48MP Camera နဲ့ 128GB Storage များ ပါတဲ့ Redmi Note 7 Pro ကို ကြေညာ

ရှောင်မီက အိန္ဒိယမှာ Redmi Note 7 နဲ့ Redmi Note 7 Pro တို့ကို ကြေညာလိုက်ပါတယ်။ သတင်းများထွက်ထားတဲ့ အတိုင်းပဲ ပရိုဗားရှင်းမှာ Snapdragon 675 , 48MP Camera , 128GB Storage များ ပါပါတယ်။ ဒါပေမယ့် Vanilla Version မှာတော့ 48MP အစား 12MP ကိုသာ သုံးထားပါတယ်။

Redmi Note 7 Pro ရဲ့ Chipset ဟာ Octa-core ဖြစ်ပါတယ်။ Adreno 612 GPU ပါပါတယ်။ 48MP Sensor ဟာ Sony IMX586 ဖြစ်ပြီး Redmi Note 7 ရဲ့ Samsung GM1 Sensor ထက် အဆင့်မြင့်လာပါတယ်။ သူ့ကို 5MP Camera နဲ့ တွဲဖက်ထားပါတယ်။ အရှေ့ကင်မရာက 13MP ဖြစ်ပါတယ်။ 4 GB RAM + 64 GB storage or 6 GB + 128 GB storage များ ရွေးချယ်နိုင်ပါတယ်။ microSD Card စိုက်နိုင်ပါတယ်။

အခြား Specs များက Redmi Note 7 နဲ့ တူညီပါတယ်။ အဲဒီအထဲမှာ ကင်မရာများ၊ 4000mAh Battery နဲ့ ၆.၃ လက်မ မျက်နှာပြင်တို့ ပါဝင်ပါတယ်။ သူဟာ Quick Charge 4 ကို ထောက်ပံ့ပေမယ့် 10W Charger သာ ထည့်ပေးထားပါတယ်။ အရှေ့နဲ့ အနောက်ဘက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ လာမယ့်တစ်ပတ် မတ်လ ၁၃ ရက်တွင် အိန္ဒိယမှာ ရောင်းချမှာပါ။ Nebula Red, Neptune Blue နဲ့ Space Black များ ထုတ်လုပ်ပေးထားပါတယ်။ 4/64GB ကို ရူပီး ၁၃ ၉၉၉ နဲ့ 6/128GB ကို ရူပီး ၁၆ ၉၉၉ သတ်မှတ်ထားပါတယ်။

အိန္ဒိယမှာ ရောင်းမယ့် Redmi Note 7 မှာ Snapdragon 660 , 6.3” Screen , 4000mAh Battery များပါပါတယ်။ ဒါပေမယ့် အနောက်ဘက် ကင်မရာများက ကွဲပြားပြီး 12MP+2MP ထည့်ထားပါတယ်။ 3/32GB ကို ရူပီး ၉၉၉၉ နဲ့ 4/64GB ကို ရူပီး ၁၁ ၉၉၉ သတ်မှတ်ထားပါတယ်။

Ref : gsmarena

48MP Camera နဲ့ 128GB Storage များ ပါတဲ့ Redmi Note 7 Pro ကို ကြေညာ

%d bloggers like this: