ကမ္ဘာ့ပထမဆုံး AI အမျိုးသမီး သတင်းကြေညာသူကို ပြသလိုက်တဲ့ Xinhua

တရုတ်ရဲ့ သတင်းဌာနတစ်ခု ဖြစ်တဲ့ ဆင်ဟွာက ကမ္ဘာ့ ပထမဆုံး AI အမျိုးသမီးသတင်းကြေညာသူကို ပြသလိုက်ပါတယ်။ သူမကို ရှာဖွေမှုအင်ဂျင် Sogou နဲ့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။ သူမရဲ့ အမည်က Xin Xiaomeng ဖြစ်ပါတယ်။ သူမဟာ မတ်လမှာ စတင်မယ့် Two Sessions Political Meetings မှာ သတင်းများကို စတင် ကြေညာမှာ ဖြစ်ပါတယ်။

ဆင်ဟွာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဉာဏ်ရည်တု နည်းပညာဖြင့် ဖန်တီးထားတဲ့ သတင်း ကြေညာသူကို ပြသလိုက်ပါတယ်။ သူကတော့ အမျိုးသား ဖြစ်ပါတယ်။ သူဟာ လူသား ပုံသဏ္ဍာန် ဖြစ်ပြီး စာသားများကို အသံထွက် ဖတ်ပြနိုင်ပါတယ်။ တကယ့် လူသား တစ်ယောက်လိုပဲ သူက မျက်နှာ အမူအယာများ၊ နှုတ်ခမ်း လှုပ်ရှားမှုများကို ပြုလုပ်နိုင်ပါတယ်။ သူ့ရဲ့ လေယူ လေသိမ်းနဲ့ အသံများကို တကယ့် သတင်း ကြေညာသူ ဖြစ်တဲ့ Zhang Zhao နဲ့ တူအောင် တုပဖန်တီးထားပါတယ်။ သူ့ရဲ့ သတင်းကြေညာတဲ့ ဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပါတယ်။

သူ့ကို မော်ဒယ် နှစ်ခု ထုတ်လုပ်ထားပြီး တရုတ်နဲ့ အင်္ဂလိပ် ဘာသာစကားများကို ဖတ်ပြနိုင်ပါတယ်။ သူ့ကို ပြည်တွင်း ရှာဖွေမှု အင်ဂျင် Sogou နဲ့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။ ဆင်ဟွာက သူဟာ သတင်းဌာနရဲ့ တီဗီ၊ ဝက်ဘ်ဆိုက်များမှာ အသုံးချနိုင်မယ်လို့ ပြောပါတယ်။ ဆင်ဟွာက “ သူဟာ ဆင်ဟွာရဲ့ ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက်များစွာမှာ တစ်ရက်ကို ၂၄ နာရီ အချိန်ပြည့် အလုပ်လုပ်နိုင်တဲ့ အတွက် သတင်း ထုတ်လုပ်မှု ကုန်ကျစားရိတ်ကို လျှော့ချပေးနိုင်ပါတယ်။ ပိုမိုလည်း စွမ်းရည် ပြည့်ဝပါတယ်။ “ လို့ ပြောပါတယ်။

အနာဂတ်မှာတော့ ဉာဏ်ရည်တု သတင်း ကြေညာသူများဟာ တကယ့် သတင်း ကြေညာသူများနဲ့ ခွဲမရအောင် တူညီတော့မှာ ဖြစ်ပါတယ်။

Ref : weforum

ကမ္ဘာ့ပထမဆုံး AI အမျိုးသမီး သတင်းကြေညာသူကို ပြသလိုက်တဲ့ Xinhua

%d bloggers like this: