5G ရတဲ့ ကမ္ဘာ့ ပထမဆုံး ဘောလုံးကွင်း ဖြစ်လာမယ့် ဘာစီလိုနာရဲ့ Nou Camp

FC Barcelona က ဘောလုံးကွင်းထဲမှာ သာမက လူမှုကွန်ရက်များနဲ့ အွန်လိုင်းမှာပါ ပြိုင်ဖက်များထက် ပိုသာအောင် ကြိုးစားနေပါတယ်။ အခုလည်း သူ့ရဲ့ နူးကမ့် ဘောလုံးကွင်းဟာ 5G ရတဲ့ ကမ္ဘာ့ ပထမဆုံး ဘောလုံးကွင်း ဖြစ်အောင် ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ နူးကမ့်မှာ ဘောလုံးပွဲ လာကြည့်သူများဟာ ဘာစီလိုနာရဲ့ ကစားပုံများ၊ ဘောလုံးကွင်း အတွေ့အကြုံများကို မြန်ဆန်တဲ့ အင်တာနက် ဆက်သွယ်မှုနဲ့ Live လွှင့်ခြင်း၊ ကမ္ဘာအဝန်းသို့ မျှဝေခြင်းများကို ပြုလုပ်နိုင်အောင် ဒီလို ပြုလုပ်ပေးတာ ဖြစ်ပါတယ်။

ကလပ်ဟာ 5G ဆက်သွယ်မှု အတွက် စပိန် မိုဘိုင်း အော်ပရေတာ Telefonica နဲ့ ပူးပေါင်းထားပါတယ်။ ဖြစ်ပါတယ်။ သူ့ရဲ့ 5G ကွန်ရက်ဟာ 30Mbps ကနေ 200Mbps အထိ အမြန်နှုန်း ရရှိမှာ ဖြစ်ပါတယ်။ ဒီအမြန်နှုန်းဟာ ၃၆၀ ဒီဂရီ ဗီဒီယိုများကို 4K Quality နဲ့ ရိုက်ကူးပြီး Live လွှင့်နိုင်လောက်အောင် ကောင်းမွန်ပါတယ်။

လူ သောင်း ဂဏန်း ၊ သိန်း ဂဏန်းလောက် လာကြည့်ကြတဲ့ ဘောလုံးကွင်းများမှာ 5G ဆက်သွယ်မှုက ပိုအဆင်ပြေလာမှာ ဖြစ်ပါတယ်။ ကလပ်ရဲ့ ဘောလုံးကွင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရဲ့ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက “ လူ ၉၀ ၀၀၀ ကျော် ဆန့်တဲ့ နူးကမ့်ဟာ ဥရောပမှာ အကြီးမားဆုံး ဘောလုံးကွင်း ဖြစ်ပါတယ်။ ကမ္ဘာ့ ပထမဆုံး ဘောလုံးကွင်း ဖြစ်တာကို ဂုဏ်ယူပါတယ်။ “ လို့ ပြောပါတယ်။

Ref : techradar

5G ရတဲ့ ကမ္ဘာ့ ပထမဆုံး ဘောလုံးကွင်း ဖြစ်လာမယ့် ဘာစီလိုနာရဲ့ Nou Camp

%d bloggers like this: