ကလေးသူငယ်များ ပါဝင်သည့် ဗီဒီယိုတွေမှာ Comments ပိတ်လိုက်တဲ့ YouTube

ကလေးတွေအပေါ် လိင်စိတ် ယိမ်းတဲ့လူတွေ (Pedophiles) တွေက ကလေးသူငယ်တွေ ပါဝင်တဲ့ YouTube ဗီဒီယိုတွေမှာ ညစ်ညမ်းကြမ်းတမ်းတဲ့ comments တွေ ပေးနေကြတာကြောင့် YouTube က ကလေးတွေ ပါတဲ့ ဗီဒီယိုတွေမှာ comment ပေးခွင့် လုံးဝ ပိတ်လိုက်ပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့တပတ်အတွင်း ကလေးသူငယ်တွေ ပါဝင်တဲ့ ဗီဒီယို သန်းပေါင်းများစွာက Comments တွေကို ဖယ်ရှား၊ ပိတ်ပင်ခဲ့ပြီး ဖြစ်တယ်လို့ YouTube က ကြေငြာခဲ့ပါတယ်။ ဒါကြောင့် YouTube က ကလေးတွေ ပါတဲ့ ဟာသဗီဒီယို အပါအဝင် ဗီဒီယိုတိုင်းလိုလိုမှာ Comments တွေကို တွေ့ရတော့မှာ မဟုတ်ပါဘူး။ နောက်အနာဂတ်မှာလည်း အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေးတွေရဲ့ ဗီဒီယိုတိုင်းလိုလိုမှာ Comments section လုံးဝ ပါဝင်လာတော့မှာ မဟုတ်ပါဘူး။ တချို့သော ချန်နယ်အချို့ကိုပဲ Comment section ဆက်လက် ထည့်သွင်းခွင့် ပြုမှာ ဖြစ်ပါတယ်။ ဒါတောင် အဆိုပါချန်နယ်တွေအနေနဲ့ YouTube က ထုတ်ပေးထားတဲ့ စိစစ်ရေး Moderation tools တွေကို သုံးရုံတင်မက၊ သူတို့ ချန်နယ်က ကလေးတွေ ပါတဲ့ ဗီဒီယိုတွေအောက် comments တွေကို အချိန်ပြည့် စောင့်ကြည့်စစ်ဆေးပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

YouTube ပေါ်က ကလေးသူငယ်တွေ ပါတဲ့ ဗီဒီယိုတွေမှာ ညစ်ညမ်း၊ရိုင်းစိုင်းတဲ့ မှတ်ချက်တွေကို တွေ့ရှိခဲ့ရပြီးနောက်မှာ AT&T, Disney, Epic Games စတဲ့ ကုမ္ပဏီကြီးတွေက YouTube မှာ ကြော်ငြာ ရပ်ဆိုင်းခဲ့ကြပါတယ်။ ဒါကြောင့် YouTube ဘက်က ဒီပြဿနာကို အခုလို တုံ့ပြန်ဖြေရှင်းလိုက်တာပါ။

Comments တွေ ပိတ်လိုက်တဲ့အပြင် ရိုင်းစိုင်းညစ်ညမ်းတဲ့ comments တွေကို အရင်ထက် ၂ ဆ ပို၊ သိရှိ ဖယ်ရှားပေးနိုင်မယ့် အလိုအလျောက် comment စိစစ်ဖယ်ရှားမှု စနစ်အသစ်ကိုလည်း ထုတ်ပေးပြီး ဖြစ်တယ်လို့ YouTube က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Ref: Engadget

ကလေးသူငယ်များ ပါဝင်သည့် ဗီဒီယိုတွေမှာ Comments ပိတ်လိုက်တဲ့ YouTube

ကလေးသူငယ်တွေ ပါဝင်တဲ့ YouTube ဗီဒီယိုတွေမှာ ကလေးတွေအပေါ် လိင်စိတ် ယိမ်းတဲ့လူတွေ (Pedophiles) တွေက ညစ်ညမ်းကြမ်းတမ်းတဲ့ comments တွေ ပေးနေကြတာကြောင့် ကလေးတွေ ပါတဲ့ ဗီဒီယိုတိုင်းမှာ Comment section ကို လုံးဝ ပိတ်ပစ်လိုက်ပြီ ဖြစ်ပါတယ်။

%d bloggers like this: