Xiaomi Black Shark 2 ရဲ့ Hands-on Photo ထွက်ပေါ်လာ

Xiaomi ရဲ့ နောက်မျိုးဆက် Gaming Phone ဖြစ်တဲ့ Black Shark 2 ကိုလာမယ့် ၁ လ သို့မဟုတ် ၂ လမှာ ကြေညာမှာဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ Hands-on Photo တစ်ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ အနောက်ဘက်ကာဗာမှာ အစိမ်းရောင်လိုင်းများကို မြင်ရပါတယ်။ ကင်မရာ ၂ လုံးကို ဘယ်ဘက်အပေါ်ထောင့်မှာ တပ်ဆင်ထားပါတယ်။

Mi 9 မှာ စတင် မိတ်ဆက်ခဲ့တဲ့ 27W Fast-Charging ကို Black Shark 2 မှာထည့်သွင်းပေးထားနိုင်ပါတယ်။ သူ့မှာ Snapdragon 855 , 8GB or 12GB RAM, Android Pie များ ထည့်သွင်းထားမှာ သေချာပါတယ်။ ယခင်ကလည်း TENAA ကနေ သူ့ရဲ့ သတင်းအချက်အလက်များကို သိခဲ့ရပါတယ်။ လက်ရှိမှာ သူ့ရဲ့ အရွယ်အစား ၊ မျက်နှာပြင် အရွယ်အစား၊ ဘက်ထရီ ပမာဏများလို သတင်းအချက်အလက် အနည်းငယ်ကိုသာ သိရပါသေးတယ်။ သူဟာ ပထမမျိုးဆက်နဲ့ ဒီဇိုင်းအပိုင်းမှာ တူညီပါတယ်။ အနောက်ဘက်မှာ Pattern များ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံးကို ဒေါင်လိုက် ပြင်ဆင် ထည့်သွင်းထားသလို လက်ဗွေရာ အာရုံခံ ကိရိယာလည်း ပါပါတယ်။ Shark Key ကိုလည်း မူလ နေရာမှာ ထည့်သွင်းထားပါတယ်။

Black Shark 2 မှာ မူလမော်ဒယ်လိုပဲ ၅.၉၉ လက်မ မျက်နှာပြင် ထည့်သွင်းထားမယ်လို့ TENAA မှာ ဖော်ပြထားပါတယ်။ ဘက်ထရီက 4000mAh ဖြစ်ပါတယ်။ ဒါပေမယ့် အရွယ်အစားက ပိုရှည်သွားပြီး ပိုထူလာပါတယ်။ သူဟာ မူလ Black Shark ရဲ့ မျိုးဆက်သစ် မဟုတ်ဘဲ တန်ဖိုးနည်း မော်ဒယ်လည်း ဖြစ်နိုင်ပါတယ်။ TENAA ရဲ့ စာရင်းဟာ မပြည့်စုံသေးပါဘူး။ ပြည့်စုံတဲ့ အချိန်ကျရင်တော့ သူ့ရဲ့ သတင်းအချက်အလက်များကို ပိုမို သိလာရမှာ ဖြစ်ပါတယ်။

Ref : gsmarena

Xiaomi Black Shark 2 ရဲ့ Hands-on Photo ထွက်ပေါ်လာ

%d bloggers like this: