10000mAh Battery ပါတဲ့ Energizer ရဲ့ ခေါက်ချိုး စမတ်ဖုန်း

Huawei နဲ့ Samsung တို့က ခေါက်ချိုး စမတ်ဖုန်းများကို ပြသခဲ့ကြပြီးပါပြီ။ အခုတော့ ဘက်ထရီ ထုတ်လုပ်တဲ့ Energizer ကလည်း သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို ပြသလိုက်ပါတယ်။ Energizer Power Max 8100S လို့ အမည်ပေးထားပြီး အနောက်ကင်မရာ ၂ လုံး ပါပါတယ်။ 48+12MP များ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 24MP Camera ထည့်ထားပါတယ်။

မျက်နှာပြင်ကို ဖြန့်ထားရင် ကင်မရာအားလုံးကို မြင်ရပါတယ်။ သူ့ရဲ့ 10000mAh Battery က Samsung Galaxy Fold ရဲ့ 4380mAh နဲ့ Huawei Mate X ရဲ့ 4500mAh Battery များထက် အလွန်ကို များပြားနေပါတယ်။ သူ့မှာ Snapdragon 855 , 8GB RAM, 256GB Storage များ ထည့်သွင်းထားပါတယ်။

သူဟာ အခြား ခေါက်ချိုး စမတ်ဖုန်းများလို မျက်နှာပြင်တစ်ခုထဲကို ခေါက်ချိုး အသုံးပြုရတာ မဟုတ်ပါဘူး။ မျက်နှာပြင် နှစ်ခုကို ဆက်ထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ သူ့မှာ မျက်နှာပြင် နှစ်ခု ပါပါတယ်။ တစ်ခုက ၆လက်မ Full HD+ resolution ၊ နောက်တစ်ခုက ၈.၁လက်မ Full HD+ resolution ဖြစ်ပါတယ်။ မျက်နှာပြင် နှစ်ခုရဲ့ အဆက်က ထူထဲပြီး ရုပ်ဆိုးနေပါတယ်။

သူ့မှာ 5G ဆက်သွယ်မှုလည်း ပါပါတယ်။ သူ့ကို ၉၆၆ ဒေါ်လာသတ်မှတ်ထားတာက ပြိုင်ဖက် ခေါက်ချိုး စမတ်ဖုန်းများထက် အားသာချက် ဖြစ်ပါတယ်။ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : techradar

10000mAh Battery ပါတဲ့ Energizer ရဲ့ ခေါက်ချိုး စမတ်ဖုန်း

%d bloggers like this: