ကမ္ဘာ့ပထမဆုံး 1TB microSD ကတ်တွေကို SanDisk နှင့် Micron တို့ ပြသ

စမတ်ဖုန်းတွေအနေနဲ့ လက်ပ်တော့တလုံးလောက် Storage များတဲ့ နေ့တွေ ရောက်ရှိလို့ လာပြီ။ စမတ်ဖုန်းတွေထဲမှာ 1TB Storage တွေ တပါတည်း ပါရှိလာပြီ ဖြစ်သလို၊ အခုဆို 1TB အထိ ဆံ့တဲ့ microSD ကတ်တွေလည်း ပေါ်ထွက်လို့ လာပါပြီ။

လက်ရှိ ဘာစီလိုနာ နိုင်ငံမှာ ကျင်းပပြုလုပ်လျက်ရှိတဲ့ MWC ပွဲမှာ SanDisk နဲ့ Micro ကုမ္ပဏီတွေက ကမ္ဘာ့ပထမဆုံး 1TB microSD ကတ်တွေကို စတင် မိတ်ဆက်လိုက်ပါတယ်။ Micro က သူ့ microSD ကတ်ဟာ ကမ္ဘာ့ပထမဆုံး ဈေးကွက်ဝင် ရောင်းချတဲ့ 1TB microSD ကတ် ဖြစ်ပြီး၊ SanDisk ကတော့ ကမ္ဘာ့အမြန်ဆုံး microSD ကတ် ဖြစ်တယ်လို့ ဂုဏ်ယူစွာ မိတ်ဆက်ခဲ့တာပါ။

SanDisk ရဲ့ Extreme UHS-1 microSD ကတ်ဟာ Read speed 160 MB/s အထိ ရှိပြီး၊ Micro ရဲ့ microSDXC UHS-1 ကတ်ကတော့ 100MB/s ရှိပါတယ်။ ဒါပေမယ့် Write Speed မှာတော့ SanDisk ရဲ့ ကတ်က 90 MB/s ရှိပြီး၊ Micro ကတ်ကတော့ 95 MB/s ရှိပါတယ်။

SanDisk 1TB microSD ကတ်ကို ဧပြီလမှာ ၄၄၉ ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး၊ Micro ကတ်ကတော့ ဈေးနှုန်း မသိရသေးပါဘူး။ လက်ရှိ ထွက်ရှိပြီးသား စမတ်ဖုန်းမော်ဒယ်အချို့မှာ microSD ကတ် 1TB အထိ စိုက်နိုင်စွမ်း ပါဝင်ပြီးသား ဖြစ်တာကြောင့် Storage လိုအပ်သူတွေအနေနဲ့ မိမိဖုန်းမော်ဒယ်ရဲ့ Specifications ကို စစ်ဆေးကာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Ref: GSM Arena

ကမ္ဘာ့ပထမဆုံး 1TB microSD ကတ်တွေကို SanDisk နှင့် Micron တို့ ပြသ

%d bloggers like this: