လက်ပ်တော့ကို အားသွင်းပေးနိုင်တဲ့ Power Bank

လက်တော့နဲ့ ဂိမ်းစက်များကိုလည်း အားသွင်းပေးနိုင်တဲ့ Power Bank များလည်းထွက်ပေါ်ခဲ့ပြီးပါပြီ။ အခုတော့ အဲဒီ အလုပ်များ အပြင် ကားစက်ကိုတောင် နှိုးပေးနိုင်တဲ့ Power Bank တစ်ခု ပေါ်ထွက်လာပါတယ်။

iClever က ထုတ်လုပ်ထားခြင်း ဖြစ်ပြီး 20 000mAh Battery Pack ဖြစ်ပါတယ်။ သူ့မှာ USB-C Port ကနေ 30W စွမ်းအင်အထိ ပို့ဆောင်ပေးနိုင်ပါတယ်။ ၁၂ လက်မ အရွယ် အစား ရှိတဲ့ MacBook ကို အမြန်နှုန်း အပြည့်ဖြင့် အားသွင်းပေးနိုင်ပါတယ်။ သင် ကစားနေစဉ် Portable Mode ဖြင့် သင့်ရဲ့ Nintendo Switch ဂိမ်းစက်ကို အားသွင်းပေးနိုင်ပါတယ်။ စမတ်ဖုန်းနဲ့ အခြား ကိရိယာများအတွက် သမားရိုးကျ USB Ports နှစ်ခုကိုလည်း ထည့်သွင်းပေးထားပြီး တစ်ခုမှာ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ Quick Charge 3.0 ပါပါတယ်။

သူ့မှာ ဖြုတ်တပ်နိုင်တဲ့ Jumper Cables များ ပါပြီး ကားဘက်ထရီကို ထောက်နှိုးပေးနိုင်ပါတယ်။ 800A အဆင့် သတ်မှတ်ထားတဲ့အတွက် 8L အထိ ရှိတဲ့ ပုံမှန်ကား အင်ဂျင်များကို ထောက်ပံ့ပါတယ်။ ( ဒီဇယ်ကားဆိုရင် 6.5L အထိ ထောက်ပံ့ပါတယ်။ ) ၇၂ ဒေါ်လာ သတ်မှတ်ထားတဲ့အတွက် မြန်မာငွေ ၁၀၀ ၀၀၀ ကျော် ကျသင့်နိုင်ပါတယ်။

Ref : gizmodo

လက်ပ်တော့ကို အားသွင်းပေးနိုင်တဲ့ Power Bank

%d bloggers like this: