AI သုံးပြီး နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနေတဲ့ Google

နည်းပညာ ဘီလူးကြီး Google က ဉာဏ်ရည်တု နည်းပညာကို ကဏ္ဍပေါင်းစုံမှာ အသုံးချဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီ အသစ်ဖန်တီးထားတနဲ့ AI Program က လူတွေရဲ့ မျက်လုံးမှ အဓိက အကြောင်းအရာများကို ရှာဖွေခြင်းဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ လူသား ဆရာဝန်များတောင် ပရိုဂရမ်လို မျက်လုံးကို လေ့လာခြင်းဖြင့် နှလုံးဖောက်မှုကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိပါဘူး။

နှလုံးရောဂါဟာ အသက်အရွယ်၊ လိင်တို့လို အရာများနဲ့ ဆေးလိပ်သောက်ခြင်း၊ သွေးဖိအားနဲ့ အတိတ်မှ နှလုံးရောဂါ အခြေအနေများလို ခန့်မှန်းရခက်တဲ့ အရာများကို ထည့်သွင်းစဉ်းစားရတဲ့အတွက် မလွယ်ကူပါဘူး။ သွေးကြောလို မျက်လုံးမှ ဒေတာများဟာ အလွန်လေ့ကျင့်ပေးထားတဲ့ မျက်လုံးများအတွက်တော့ နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ ဉာဏ်ရည်တု နည်းပညာကို အဲဒီလို လေ့ကျင့်သင်ကြားပေးနိုင်ပါတယ်။

ဂူဂယ်လ်ရဲ့ ဉာဏ် ရည်တု နည်းပညာကို လူနာပေါင်း ၁၂၀၂၆ ယောက်ရဲ့ မျက်လုံးဒေတာများဖြင့် လေ့ကျင့်သင်ကြားပေးထားပါတယ်။ အဲဒီ မျက်လုံး ဒေတာများနဲ့ တိုက်ဆိုင်စစ်ဆေး၍ ဉာဏ်ရည်တု ပရိုဂရ မ်က နှလုံးရောဂါများကို ကြိုတင်ခန့်မှန်းပေးခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ တိကျမှုဟာ ၇၀ ကနေ ၉၇ ရာခိုင်နှုန်းအတွင်းမှာ ရှိတယ်လို့ သိရပါတယ်။

ဒါဟာ ဉာဏ်ရည်တု နည်းပညာရဲ့ အသုံးဝင်မှုတစ်ခု ဖြစ်ပါတယ်။ ဒီနည်းပညာကို အခြား နယ်ပယ်များစွာမှာလည်း အသုံးချနေကြပါတယ်။ ဉာဏ်ရည်တု နည်းပညာပါတဲ့ စမတ်ဖုန်းများတောင်ပေါ်ထွက်နေပြီ ဖြစ်ပါတယ်။

Ref : androidheadlines

AI သုံးပြီး နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနေတဲ့ Google

%d bloggers like this: