FedEx က Delivery Robot ကိုပြသ

Amazon အပါအဝင် ကုမ္ပဏီများက သယ်ယူပို့ဆောင်ရေး စက်ရုပ်များကို ဖန်တီးထားကြပါတယ်။ အခုတော့ FedEx ကလည်း SameDay Bot လို့ အမည်ပေးထားတဲ့ Delivery Robot ကို ပြသလိုက်ပါတယ်။ ကုန်ပစ္စည်းများကို နေ့ချင်း ပို့ဆောင်ပေးဖို့ ဒီအမည်ပေးထားတာ ဖြစ်ပါတယ်။

သူက ဘက်ထရီနဲ့ သွားတာ ဖြစ်ပြီး အမြန်ဆုံး အနေနဲ့ တစ်နာရီလျှင် ၁၀ မိုင်နှုန်း မောင်းနှင်နိုင်ပါတယ်။ သူဟာ မောင်းသူမဲ့ စက်ရုပ် ဖြစ်ပါတယ်။ သူက လမ်းမများမှာ လူများနဲ့ အတားအဆီးများကို ရှောင်ကွင်းသွားနိုင်ပါတယ်။ မီးပွိုင့် အချက်ပြ စနစ်များကိုလည်း နားလည်ပြီး လမ်းကူးနိုင်ပါတယ်။ ဒီလို ပြုလုပ်နိုင်ဖို့ မောင်းသူမဲ့ ကားများမှာ အသုံးပြုတဲ့ လီဒါ ဆန်ဆာနဲ့ ကင်မရာများကို သူ့မှာ ထည့်သွင်းထားပါတယ်။ အခြား Delivery Robot များထက် ထူးခြားတာက သူဟာ လှေခါးများကို တက်နိုင်တာ ဖြစ်ပါတယ်။

FedEx က သူ့ရဲ့ ရုံးများကနေ ကုန်ပစ္စည်း ပို့ဆောင်ပေးနိုင်တဲ့ ဝန်ဆောင်မှု အပြင် စားသောက်ဆိုင်များ၊ စတိုးဆိုင်များမှ ကုန်ပစ္စည်းများကိုလည်း ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ AutoZone, Lowe’s, Pizza Hut, Target, Walgreens, Walmart တို့ အပါအဝင် ကုမ္ပဏီများစွာနဲ့ ပူးပေါင်းထားပါတယ်။ FedEx ရဲ့ Delivery Robot ဟာ ဒီလ ၂၆ ရက်မှာ ကုန်ပစ္စည်းများကို စတင် ပို့ဆောင်ပေးနေပြီ ဖြစ်ပါတယ်။

Ref : theverge

FedEx က Delivery Robot ကိုပြသ

%d bloggers like this: