Android ရဲ့ Gmail App မှာ Smart Compose ပါလာပြီ

ဒတ်စတော့ရဲ့ Gmail မှာ ထည့်ထားတဲ့ Smart Compose ဟာ အလွန် အသုံးဝင်ပါတယ်။ သူက စကားလုံးများ၊ စကားစုများကို အကြံပြုပြသပေးတာ ဖြစ်ပါတယ်။ အဲဒီအတွက် စာရိုက်ရာမှာ များစွာ သက်သာစေပါတယ်။

အခုတော့ အီးမေး ရေးတဲ့ အခါမှာ စကားလုံးများ၊ စကားစုများကို အကြံပြု ထည့်သွင်းပေးတဲ့ Smart Compose Feature ကို Android App အတွက် Google က ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကို ဒတ်စတော့မှာ ထည့်သွင်းပေးထားတာ အတော်ကြာနေပါပြီ။ အန်းဒရွိုက်မှာ သူ့ကို သုံးနိုင်ဖို့ Gmail Version 9.2.3 ကို ထည့်ထားရမှာ ဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ကို Default အားဖြင့် ဖွင့်ပေးထားပါတယ်။ Compose Button ကို နှိပ်ရင် သူ့ကို ဖွင့်ထားကြောင်း အသိပေးမှာ ဖြစ်ပါတယ်။ အီးမေးရေးတဲ့ အခါ စကားလုံးများကို အကြံပြုပေးရင် ညာဘက်ကို ပွတ်ဆွဲလိုက်တာနဲ့ အဲဒီ စကားလုံးကို ထည့်သွင်းနိုင်မှာပါ။

Smart Compose ကို ဒတ်စတော့မှာ အရင်ဆုံး စမ်းသပ်ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ G Suite Accounts များမှာ အသုံးပြုခွင့်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ Pixel Smartphone များမှာ အသုံးပြုနိုင်ခဲ့ပါတယ်။ အခုတော့ Android Device အားလုံးမှာ ထည့်သွင်းပေးခဲ့ပါတယ်။

Ref : androidpolice

Android ရဲ့ Gmail App မှာ Smart Compose ပါလာပြီ

%d bloggers like this: