GSMA ရဲ့ အကောင်းဆုံးဖုန်းဆု ရသွားတဲ့ Huawei Mate 20 Pro

Mobile World Congress ပွဲကြီးရဲ့ နောက်ဆုံးနေ့ ရောက်လာတာနဲ့အတူ နှစ်စဉ် ပေးအပ်နေကြ GSMA ဆုတွေလည်း ထွက်ရှိလာပါပြီ။

Global Mobility of Employees (GLOMO) လို့ အမည်ပေးထားတဲ့ ယခု ဆုတံဆိပ်တွေဟာ မိုဘိုင်းနဲ့ ဒီဂျစ်တယ် နယ်ပယ်အမျိုးမျိုးက အကောင်းဆုံးသော Product တွေ၊ နည်းပညာတွေကို ချီးမြှင့်တာ ဖြစ်ပါတယ်။ နည်းပညာပစ္စည်း (Device) တွေနဲ့ သက်ဆိုင်တဲ့ ဆုတွေကိုပဲ အကျဉ်းချုံး ဖော်ပြသွားပါမယ်။

GLOMO အကောင်းဆုံး စမတ်ဖုန်းဆုကိုတော့ ဆုရွေးချယ်ဆုံးဖြတ်ရေးတာဝန်ရှိသူတွေက Huawei Mate 20 Pro ဖုန်းကို အပ်နှင်းခဲ့ပါတယ်။

မိုဘိုင်းအသုံးပြုသူတွေအတွက် အကောင်းဆုံးတီထွင်ဆန်းသစ်မှု ဆုကိုတော့ Fortnite ဂိမ်း ထုတ်တဲ့ Epics Games က ရသွားပါတယ်။ အကောင်းဆုံး ဝတ်ဆင်နိုင်သည့် မိုဘိုင်းနည်းပညာ ကိုတော့ Galaxy Watch နဲ့ Samsung က ရရှိသွားခဲ့ပါတယ်။

ဈေးကွက်ကို အကိုင်လှုပ်နိုင်ဆုံး နည်းပညာဆန်းသစ်မှု (Disruptive Device Innovation) ကိုတော့ Pixel 3 နဲ့ Pixel 3 XL ဖုန်းတွေမှာ စတင် ပါဝင်ခဲ့တဲ့ Google ရဲ့ Night Sight နည်းပညာက ရရှိသွားခဲ့ပါတယ်။

GSMA က ချီးမြှင့်တဲ့ GLOMO 2019 ဆု ရရှိသူ စာရင်းအပြည့်အစုံကို အောက်ပါ Link မှာ ဖတ်ရှုနိုင်ပါတယ်။

https://www.mwcbarcelona.com/conference-programmes/global-mobile-awards/winners-2019/

Ref: GSM Arena

GSMA ရဲ့ အကောင်းဆုံးဖုန်းဆု ရသွားတဲ့ Huawei Mate 20 Pro

%d bloggers like this: