Xiaomi Mi 9 ကို ဥရောပမှာ ရောင်းပြီ

ရှောင်မီက Mi9 ကို ဥရောပမှာ ရောင်းချပေးလိုက်ပါတယ်။ စပိန်၊ အီတလီနဲ့ ပြင်သစ်တို့မှာ 6/64GB ကို ယူရို ၄၅၀ နဲ့ 128GB ကို ယူရို ၄၉၉ ဖြင့် ေ ရာင်းချပေးလိုက်ပါတယ်။ ဈေးနှုန်းကတော့ ပြိုင်ဖက်များထက် ချိုသာပါတယ်။

သူ့ရဲ့ Specs များကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ Mi 9 ဟာ Xiaomi ရဲ့ ပထမဆုံး ကင်မရာသုံးလုံးတွဲဖုန်းဖြစ်ပြီး၊ လက်ရှိ စမတ်ဖုန်းတွေထဲမှာ အမြန်ဆုံး ကြိုးမဲ့အားသွင်းစနစ် ပါဝင်တဲ့ ဖုန်းတလုံး ဖြစ်ပါတယ်။

Mi 9 ရဲ့ အဓိကဆွဲဆောင်မယ့် အချက်ကတော့ 48MP ကျောကင်မရာ ဆန်ဆာပါ။ Quad Bayer filer နဲ့ Sony IMX586 sensor ကို အသုံးပြုထားပါတယ်။ Redmi Note 7 က 48MP sensor ကတော့ Samsung ဟာပါ။ Wide angle ရိုက်ဖို့အတွက် 16MP ultra-wide camera ပါဝင်ပြီး၊ ၁၁၇ ဒီဂရီအထိ မြင်ကွင်းကျယ် ရိုက်ကူးနိုင်ပါတယ်။ Autofocus ပါတဲ့ f/2.2 lens နဲ့ ၄ စင်တီမီတာအကွာကနေ macros ပုံတွေလည်း ရိုက်နိုင်မှာပါ။

Mi 9 စခရင်က ၆.၃၉ လက်မအရွယ်အစားထိရှိပြီး၊ FHD+ အရည်အသွေးရှိ Super AMOLED Display ဖြစ်ပါတယ်။ စခရင်နဲ့ ကိုယ်ထည်အရွယ်အစား ၉၀.၇ ရာခိုင်နှုန်းအထိ ရှိတယ်လို့ Xiaomi က ဆိုထားပါတယ်။ Vivo V15 Pro မှာတော့ Selfie ကင်မရာကို မော်တာတပ် Pop-up ကင်မရာ လုပ်လိုက်ပေမယ့်၊ Mi 9 မှာတော့ Display အပေါ်က ရေစက်ပုံ Notch မှာပဲ 20MP (f/2.0, 0.9 µm) camera တလုံးကို ထည့်သွင်းထားပါတယ်။ AI နည်းပညာသုံး Face Unlock စနစ်လည်း ပါဝင်လာမှာပါ။ တချို့ Region တွေမှာပဲ ပါမယ်လို့ ဆိုထားပေမယ့် တော်တော်များများမှာ ပါမယ်လို့ ထင်ပါတယ်။ ဒါ့အပြင် Ultra-wide camera နဲ့ ရိုက်တဲ့အခါမှာလည်း Distortion တွေ မဖြစ်အောင်လို့ AI ကို သုံးပေးထားပါတယ်။ AI စနစ်က ပုံကောင်းကောင်းရမယ့်အခါမျိုးမှာ ကင်မရာဆန်ဆာ ပြောင်းရိုက်ဖို့ အလိုလို အကြံပေးသွားမှာပါ။

Face Unlock အပြင် In-display Fingerprint reader ကိုလည်း Mi 9 ဖုန်းမှာ တွေ့မြင်ရပါလိမ့်မယ်။ NFC, dual-frequency GPS နဲ့ ရီမုတ်လို သုံးနိုင်မယ့် IR Blaster တို့လည်း ထုံးစံအတိုင်း ပါဝင်ပါတယ်။

Mi 9 ဖုန်း Display ကို နောက်ဆုံးပေါ် Gorilla Glass 6 အုပ်ပေးထားတဲ့အတွက် ခဏ၊ခဏ လွတ်ကျတတ်သူတွေ အနည်းငယ် စိတ်အေးစရာပါ။ ကျောမှန်ကွဲတာတွေလည်း မဖြစ်စေဖို့အတွက် ကျောမှန်ကိုလည်း Gorilla Glass 5 အထိ သုံးပေးထားပါတယ်။ ဒါတင်မက Lens ကာဗာကလည်း နီလာမှန် (Sapphire Glass) နဲ့ပါ။ အကာအကွယ်မရှိတာဆိုလို့ ရေစိုမခံတာပဲ ရှိပါမယ်။

Mi 9 ရဲ့ အဓိကတိုးတက်မှုကတော့ အားအမြန်သွင်းစနစ်လို့ ဆိုနိုင်ပါတယ်။ USB-C သုံး 27W အားအမြန်သွင်းစနစ်ပါဝင်ပြီး၊ Charge Turbo လို့ နာမည်ပေးထားပါတယ်။ ဒါပေမယ့် ဖုန်းဘူးထဲ ပါလာမှာက Mi 8 အတိုင်း 18W Charger လို့ သိရပါတယ်။ ဒီတော့ အပြည့်အဝသုံးချင်ရင် ထပ်ဝယ်ရမယ့် သဘောပါ။

Mi 9 ရဲ့ 20W ကြိုးမဲ့အားသွင်းစနစ်ဟာ လက်ရှိမှာ အမြန်ဆုံးဖြစ်ပါတယ်။ ဘက်ထရီကတော့ 3,300mAh ဖြစ်ပါတယ်။ Chipset အနေနဲ့ Snapdragon 855 သုံးထားပြီး၊ 6GB နဲ့ 8GB RAM ပါဝင်ကာ 64GB Storage နဲ့ 128GB Storage ရွေးချယ်နိုင်ပါတယ်။ CPU နဲ့ GPU လုပ်ဆောင်မှုကို ချိန်ညှိပေးမယ့် Game Turbo စနစ်လည်း တွေ့ရဦးမှာပါ။

Xiaomi Mi 9 ကို ဥရောပမှာ ရောင်းပြီ

%d bloggers like this: