဟာ Dark Green နဲ့ Orange တို့ ဖြစ်ပါတယ်။ ကိုယ်ထည်နဲ့ ဘောင်အရောင်များကိုလည်း အနည်းငယ် ပြင်ဆင်ထားပါတယ်။

သူတို့ ၂ လုံးရဲ့ စကရင် အရွယ်အစားကတော့ မူလ မော်ဒယ်လိုပဲ ၁.၃၉ လက်မ ဖြစ်ပါတယ်။ သူတု့ိကို ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ မူလ မော်ဒယ်ကို ပြီးခဲ့တဲ့လ အနည်းငယ်ကမှ ရောင်းချထားတာ ဖြစ်ပါတယ်။ Active ကို ယူရို ၂၄၉ နဲ့ Elegant ကို ယူရို ၂၂၉ နဲ့ ရောင်းချနိုင်ပါတယ်။ လက်ရှိမှာတော့ သူတို့ရဲ့ သတင်းအချက်အလက်များကို ဒီလောက်ပဲ သိရပါသေးတယ်။

Ref : ubergizmo

Huawei က စမတ်နာရီ အသစ်နှစ်လုံး ထုတ်မည်

%d bloggers like this: