သတင်းများ တင်ဆက်ပေးမယ့် Opera News

နာမည်ကြီး ဘရောက်စာ တစ်ခု ဖြစ်တဲ့ Opera ကို လူတော်တော်များများ သိကြပါတယ်။ သူ့ကို ပီစီနဲ့ မိုဘိုင်း ကိရိယာများအတွက် ထုတ်လုပ်ထားပါတယ်။ စွမ်းရည်နိမ့် ကိရိယာများမှာ လျှင်မြန်စွာ အလုပ်လုပ်တဲ့ ဗားရှင်းများ အပါအဝင် ဘရောက်စာ အမျိုးအစားများစွာကို ထုတ်လုပ်ရာမှာ သူဟာ နာမည်ကြီးပါတယ်။ အခုတော့ အော်ပရာက သတင်းများကို ပြသပေးတဲ့ App တစ်ခုကို ဖန်တီးလိုက်ပါတယ်။

သူ့ရဲ့ အမည်က Opera News ဖြစ်ပါတယ်။ သတင်းများကို ကဏ္ဍများဖြင့် ခွဲခြား ပြသပေးတဲ့ အတွက် သင်နှစ်သက်တဲ့ သတင်း အမျိုးအစားကို လျှင်မြန်စွာ ရှာဖွေနိုင်ပါတယ်။ ရေပန်းစားနေတဲ့ သတင်းများကို ပြသပေးပါတယ်။ ဒါ့အပြင် နောက်ဆုံးရ သတင်း ဗီဒီယိုများကိုပါ ကြည့်နိုင်ပါတယ်။ သင့် ဒေသတွင်း သတင်းများ၊ ကမ္ဘာ့ သတင်းများကို ခွဲခြား ပြသပေးထားတဲ့ အလွန် အဆင်ပြေလှပါတယ်။ Entertainment, Economy, Finance, Business, Technology, Science, Sports, Travel, Fashion, Politics စတဲ့ ကဏ္ဍများဖြင့် ရေပန်းစားနေတဲ့ နောက်ဆုံးရ သတင်းများကို ပြသပေးပါတယ်။

သင့် ဒေသတွင်း သတင်းမီဒီယာများ၊ ကမ္ဘာ့ ထိပ်တန်း မီဒီယာများရဲ့ သတင်းများကို ခွဲခြား ပြသပေးပါတယ်။ သူ့မှာ စွမ်းရည်မြင့် ဉာဏ်ရည်တု နည်းပညာ ထည့်သွင်းထားပြီး သင် စိတ်ဝင်စားမယ့် သတင်းများကို AI က အချိန်နဲ့ တစ်ပြေးညီ ရွေးချယ် ပြသပေးတဲ့ လုပ်ဆောင်ချက် ပါပါတယ်။ သင် App ကို အသုံးပြုမှု များလေလေ၊ AI က သင့် အကြိုက်ကို ပိုသိလေလေ ဖြစ်ပါတယ်။ သင့် ဒေတာများနဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များဟာ လုံခြုံတယ်လို့ အော်ပရာက အာမခံထားပါတယ်။

Instaclips မှာ သတင်း ဗီဒီယိုများသာမက ဝက်ဘ်ဆိုက်များမှ နောက်ဆုံးရ အခြား ဗီဒီယိုများကို မျှဝေနိုင်ပါတယ်။ သတင်းများကို တိကျစွာ ရှာပေးနိုင်တဲ့ စွမ်းရည်မြင့် Search Engine ထည့်သွင်းထားပါတယ်။ သတင်း ကဏ္ဍများကို Follow လုပ်ထားနိုင်ပြီး App ကို ဖွင့်တာနဲ့ သင် နှစ်သက်တဲ့ သတင်းများကို ပြသပေးမှာ ဖြစ်ပါတယ်။

Breaking News များကို သင့်ရဲ့ Home Screen မှာ တိုက်ရိုက်ပြသပေးပါတယ်။ Premier League, Serie A, La Liga, Bundesliga, Ligue 1 နဲ့ နိုင်ငံ ဘောလုံး အသင်းများရဲ့ နောက်ဆုံးရ သတင်းများကို ဖတ်နိုင်ပါတယ်။ သင့် မိုဘိုင်း ဒေတာကို ၈၀ ရာခိုင်နှုန်းအထိ သက်သာစေတဲ့နည်းပညာ ထည့်သွင်းထားပါတယ်။

Download

သတင်းများ တင်ဆက်ပေးမယ့် Opera News

%d bloggers like this: