Xiaomi Mi 8 SE မှာ Super Night Scene Mode ရပြီ

Xiaomi က Mi 8 SE အတွက် Super Night Scene Mode ကို ထည့်သွင်းပေးမယ်လို့ ယခင်က သတင်းပေးထားပါတယ်။ အခုတော့ MIUI V10.2.3.0.PEBCNXM Update ဖြင့် ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။

Super Night Scene Mode ဟာ Google Pixel Device များမှ Night Sight နဲ့ တူပါတယ်။ အလင်းရောင် နည်းပါးတဲ့အချိန်များမှာ ဓါတ်ပုံများစွာကို တစ်ပြိုင်နက် ရိုက်ကူးပြီး အကောင်းဆုံး တစ်ပုံကို ဖန်တီးပေးတာ ဖြစ်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကို Mi Mix 3 မှာ စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး အခုတော့ Mi 8 , Mi 8 Pro , Mi 8 Explorer Edition , Redmi Note 7 , Mi Mix 2S များမှာပါ အသုံးပြုနိုင်ပါပြီ။

Mi 8 SE ရဲ့ Specs များကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Dimension —-> 147.3x 73.1x 7.5mm (146g)
Display —-> 5.88 inch Full HD+ (2244x 1080) AMOLED display
အနောက်ကင်မရာ —-> 12MP (1.4μm, f/1.9 aperture, Dual pixel autofocus)
+5MP (f/2.0 aperture, 1.12μm) Video (4K video @ 60fps)
အရှေ့ကင်မရာ —-> 20MP (2.0 μm, f/2.0 aperture)
ဘက္ထရီ —-> 3120 mAh, Qualcomm Quick Charge 3.0, USB Type-C
CPU —-> Octa-core Qualcomm Snapdragon 710( 2x 2.2GHz Kryo 360 Gold+ 6x 1.8GHz Kryo 360 Silver cores)
GPU —-> Adreno 616
Software —-> Android 8.1 Oreo with MIUI 10

Ref : gizmochina

Xiaomi Mi 8 SE မှာ Super Night Scene Mode ရပြီ

%d bloggers like this: