သင့် ဖုန်းမှ ဓါတ်ပုံများကို ရှင်းလင်းပြီး Google Photos မှာ Back Up လုပ်နိုင်မယ့် နည်းလမ်း

အချိန်ကြာလာတာနဲ့ အမျှ သင့်ဖုန်းမှာ ဓါတ်ပုံနဲ့ ဗီဒီယိုများကြောင့်နေရာလွတ်များ နည်းပါးသွားမှာပါ။ အဲဒီအတွက် Google Photos က ကူညီနိုင်ပါတယ်။ သူ့မှာ အကန့်အသတ် မရှိ ဓါတ်ပုံများကို Cloud မှာ သိမ်းနိုင်ပါတယ်။ iOS နဲ့ Android ၂ ခုလုံးအတွက် ပြုလုပ်ပေးထားပါတယ်။ သင့် ဖုန်းမှ ဓါတ်ပုံများကို Cloud မှာ သိမ်းပေးပြီး ဖုန်းကနေ ရှင်းလင်းပေးတဲ့ လုပ်ဆောင်ချက် ပါပါတယ်။ တစ်ခုမှတ်ထားရမှာက Google Photos က သင့် ဓါတ်ပုံများကို အနည်းငယ် ချုံ့ပြီး သိမ်းပေးတာ ဖြစ်တဲ့ အတွက် ပုံအရည်အသွေး အနည်းငယ် ကျဆင်းပါတယ်။ မပြောပလောက်တဲ့ အနေအထားပါ။

Android

Android မှာ Google Photos App ကို အင်စတောလုပ်ပြီး သင့် ဂူဂယ် အကောင့်နဲ့ ဝင်ထားပါ။

Back Up လုပ်ဖို့
• Google Photos App ရဲ့ Settings ထဲသွားပါ။
• Back Up & Sync ထဲသွားပြီး On ပေးပါ။
• ကင်မရာ ဖိုဒါ သာမက အခြား ဖိုဒါများကနေပါ သိမ်းချင်ရင် Back Up Device Folders ထဲသွားပြီး ဖိုဒါများကို ရွေးချယ်ပေးပါ။
သင့် ဓါတ်ပုံများကို သိမ်းပြီးရင်တော့ ဖုန်းမှာ ရှင်းလင်းနိုင်ပါပြီ။

Storage ကို ရှင်းလင်းဖို့
• Google Photos App ထဲသွားပြီး Side Menu မှ Free Up Device Space ကို နှိပ်ပါ။
• Free Up Button ကို နှိပ်ပါ။
ဖျက်လိုက်တဲ့ ပုံတွေကို Cloud မှာ သိမ်းပေးထားမှာပါ။

iOS

iOS အတွက် Google Photos App ကို အင်စတောလုပ်ပြီး သင့် ဂူဂယ် အကောင့်နဲ့ ဝင်ထားပါ။

Back Up လုပ်ဖို့

• Google Photos App ကို ဖွင့်ပြီး Settings ထဲသွားပါ။
• Back Up & Sync ထဲသွားပြီး On ပေးပါ။

သင့် ဓါတ်ပုံများကို သိမ်းပြီးရင်တော့ ဖုန်းမှာ ရှင်းလင်းနိုင်ပါပြီ။

Storage ကို ရှင်းလင်းဖို့
• Google Photos App ထဲသွားပြီး Side Menu မှ Free Up Device Space ကို နှိပ်ပါ။
• Delete Button ကို နှိပ်ပါ။

ဖျက်လိုက်တဲ့ ပုံတွေကို Cloud မှာ သိမ်းပေးထားမှာပါ။

Ref : tnw

%d bloggers like this: