Facebook က Messenger အသုံးပြုသူတွေအတွက် Dark Mode ကို ထုတ်ပေးတော့မှာ ဖြစ်ကြောင်း လွန်ခဲ့တဲ့ အောက်တိုဘာမှာ စတင်ကြေညာခဲ့ပါတယ်။ ဒီလို ကြေညာပြီး အခု လေးလကျော်ကြာတဲ့အထိ Dark Mode ကို တရားဝင် မထုတ်ပေးရသေးပါဘူး။ ဒါပေမယ့် ကြိုတင်အသုံးပြုချင်သူတွေအတွက် နည်းလမ်းတခု ရှိပါတယ်။
ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး။ Messenger ကနေ တယောက်ယောက်ကို လ ပုံ Emoji ( ဒါလေး 🌙 ) ပို့ လိုက်ရုံပါပဲ။ အရင်ဆုံး Messenger App ကို Update လုပ်ထားပေးဖို့ တော့ လိုပါတယ်။ လ ပုံလေး ပို့လိုက်တာနဲ့ Chat ထဲမှာ လ လေးတွေ ကျလာမှာ ဖြစ်ပြီး၊ အပေါ်ဘက်နားမှာ “You Found Dark Mode!” ဆိုတဲ့ စာသားလေး ပေါ်လာမှာ ဖြစ်ပါတယ်။
Tun on in Settings ဆိုတဲ့ ခလုတ်လေးလည်း တပါတည်း ပါဝင်ပါတယ်။ နှိပ်လိုက်ရင်တော့ Messenger ရဲ့ Settings ထဲ ရောက်သွားပါလိမ့်မယ်။ ဒီအခါမှာတော့ “Dark Mode” ဆိုတဲ့ Option အသစ်လေးတခုကို မြင်တွေ့ရမှာပါ။ ဖွင့်ပေးလိုက်တာနဲ့ သင့် Messenger လည်း မဲနက်သွားပါလိမ့်မယ်။
Dark Mode ဟာ စမ်းသပ်နေဆဲ လုပ်ဆောင်ချက်တခုဖြစ်တာကြောင့် တချို့နေရာတွေမှာ မပေါ်တာမျိုး ရှိပါလိမ့်မယ်။
Messenger မှာ Dark Mode ဖော်တဲ့ ဒီနည်းလမ်းဟာ နိုင်ငံတိုင်းနဲ့ Platform တိုင်းမှာ အလုပ်ဖြစ်မဖြစ်က မသေချာသေးပါဘူး။ ဒါပေမယ့် ဖိလစ်ပိုင်၊ ပေါ်တူဂီ၊ ဆော်ဒီ၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေက Reddit အသုံးပြုသူတွေရဲ့ ပြောစကားအရရော၊ သုံးစွဲနေသူ သူငယ်ချင်း၊ မိတ်ဆွေတွေရဲ့ ပြောစကားအရ Android ကော iOS မှာပါ အလုပ်ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အသုံးပြုသူတိုင်းလိုလို ဒီနည်းလမ်းနဲ့ Dark Mode အသုံးပြုနိုင်ပါတယ်။ တကယ်လို့ မလုပ်ချင်ဘူးဆိုလည်း ခဏလောက်ပဲ စောင့်ရမှာပါ။ မကြာမီ အချိန်အတွင်း Facebook က တရားဝင် ထည့်ပေးတော့မယ်လို့ သိထားရပါတယ်။
Ref: GSM Arena
Facebook Messenger မှာ Dark Mode အသုံးပြုနည်း