OnePlus ရဲ့ စီအီးအို ဖြစ်သူ Pete Lau က CNET နဲ့ အင်တာဗျူးတစ်ခုမှာ နောက်ထုတ်မယ့် OnePlus Phone မှာ ကြိုးမဲ့ အားသွင်း နည်းပညာပါမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ကုမ္ပဏီဟာ ဈေးသက်သာတဲ့ စွမ်းရည်မြင့် စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချရာမှာ နာမည်ကြီးပါတယ်။ ဒါပေမယ့်လည်း ဈေးသက်သာအောင် ပြုလုပ်ဖို့အတွက် လုပ်ဆောင်ချက် အချို့ကို လျှော့ချထားပါတယ်။ အဲဒီအထဲမှာ ကြိုးမဲ့ အားသွင်း နည်းပညာ ပါပါတယ်။
OnePlus က အနာဂတ်ထုတ် ဖုန်းများမှာ ကြိုုးမဲ့ အားသွင်း စနစ်ကို ဘယ်တော့မှ မထည့်သွင်းပေးဘူးလို့ မဆိုလိုပါဘူး။ ကုမ္ပဏီရဲ့ Warp Charge ( ယခင်က Dash Charge) လို့ခေါ်တဲ့ ကြိုးနဲ့ အားသွင်း စနစ်ဟာ အကောင်းဆုံးထဲက တစ်ခု ဖြစ်ပါတယ်။ Lau က လက်ရှိ ကြိုးုမဲ့ အားသွင်း စနစ်များဟာ အလွန်နှေးသေးတယ်လို့ ပြောပါတယ်။ Dash Charge က နာရီဝက်အတွင်းမှာ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်တယ်လို့ သူက နှိုင်းယှဉ်ပြပါတယ်။
OnePlus ဟာ ကြိုးမဲ့ အားသွင်း နည်းပညာကို လျှင်မြန်စေဖို့ ကြိုးစားနေပါတယ်။ လက်ရှိ စိန်ခေါ်မှုက အပူ မလွန်ကဲစေဘဲ လျှင်မြန်စွာ အားသွင်းနိုင်အောင် ပြုလုပ်ဖို့ ဖြစ်ပါတယ်။ အနာဂတ်မှာ OnePlus Device များမှာ Qualcomm Quick Charge ကို အသုံးပြုမလား ဆိုတဲ့ မေးခွန်းကိုတော့ စီအီးအိုက မဖြေသွားပါဘူး။
Ref : gsmarena
OnePlus 7 မှာ ကြိုးမဲ့ အားသွင်း စနစ် မပါဘူးလို့ ကုမ္ပဏီ အတည်ပြု